ဧရာဝတီတိုင်းရှိ မြို့နယ်(၆)ခုမှ အမျိုးသမီးနှစ်ဦး အပါအဝင် PDF အဖွဲ့ဝင်(၁၀)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်
NSS - သြဂုတ် ၂၂
ဧရာဝတီတိုင်းရှိ မြို့နယ်(၆)ခုမှ အမျိုးသမီးနှစ်ဦး အပါအဝင် PDF အဖွဲ့ဝင်(၁၀)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နစကမှ သိရသည်။
နစကမှ သြဂုတ်လ(၂၁)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
နစကအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖိတ်ခေါ်လျက်ရှိရာ သြဂုတ်လ(၂၁)ရက်၊ နေ့လည်ပိုင်းတွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမတွင် လက်ခံခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ လပွတ္တာမြို့နယ် အပါအဝင် ဟင်္သာတ၊ မြောင်းမြ၊ ကြံခင်း၊ ဘိုကလေး နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း(၁၀)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဝင်ရောက်ခဲ့ရာ ၎င်းတို့သည် ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့်အတွက် ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ(၁)ရက်မှ (၁၇)ရက်အထိ PDF အဖွဲ့ဝင် (၄၈)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အား နစကမှ ဆုငွေကျပ် (၆၇၇)သိန်း ချီးမြှင့်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့အာဏာထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့သူ ၇ ဦးကို ထိုင်းရာဇဝတ်တရားရုံး အမိန့်ချမှတ်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း