အမရပူရမြို့နယ်ရှိ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်စဉ်အတွင်း လူ(၃)ဦး မီးလောင်သေဆုံးခဲ့
သန့်ဇင်(NSS) - ဩဂုတ် ၂၃
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် တိုက်အိမ်တစ်လုံးမီးလောင်မှုကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်သည် ယမန်နေ့ (ဩဂုတ်လ ၂၂ရက်)၊ ည ၁၁ နာရီအချိန်တွင် အမရပူရမြို့ နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)ထံမှ သိရသည်။
"မီးလောင်မှုဖြစ်စဉ်ကတော့ မီးသတ်ကစုံစမ်းနေစဲပါ။ လောင်တာတော့ တစ်အိမ်တည်းပါ။ မီးလောင်ပြီးနောက်ပိုင်းတော့ Dead Body (၃)လောင်းထွက်လာတာတော့ တွေ့တယ်" ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် လေဖြတ်ရောဂါခံစားနေရသည့် အသက်(၇၀)ကျော်အမျိုးသားတစ်ဦးအပါအဝင် အမျိုသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး တိုက်အိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား မန္တလေးခရိုင်းမီးသတ်၊ ပြည်ကြီးတံခွန်မီးသတ်၊ အမရပူရမီးသတ်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်းများက မိနစ် ၃၀ ခန့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်သေဆုံးသူများအား လူမှုကူညီရေးအသင်းများမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၈ဝ)နီးပါးခေါ်ယူ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ