Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၀က်ဂ်နာကြေးစားတပ် ခေါင်းဆောင်အား လုပ်ကြံသတ်ဖြတ်ဟု ပြောဆိုမှုများကို မိုးလုံးပြည့်မုသာဝါဒများအဖြစ် ကရင်မလင် သမုတ်

Htay Oung (NSS) - ဩဂုတ် ၂၆

၀က်ဂ်နာကြေးစားစစ်တပ်ခေါင်းဆောင် သေဆုံးကြောင်း အတိအကျအတည်ပြုရန် ငြင်းဆိုပြီး စစ်ဆေးမှုရလဒ်များကို စောင့်ကြည့်ရန်ပြောဆိုနေတဲ့ ရုရှားအစိုးရဟာ မော်စကို ဘက်တော်သား ယက်ဂါနီပရီဂိုဇင်ဟာ အမိန့်အရ အသတ်ခံရခြင်းဖြစ်တယ်လို့ အနောက်အုပ်စုနဲ့ ပြောဆိုချက်အားလုံးကို “ မိုးလုံးပြည့် မုသာဝါဒ“ အဖြစ် သမုတ်လိုက်တယ်လို့ Reuters က ယနေ့ (ဩဂုတ်လ ၂၆ ရက်)ရေးသားပါတယ်။


ဗုဒ္ဓဟူးနေ့ညနေပိုင်း ရုရှားနိုင်ငံ မော်စကိုမြို့ အနောက်မြောက်ဘက်မှာ ပရီဂိုဇင် လိုက်ပါသွားတဲ့ လေယာဉ်ပျက်ကျခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း သက်ဆိုင်ရာ လေကြောင်းအာဏာပိုင်များက ပြောခဲ့ပြီးဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ရသူများရဲ့ မိသားစုများထံ ရုရှားသမ္မတက ထပ်တူ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို ကြာသပတေးနေ့မှာပေးပို့ပြီး ကြေးစားတပ်မှူးရဲ့ အတိတ်ကာလ အကြောင်းကို ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။ ပရီဂိုဇင်ဟာ ရုရှားစစ်တပ်အကြီးအကဲများအပေါ် မအောင်မြင်တဲ့ ပုန်ကန်မှုမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ နှစ်လတိတိအကြာမှာ ယခုလုပ်ရပ်နဲ့ ၀က်ဂနာကြေးစားတပ်အကြီးအကဲနဲ့ပတ်သက်ပြီး ယခင်နှုတ်ဆိတ်နေမှုများကို ဗလာဒီမာပူတင်က ဖြိုခွင်းလိုက်ပါတယ်။

ပရီဂိုဇင်နဲ့ သူရဲ့ကြေးစားအုပ်စု ထိပ်တန်းလုပ်ဖော်ကိုင်ဖက်များအားလုံး လေယာဉ်ပျက်ကျသေဆုံးကြောင်း ကနဦးအချက်အလက်များကို ပူတင်က ကိုးကားပြီး ၀က်ဂ်နာခေါင်းဆောင်အကြောင်း ချီးကျူးပြောဆိုစဉ် ပရီဂိုဇင်အနေနဲ့ ဆိုးရွားတဲ့ အမှာအယွင်းအချို့ကိုလည်း ပြုလုပ်ခဲ့တယ်လို့ ပူတင်က ဆိုပါတယ်။

ရုရှားစစ်တပ်ခေါင်းဆောင်ပိုင်းအပေါ် ဆန့်ကျင်တဲ့ ဇွန်လ ၂၃-၂၄ ရက်၊ ပုန်ကန်မှုဟာ ၁၉၉၉ ခုနှစ် အာဏာရလာချိန်မှစပြီး ပူတင်အပေါ် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် အနောက်အုပ်စု နိုင်ငံရေးနဲ့ ဝေဖန်ရေးသမားတို့က သတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြစ်ပေးတဲ့အနေနဲ့ ပရီဂိုဇင်ကု အပြတ်ရှင်းပစ်ဖို့ ပူတင်က အမိန့်ပေးခဲ့တယ်လို့ အထောက်အထား ပြသနိုင်ခြင်းမရှိပဲ ရည်ညွှန်းပြောဆိုနေကြပါတယ်။

အဲဒီ စွပ်စွဲချက်တွေနဲ့ အလားတူ အခြားပြောဆိုချက်တွေအားလုံးဟာ မှားယွင်းတယ်လို့ ကရင်မလင်ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်ရ်ှကော့ဗ်က မှတ်ချက်ပေးပါတယ်။

လေယာဉ်ပျက်ကျပုံအကြောင်းနဲ့ ပရီဂိုဇင်အပါအဝင် လေယာဉ်ခရီးသည်တွေ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ အများအပြားရှိနေကြောင်း၊ အနောက်နိုင်ငံတွေက လိုရာဆွဲပြောဆိုနေကြရာမှာ လူသိများ ထင်ရှားသူများပင် ပါ၀င်နေကြောင်း၊ အဲဒါတွေအားလုံးဟာ မိုးလုံးပြည့်မုသာဝါဒသာလျှင်ဖြစ်ပြီး ဒီကိစ္စနဲ့ပြောဆိုတဲ့အခါ အချက်အလက်များအပေါ် အခြေခံဖို့ လိုအပ်ကြောင်း၊ အချက်အလက်များများစားစား မရှိသေးပဲ စုံစမ်စစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းရလိမ့်မယ်လို့ ပက်ရ်ှကော့ဗ်က သတင်းထောက်တွေကို ပြောပြပါတယ်။ 

လေယာဉ်ပျက်ကျပြီး ပရီဂိုဇင် အသ်တ်ခံပြီဆိုတာ အံ့သြစရာ မရှိကြောင်း စောစောပိုင်း သောကြာနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။ ဒီအတွက် အမေရိကန်သမ္မတဟာ သံတမန်စံနှုန်းများကို ဂရုမစိုက်ဖူးလို့ ရုရှားလက် ထောက်နိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်ခဲ့ပါတယ်။

ရုရှားစုံစမ်းစစ်ဆေးရေးမှူးတွေက ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ်ဟာ မော်စကိုမြို့ အနောက်မြောက်ဘက် ကောင်းကင်ယံကနေ ရုတ်တရက် ထိုးစိုက်ကျဆင်းသွားရအောင် သံသယဖြစ်ဖွယ်အကြောင်းအရာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး၊ အလားတူ ကောက်ယူရရှိထားတဲ့ ရုပ်အလောင်း (၁၀)လောင်းတို့ဟာ ဘယ်သူ ဘယ်ဝါတွေဖြစ်ကြောင်းကိုလည်း မဖော်ပြရသေးပါဘူး။

ပရီဂိုဇင် သေဆုံးမှုနဲ့ ပတ်သက်ပြီး တရား၀င် အတည်ပြုချက် လက်ခံရရှိခြင်း ရှိ-မရှိမေးမြန်းရာမှာ ရုရှားသမ္မတရုံး သတင်းထုတ်ပြန်ချက်ကို စောင့်ဆိုင်းစေလိုကြောင်း၊ မျိုးရိုးဗီဇတိုက်ဆိုင်စစ်ဆေးမှုကို လုပ်ဆောင်နေဆဲဖြစ်ပြီး တရား၀င်ရလဒ်ကို မကြာမီ ထုတ်ပြန်ဖို့ရှိကြောင်း ပက်ရ်ှကော့ဗ်က ပြန်လည်ဖြေဆိုပါတယ်။

ပရီဂိုဇင် (လေယာဉ်ပျက်ကျခြင်း မတိုင်မီ) သမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ပက်ရ်ှကော့ဗ်က ဖြေဆိုပြီး စမ်းသပ်စစ်ဆေးမှုတွေ ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ 

ပရီဂိုဇင်ရဲ့ စျာပနကို ပူတင်ကိုယ်တိုင် တက်ရောက်နိုင်ခြေ ရှိ-မရှိ မေးခွန်းကိုတော့ စျာပနကျင်းပရက် မသတ်မှတ်ရသေးကြောင်း၊ အဲ့ဒီအတွက် စတင်ပြောဆိုဖို့ မဖြစ်နိုင်ဘူးလို့ အဖြေပေးပြီး သမ္မတကြီးဟာ လောလောဆယ် အချိန်ပြည့် အလုပ်ရှုပ်နေတယ်လို့ ပက်ရ်ှကော့ဗ်က ပြောပါတယ်။ 

လန်ဒန်အခြေစိုက် မဟာဗျူဟာ လေ့လာဆိုင်ရာ နိုင်ငံတကာအင်စတီကျု့ (IISS) မှ အကြီးတန်း သုတေသန ထောက်ပံ့ကြေးစား တစ်ဦးဖြစ်သူ ဘီလာ ရု့ဇ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်းကတော့ စျာပနအခန်းအနားဟာ ထူးခြားမှာဖြစ်ကြောင်း၊ ပူတင်အနေနဲ့ သစ္စာဖောက်တစ်ယောက်အဖြစ် ပရီဂိုဇင်သေဆုံးသွားတာကို အလေးပေးချင်တယ်ဆိုရင်တော့ အသုဘရှု မတက်ရောက်ပဲ ရှိနိုင်ပါတယ်လို့ Reuters ကို မှတ်ချက်ပေးပါတယ်။

အဲဒီအတောအတွင်း (စျာပနအခန်းအနားဟာ) ပရီဂိုဇင်ထောက်ခံသူတွေအနေနဲ့ ၀က်ဂ်နာခေါင်းဆောင်အပေါ် ချီးကျူးဂုဏ်ပြုစရာ လမ်းစတစ်ခုဖြစ်လာနိုင်ကြောင်း၊ (မတက်ရောက်ဖူးဆိုရင်တော့) စစ်ပွဲမှာ သစ္စာစောင့်သိခဲ့သူ ၀က်ဂနာတို့အတွက် ကရင်မလင်အပေါ် ရန်လိုမှု ခိုင်မာအားကောင်းလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

ပရီဂိုဇင်ကိုယ်တိုင် လေယာဉ်ပေါ်မှာ လိုက်ပါသွားခြင်း ရှိ-မရှိ အတိအကျ သက်သေမပြရသေးပေမယ့် ဖြစ်နိုင်ဖို့ အလွန်များကြောင်း ဗြိတိန်စစ်ထောက်လှမ်းရေးက သောကြာနေ့မှာ ပြောပါတယ်။ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ ကနဦး အကဲဖြတ်ချက်မှာတော့ ပရီဂိုဇင် အသတ်ခံလိုက်ရပြီလို့ပဲ မှတ်ယူထားပါတယ်။

လေယာဉ်ပေါ်မှာ ဗုံးတစ်လုံး သို့မဟုတ် နှစ်လုံး ထောင်ထားခံရဖွယ် အယူအဆအပေါ် စုံစမ်းစစ်ဆေးသူများ က အာရုံစိုက်နေကြောင်း တရားဥပဒေစိုးမိုးရေးအေဂျင်စီများက သတင်းရင်းမြစ်ကောင်းများနဲ့ လက်လှမ်းမီတဲ့ ရုရှားနိုင်ငံ “ဗက်ဇာ" သတင်းဌာနက ဖော်ပြပါတယ်။

အာဖရိကတစ်ဝှမ်းမှာ အကျိုးအမြတ်များပြားတဲ့ စာချုပ်များကို ဆက်တိုက်ဆိုသလို ရရှိနေပြီး ဘီလာရု့စ် စစ်တပ်ကို လေ့ကျင့်ပေးနေတဲ့ ၀က်ဂ်နာအုပ်စုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့

“ ကျွန်တော် မပြောနိုင်ပါဘူး"လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရ်ှကော့ဗ်က ခပ်ပြတ်ပြတ် အဖြေပေးပါတယ်။

(မော်စကို အနောက်မြောက်ဘက်မှာ စီးပွားရေးသုံး လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တယ်ဆိုတာကတော့ အငြင်းမပွားတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ပရီဂိုဇင် လိုက်ပါသွားလို့ ရုရှားစစ်တပ်က ဒုံးကျည်နဲ့ ပစ်ချတယ်လို့ အမေရိကန်ပြောတာကတော့ ဖြစ်နိုင်ခြေအလွန်နည်းပြီး ကလေးကလားဆန်လွန်းပါတယ်။ လုပ်ကြံချင်ရင် အခြားအလွယ်နည်းလမ်းတွေ အများကြီး ရှိနေလို့ဖြစ်ပါတယ်။ 

လေယာဉ်ပေါ်မှာ ဗုံးထောင်ပေးလိုက်တယ် ဆိုခြင်းဟာ မှန်ကောင်း မှန်နိုင်ပေမယ့် အဲဒီလေယာဉ်မှာ ပရီဂိုဇင် လိုက်ပါသွားခြင်း ရှိ-မရှိ ဆိုတာ တကယ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ရုရှားတို့ သတင်းထုတ်ပြန်စဉ် ခရီးသည်စာရင်းမှာ “ယက်ဂါနီ ပရီဂိုဇင်"လို့ အမည် အစနဲ့ အဆုံးဖော်ပြထားတာကို တွေ့ရတယ်လို့သာ ပါရှိပါတယ်။ ၀က်ဂ်နာ ခေါင်းဆောင် သေ-မသေ အတည်ပြုခြင်း မရှိသေးပါဘူး

၀က်ဂ်နာတို့ ပုန်ကန်ခြင်းဟာ စီအိုင်အေက ပိုက်ဆံလာဘ်ထိုးလို့ဆိုတာ အတော်ရယ်စရာ ကောင်းပါတယ်။ KGB နဲ့ အလွန်နီးစပ်ခဲ့ပြီး ပူတင့်ရဲ့ လူယုံသန်းကြွယ်သူဋ္ဌေးကို ပိုက်ဆံပေးပြီး ပုန်ကန်ခိုင်းမိရင် နောက်ဆက်တွဲ ပြဿနာရှင်းလို့ မဆုံးဖြစ်တော့မှာကို CIA လို ကမ္ဘာကျော် အမေရိကန်ထောက်လှမ်းရေးမှာ သင်ခန်းစာတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ 

ပူတင့်အပေါ် မဟုတ်ပဲ ရုရှားကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေး၀န်ကြီးကို ပူတင်က ဖြုတ်ပစ်ပေးဖို့သာ ဖြစ်ပါတယ်။ ဒီလောက်နဲ့ ရုရှားစစ်တပ်က ပရီဂိုဇင်ကို လုပ်ကြံရန် မလုံလောက်ပါ။

အများသိရှိကြတဲ့အတိုင်း ပရီဂိုဇင်တို့ ၀က်ဂ်နာတွေဟာ ဘီလားရု့ဇ်စစ်တပ်ကို လေ့ကျင့်ပေးနေပါတယ်။ အဲဒီအတွက် ရင်ဖိနေသူက နေတိုးစစ်စာချုပ်အဖွဲ့၀င် ဥရောပအရှေ့ဖျားနိုင်ငံများဖြစ်နေပါတယ်။ တစ်ခါ အာဖရိကနိုင်ငံများနဲ့ ၀က်ဂ်နာတို့အကြား လုံခြုံရေးကာကွယ်ရေးသဘောတူ အလွမ်းသင့်လာတဲ့အတွက် ဖျာလိပ်ပြီး အိမ်ပြန်ရမှာ အမေရိကန်နဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အမှုန့် ချေပစ်ချင်သူဟာ ပရီဂိုဇင်ဖြစ်ပါလိမ့်မယ်။ လေယာဉ်ပျက်ကျခြင်း မတိုင်မီ ၂-ရက်ခန့်တုန်းက ပရီဂိုဇင်ဟာ အာဖရိကမှာ ရှိနေပါတယ်။

ရုရှားတို့ဟာ အနောက်အုပ်စုက မိုးတစ်လုံးလေတစ်လုံး လိမ်သမျှ သွေးအေးအေးနဲ့ စောင့်ကြည့်ပြီး နောက်ဆုံး အထုပ်ဖြေပြလေ့ရှိကြောင်း ၁၉၆၀ ခုနှစ် ယူတူး အမေရိကန်သူလျှိုလေယာဉ်ကိစ္စမှာ သိခဲ့ကြမှာပါ။

အတိုချုပ် ပြောရလျှင် ပရီဂိုဇင် သေ-မသေ ကျွန်တော့အနေနဲ့ သံသယရှိနေဆဲဖြစ်ပါတယ်။ တကယ်လို့ လေယာဉ်ပျက်ကျပြီး သေဆုံးသူများမှာ ပါ၀င်သွားတယ်ဆိုရင်လဲ ပူတင့် အမိန့်အရ ရုရှား FSB ထောက်လှမ်းရေးက လုပ်ကြံခြင်းထက် “ #ခဲတစ်လုံးတည်းနဲ့_ငှက်နှစ်ကောင်ပစ်တဲ့" အမေရိကန်-နေတိုးအုပ်စုလက်ချက် ဖြစ်နိုင်ပါတယ်။ မော်စကိုနဲ့ စိန့်ပီတာ စဘတ်မှာ ယူက ရိန်းစစ်ထောက်လှမ်းရေးအေးဂျင့်များ ခြေချင်းလိမ်နေလို့ ဒီအတွက် သိပ်မခဲယဉ်းပါ။ ရုရှားမှာ လူသိများထင်ရှားတဲ့ အမျိုးသားရေးဝါဒီများကို ယူကရိန်းအေးဂျင့်တို့က အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့တာ ဘာမှမကြာသေးပါ။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 26 August 2023,” Kremlin makes first comments on deadly plane crash“ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ဒဂုံလေးမြို့နယ် အပါအဝင် ဆင်ခြေဖုံးဒေသများအရောင်အဝယ်များပြားနေ

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved