Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာကို ထိပါးသည့်အပြင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေ၍ တီမောသံရုံးတာဝန်ခံကို နှင်ထုတ်ခြင်းဖြစ်ဟု နစကတုံ့ပြန်

မျိုးကြီး (NSS) - သြဂုတ် ၂၇

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာကို ထိပါးသည့်အပြင် ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်နေ၍ တီမောလက်စ်တေနိုင်ငံ သံရုံးယာယီတာဝန်ခံကို နှင်ထုတ်ခြင်းဖြစ်ကြောင်း နစကဘက်က တုံ့ပြန်လိုက်သည်။


မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira အနေဖြင့် နိုင်ငံအတွင်းမှ လာမည့် စက်တင်ဘာလ ၁ ရက်မတိုင်မီ အပြီးထွက်ခွာသွားရန် အကြောင်း ကြားထားကြောင်း သိရသည်။

“တီမောနိုင်ငံအနေနဲ့ကတော့ အာဆီယံမှာလည်း မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်လေ့ရှိတယ်။ မဟုတ်မမှန်စွပ်စွဲမှုတွေ အမြဲတမ်းလုပ်နေတဲ့ နိုင်ငံဖြစ်တယ်။ နိုင်ငံတစ်ခုမှာ အချုပ်အခြာအာ ဏာရယ်၊ ဂုဏ်သိက္ခာရယ်ရှိတယ်။ ဒီအချုပ်အခြာအာဏာရယ်၊ ဂုဏ်သိက္ခာရယ်ကို ထိပါးတဲ့အပိုင်းတွေရှိတယ်။ ပြီးရင် ပြည်တွင်းရေးမှာ ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်တဲ့ဟာတွေ ရှိတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီးလည်း ဘာမှသိနားလည်းတဲ့ နိုင်ငံမဟုတ်ဘဲနဲ့ ဆောင်ရွက်နေတာဖြစ်တယ်။ ဒါတွေကြောင့်မိုလို့ သံရုံးယာယီတာဝန်ခံကို နိုင်ငံတကာသံတမန်ဆက်ဆံရေးလုပ်ထုံးတွေအရ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက NSS ကို ပြောသည်။

တီမောလက်စ်တေနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အဆက်အသွယ်မရှိကြောင်းနှင့် နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူများကို တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် စော်ကားနေသည့် နိုင်ငံသာဖြစ်၍ တူညီသည့်တုံ့ပြန်မှုမျိုး ပြန်ပေးခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံပြောသည်။

“နိုင်ငံတကာသံတမန်ဆက်ဆံရေးတွေမှာ ခင်ဗျားတို့လည်း ကြားဖူးနေတာပဲ။ တစ်ချို့နိုင်ငံတွေဆိုရင် နေ့ချင်းပြီး ထွက်ခွာရမယ်လို့ ပြောနေတာပဲ။ ကျွန်တော်တို့ ပေးထားတဲ့အချိန်က လုံလောက်တဲ့အချိန်မျိုး ဖြစ်တယ်။ လုံလောက်တဲ့အချိန် မဟုတ်သည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ ဘာမှစိတ်ပူစရာမလိုဘူး။ မြန်မာနိုင်ငံ ပြည်သူလူထုကိုရော၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကိုရော စော်ကားနေတဲ့ နိုင်ငံမျိုးကို၊ စော်ကားနေတဲ့ သံတမန်မျိုးကိုတော့ ကျွန်တော်တို့က ထိုက်သင့်တဲ့အရေးယူမှုမျိုး၊ ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုး ဆောင်ရွက်ရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု နစကပြောခွင့်ရက ပြောသည်။

ထို့ပြင် နိုင်ငံတကာသံတမန်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ထိပါးလာပါက အခြားမည်သည့်နိုင်ငံမဆို သံတမန်ရေးအရ လိုအပ်သည့် တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟုလည်း နစကဘက်က အသိပေးထားသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်တွင် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira အား နေပြည်တော်သို့ ဖိတ်ခေါ်ကာ တီမောလက်စ်တေသမ္မတနှင့် NUG ကိုယ်စားလှယ်များ တွေ့ဆုံမှုအပေါ် ကန့်ကွက်ကြောင်း သတိပေးခဲ့ဖူးသည်။

“NUG က အဖွဲ့ဝင်တွေကို တီမောလက်စ်တေမှာ လက်ခံတယ်။ မြန်မာနိုင်ငံနဲ့ တရားဝင်သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုက အဲဒါမျိုး မလုပ်သင့်၊ မလုပ်အပ်တဲ့ဟာကို လုပ်တယ်ပေါ့။ သံတမန်ကျင့်ထုံးတွေအရ၊ သံတမန်စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် တရားဝင်သံရုံးတွေ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံအတွင်းမှာ လာရောက်ပြီးတော့ တရားဝင်သံရုံးအဆက်အဆံရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ အဆိုပါလုပ်ရပ်မျိုးကို မလုပ်သင့် မလုပ်အပ်ဘူး။ မလုပ်သင့်၊ မလုပ်အပ်တဲ့ လုပ်ရပ်မျိုးကို လုပ်တဲ့အတွက် နှင်ထုတ်တာပေါ့။ အလား တူ တခြားသော နိုင်ငံတွေလည်း ရှိကောင်းရှိလိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။

နစကအနေဖြင့် ယခုကဲ့သို့ တီမောလက်စ်တေ့သံရုံးယာယီတာဝန်ခံကို နှင်ထုတ်ခြင်းသည် သံတမန်ရေးရာ၌ အမြင့်ဆုံးအဆင့် တုံ့ပြန်ခြင်းမျိုး မဟုတ်သေးကြောင်း သိရသည်။

“ဒါက အမြင့်ဆုံးအဆင့်တော့ မဟုတ်ဘူး။ အမြင့်ဆုံးက နှင်ထုတ်ပြီးတော့ သံရုံးပိတ်တဲ့ အဆင့်ရှိသေးတယ်။ သံတမန် ဆက်ဆံမှု ရပ်ဆိုင်းပြီးတော့ သံရုံးပိတ်တဲ့အဆင့် ရှိသေးတယ်” ဟု ဦးကြည်မောင်ဦးက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံနှင့် တီမောလက်စ်တေ့နိုင်ငံတို့သည် ပြီးခဲ့သော ၂၀၀၆ ခုနှစ်တွင် သံတမန်ဆက်ဆံမှု ထူထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်း U-12 အသင်း ဂျပန်ဆာဂန်တိုဆူအသင်းကို ရှုံးနိမ့်

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved