၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် နိုင်ငံတော်ဘတ်ဂျက်ကို အသုံးပြုကာ ကောက်ယူသွားမည်ဟု ဒုတပ်ချုပ်ဆို
ပုံစာ - ၂ဝ၁၄ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူခဲ့စဉ်
မျိုးကြီး (NSS) - သြဂုတ် ၂၃
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် နိုင်ငံတော်ဘတ်ဂျက်ကိုအသုံးပြုကာ ကောက်ယူသွားမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့(သြဂုတ်လ ၂၂ ရက်)တွင် နေပြည် တော်၌ကျင်းပသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခင်သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့်ငွေကြေးဆိုင်ရာအထောက်အပံ့များကို ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိ နစကလက်တွင်တွင် ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံအတွင်း၌ရှိသည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏စွမ်းအား၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်ပင် အဓိကဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သည့် ဘဏ္ဍာငွေများကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်သာ ဆောင်ရွက်သွားမည်ဟု နစကဒုဥက္ကဋ္ဌက ပြောသည်။
သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်သည့်အချက်အလက်များဖြစ်ခြင်းကြောင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးမြောက်ရန် မဖြစ်မနေဆောင်ရွက်ရမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းထားသည်။
၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်၊ နိုင်ငံတော်ဘတ်ဂျက်နှင့် အစိုးရဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ ယခင်သန်းခေါင်စာရင်းများကဲ့သို့ အရည်အသွေးကောင်းမွန်ရေး ဝိုင်းဝန်ဆောင်ရွက်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် လုံခြုံ ရေးပိုင်းဆိုင်ရာများတွင် အခက်အခဲများ ကြုံတွေ့လာနိုင်သည်ဟု ဒုတပ်ချုပ်က ထပ်မံသတိပေးထားသည်။
ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက် တိုဘာလ (၁)ရက်မှ (၁၅) ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သန်းခေါင်စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြို တင်ပြင်ဆင်ထားနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကို ယခု ၂၀၂၃ ခုနှစ် အောက်တို ဘာလတွင် မြို့နယ်ပေါင်း(၂၀)ရှိ စာရင်းကောက်ကွက် (၁၀၀) တွင် ပဏာမဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာအကူအညီဖြင့် ကောက်ယူခဲ့ဖူး သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စာသင်ကျောင်းကို PDF အဖွဲ့မှ Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဒီပဲယင်းမြို့၌ဖြစ်ပွား
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ