အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေးအခန်းကဏ္ဍမှာ နေရာတွေ ဆုံးရှုံးလာနေတယ်လို့ ရုရှားသမ္မတပူတင်ပြော
ဂျန်ဇက် (NSS) – ဩဂုတ် ၂၃
အမေရိကန်ဒေါ်လာအသုံးပြုမှုလျော့ချရေးဟာ နောက်ပြန်လှည့်လို့မရတော့ကြောင်း၊ BRICS အဖွဲ့ဟာ အမေရိကန်ဦးဆောင်ဖွဲ့စည်းထားတဲ့ ဂျီ ၇ အဖွဲ့ထက် စီးပွားရေးအင်အားပိုမိုကောင်းမွန်ကြောင်း ရုရှားသမ္မတပူတင် က ထုတ်ဖော်ပြောလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ဟာ တောင်အာဖရိကနိုင်ငံ ဂျိုနာသန်ဘတ်မြို့မှာကျင်းပတဲ့ BRICS ထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်မတက်ရောက်ဘဲ ရုပ်သံဖိုင်နဲ့ မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာဟာ ကမ္ဘာအခန်းကဏ္ဍမှာ တဖြည်းဖြည်း နေရာဆုံးရှုံးလာနေပြီဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတွေမှာ အမေရိကန်ဒေါ်လာအသုံးပြုမှုလျော့ချရေးလုပ်ငန်းစဉ်တွေကလည်း အရှိန်ရလာနေပြီဖြစ်ကြောင်း သမ္မတပူတင် က ထည့်သွင်းပြောခဲ့ပါတယ်။
BRICS အဖွဲ့ဝင်နိုင်ငံတွေဟာလည်း အပြန်အလှန်ငွေကြေးလွှဲပြောင်းပေးချေမှုတွေမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုအပေါ် မှီခိုနေရတာတွေကို လျော့ချဖို့ကြိုးပမ်းရမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ပြောပါတယ်။
သမ္မတပူတင်က ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ဘရာဇီး နဲ့ တောင်အာဖရိကနိုင်ငံတို့ဟာ ကမ္ဘာ့စီးပွားရေးမှာ ခေါင်းဆောင် အသစ်ဖြစ်လာမှာဖြစ်ကြောင်း၊ BRICS အဖွဲ့ရဲ့ဂျီဒီပီဟာ ကမ္ဘာ့စုစုပေါင်း ဂျီဒီပီ ရဲ့ ၂၆ ရာခိုင်နှုန်းရှိကြောင်း ပြောပါတယ်။
BRICS အဖွဲ့ရဲ့ဝယ်လိုအား တန်းတူညီမျှမှုတွေကို နှိုင်းယှဉ်မယ်ဆိုရင် စက်မှုထိပ်သီးအဖွဲ့ဖြစ်တဲ့ ဂျီ ၇ အဖွဲ့ထက် ပိုမို သာလွန်ကောင်းမွန်နေကြောင်း၊ ကမ္ဘာ့စီးပွားရေး စုစုပေါင်းရဲ့ ၃၁ ရာခိုင်နှုန်းကို BRICS အဖွဲ့က လုပ်ကိုင်နေပြီး ဂျီ ၇ အဖွဲ့က ၃ဝ ရာခိုင်နှုန်းသာရှိနေကြောင်း ရုရှားသမ္မတပူတင် က ပြောပါတယ်။ BRICS အဖွဲ့ဝင်နိုင်ငံများကြား အပြန် အလှန် ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်အတွင်း ၆ ဆကျော် မြင့်တက်လာခဲ့ကြောင်း၊ BRICS ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကမ္ဘာ့စီးပွားရေးရှိ ရင်းနှီးမြှုပ်နှံ့မှုအားလုံးရဲ့နှစ်ဆဖြစ်ကာ ကမ္ဘာ့ပို့ကုန်တင်ပို့မှုရဲ့ ၂ဝ ရာခိုင်နှုန်းကို လုပ်ဆောင်နေကြောင်း ရုရှားသမ္မတပူတင် က ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ BRICS အဖွဲ့ဝင်နိုင်ငံများအပြင် ယုံကြည်ရတဲ့မိတ်ဖက်နိုင်ငံများထံ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ကုန်ပစ္စည်းတွေ ပိုမိုတင်ပို့ဖို့အာရုံစိုက်နေကြောင်း သမ္မတပူတင် က ပြောပါတယ်။ နိုင်ငံတကာ ဈေးကွက်အတွင်းမှာ အစားစာနဲ့ စွမ်းအင်ပြတ်တောက်မှုမရှိစေဖို့ ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် နိုင်ငံတော်ဘတ်ဂျက်ကို အသုံးပြုကာ ကောက်ယူသွားမည်ဟု ဒုတပ်ချုပ်ဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း