Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိပ်စက်ချိန်နဲ့ ဆော့ကစားရတဲ့ Pokemon sleep game app ဒေါင်းလုဒ်လုပ်သူများပြားနေ

ရောင်နီ (NSS)  - ဩဂုတ် ၂၇

         Pokemon Go ဟာ ပြီးခဲ့တဲ့ ကိုရိုနာ မတိုင်ခင်နှစ်တွေက လူတွေကို အိမ်ထဲမှ အိမ်ပြင်ထွက်ဖို့ ဆွဲဆောင်နိုင်ခဲ့ပြီး ဒေါ်လာဘီလျံနဲ့ချီ အမြတ်ငွေရရှိခဲ့ပါတယ်။  အခုအခါမှာတော့ ၎င်းတို့က လူတွေကို အိမ်ပြင်ထွက်စေခြင်းမဟုတ်ဘဲ အိပ်ချိန်ပုံမှန်ဖြစ်စေဖို့ ရည်ရွယ်တဲ့ Pokemon sleep အက်ပ်ကို ဖန်တီးလာခဲ့ပါတယ်။ 

        Pokemon Sleep ဟာ အသုံးပြုသူရဲ့ အိပ်ချိန်များစွာကို ဖမ်းစားမယ့် Pokemon တွေနဲ့ အိပ်စက်ချိန်တွေကို မှတ်တမ်းတင်ပြီး ဆုပေးတဲ့ feature ထည့်သွင်းထားပါတယ်။ ဂျပန်ဂိမ်းစတူဒီယို Select Button မှတီထွင်ပြီး Pokemon ကုမ္ပဏီမှထုတ်တဲ့ Pokemon Sleep ဟာ ဇူလိုင်လ ၁၆ ရက်မှ စတင်ကာ ရက်သတ္တပတ်အတွင်း ဒေါင်းလုဒ်အများဆုံး ဂိမ်းဖြစ်ခဲ့တာကို မိုဘိုင်းဒေတာခွဲခြမ်းစိတ်ဖြာမှု ကုမ္ပဏီ data.ai ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂိမ်းအတွင်း ပစ္စည်းအချို့ အခမဲ့ပေးထားပြီး သောကြာနေ့ (သြဂုတ်လ ၂၅ ရက်) မှာတော့ ဒေါင်းလုဒ်လုပ်သူ(၁၀)သန်းအထိ ရရှိတဲ့ ဂိမ်းဖြစ်လာခဲ့ပါတယ်။ 

အသုံးပြုသူတွေဟာ ၎င်းတို့ စမတ်ဖုန်းတွေကို ဦးခေါင်းနဲ့ နီးနီးကပ်ကပ်ထား အိပ်ကာ ကစားကြရတာ ဖြစ်ပြီး အိပ်စက်မှုအရည်အသွေးကို ခန့်မှန်းဖို့ ဖုန်းတွေရဲ့ အာရုံခံ ကိရိယာတွေက ဖမ်းမိတဲ့ တုန်ခါမှုတွေကို ခြေရာခံပြီး အနိုင်ရတဲ့ ဂိမ်းဖြစ်ပါတယ်။ အိပ်စက်မှု ကောင်းမွန်လေ၊ ဂိမ်းအကောင်လေးတွေ များများစုနိုင်လေ ဖြစ်ပါတယ်။ ပိုကီမွန်နဲ့ မိတ်ဖွဲ့ဖို့အတွက် အက်ပ်အတွင်း ပစ္စည်းတွေကို ဝယ်ယူခြင်း သို့မဟုတ် ဘောနပ်စ်အိပ်စက်မှုအမှတ်တွေ ပါရှိတဲ့ ပရီမီယံစာရင်းသွင်းမှုရှိပြီး အဲဒါကို အသုံးပြုကာ ဂိမ်းအကောင် စုဆောင်းမှုတွေကို အရှိန်မြှင့်နိုင်ပါတယ်။

 "အရင်က မရှိဖူးတဲ့ အိပ်ရာဝင်ချိန်တွေမှာတောင် အိပ်ဖို့ တကယ်ကြိုးစားခဲ့တယ်”လို့ တိုကျိုမြို့ အပြင်ဘက်ရှိ အသက် ၂၃ နှစ်အရွယ်ရှိ Pokémon Sleep ကို လေးပတ်ကျော် အသုံးပြုခဲ့တဲ့ မစ္စတာ တိုမိုကီတိုမာက ပြောကြားခဲ့ပါတယ်။ Pokemon Sleep ဟာ Calm၊ BetterSleep နဲ့ Sleep Cycle လို ကျန်းမာရေးကို ဦးတည်တဲ့ အက်ပ်တွေထဲ တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါတယ်။ Nintendo၊ Creatures နဲ့ Game Freak ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Pokemon က အဆိုပါ ဂိမ်းကို  အစိတ်အပိုင်းတွေ ထည့်သွင်းဖို့ လေးနှစ်ကျော်ကြာအောင် မတူညီတဲ့ ဒီဇိုင်းတွေ စမ်းသုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကစားသူ အိပ်ပျော်နေစဉ် ရလဒ်ကို ဆုံးဖြတ်တဲ့ ဂိမ်းဖြစ်တာကြောင့် သုံးစွဲသူတွေ ပျင်းလာပြီး စိတ်ဝင်စားမှု လျော့နည်းလာနိုင်တယ်လို့ ဂိမ်းကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

     Pokemon က ၎င်းရဲ့ နောက်ဆုံးပေါ်ဂိမ်းကို အနာဂတ်မှာ နောက်ထပ်စက်ပစ္စည်းများတွေနဲ့ ချိတ်ဆက်ဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ ကုမ္ပဏီရဲ့ Pokemon Sleep ထုတ်လုပ်သူ ကာနာမီကိုဆုဂီ က ပြောကြားခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အထည်ချုပ်လုပ်ငန်းရှင်များ နှင့် အလုပ်သမားများအတွက် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အခြေအနေတိုးတက်ကောင်းမွန်စေ‌ရေး ဆက်လက်လုပ်ဆောင်မည်ဟု MGMA ကတိပြု

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved