Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၌ အလုပ်လုပ်ရန် ထွက်ခွာလာသူ(၁၄)ဦးကို PDF အဖွဲ့ ဖမ်းဆီးစစ်ဆေးနေ

NSS - သြဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၌ အလုပ်လုပ်ရန် ထွက်ခွာလာသူ (၁၄)ဦးကို PDF ပူးပေါင်းအဖွဲ့များက ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဝမ်ပေါင်ကုမ္ပဏီ၌ အလုပ်လုပ်ရန် ထွက်ခွာလာသူ(၁၄)ဦးသည် ယမန်နေ့(သြဂုတ် ၂၄ ရက်) နေ့လည် ၁ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အစပ်၊ ချင်းတွင်းတံတားအနီးရှိ ကျေးရွာတစ်ခု၏ အနီး၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


“သူတို့က ပြည်သူ့စစ်တော့ မဟုတ်ဘူးလို့ သတင်းရတယ်။ ဝမ်ပေါင်မှာ အလုပ်လုပ်ဖို့လာတဲ့အဖွဲ့လို့ ပြောတယ်။ ဝမ်ပေါင်ကုမ္ပဏီမှာလည်း ကျွန်တော်ရဲ့လူတွေရှိတယ်။ အဲဒီလိုတော့ သတင်းရပါတယ်။ ပြည်သူ့စစ်အနေအထားတော့ မဟုတ်ဘူး။ အလုပ်လုပ်သွားဖို့ရာ လာကြတာ။ ချင်းတွင်းတံတားအကျော်မှာရှိတဲ့ ရွာနားမှာ အဖမ်းခံရတာ။ ယင်းမာပင်မြို့နယ်အစပ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်ပေါ့ဗျာ။ အဲဒီအစပ်မှာ အဖမ်းခံရတာလို့ သတင်းရတယ်။ နေ့လည် တစ်နာရီလောက်မှာ အဖမ်းခံရတာလို့ သိရတယ်” ဟု ဝမ်ပေါင်ကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။


ထိုသို့ ဖမ်းဆီးစစ်ဆေးခံနေရသူ(၁၄)ဦးသည် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ဝမ်ပေါင်ကုမ္ပဏီ၌ အလုပ်လုပ်ရန် ထွက်ခွာလာသူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကုမ္ပဏီတွေက ခြံစည်းရိုးခတ်တာတွေ၊ တင်ဒါလုပ်ငန်းတွေက စနေကြပြီလေ။ အဲဒါကို အလုပ်လုပ်ဖို့ရာအတွက် လာကြတာ။ အလုပ်ကတော့ Labour ကန်ထရိုက်ကနေမှ ခေါ်တဲ့သဘောရယ်။ ကျွန်တော်တို့အဖွဲ့တွေကလည်း အဲဒီ Labour ကန်ထရိုက်က ခေါ်မှသွားရတာလေ” ဟု ဝမ်ပေါင်ကုမ္ပဏီနှင့်နီးစပ်သူက ထပ်မံပြောသည်။

အထက်ပါ(၁၄)ဦးသည် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှ ပြည်သူ့စစ်များဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီ၌ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသူများဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့များက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိတွင် ဖမ်းဆီးခံခဲ့ရသော (၁၄)ဦးအား PDF အဖွဲ့များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်တာဝန်ယူထားသည့် နစကအစိုးရအနေဖြင့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၀က်ဂ်နာကြေးစားတပ် ခေါင်းဆောင်အား လုပ်ကြံသတ်ဖြတ်ဟု ပြောဆိုမှုများကို မိုးလုံးပြည့်မုသာဝါဒများအဖြစ် ကရင်မလင် သမုတ်

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved