ဂျာမနီနိုင်ငံသားများ၏(၇ဝ)ရာခိုင်နှုန်းခန့်က ဂျာမန်အဓိပတိအသစ်ကို လိုလားနေကြကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
Pika (NSS) - သြဂုတ် ၂၁
ဂျာမနီနိုင်ငံရှိ မဲဆန္ဒရှင်များ၏ သုံးပုံနှစ်ပုံကျော်သည် ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး မကျေနပ်ကြကြောင်း မဲရုံအေဂျင်စီ INSA မှ ကောက်ယူထားသော စစ်တမ်းအသစ်အရ သိရသည်။
SPD၊ Greens နှင့် Free Democrats (FDP) ပါတီတို့ ပါWင်သော ဂျာမနီညွန့်ပေါင်းအစိုးရအဖွဲ့သည် တစ်နှစ်ခွဲခန့် တာဝန်ယူပြီးနောက် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး စိတ်ပျက်နေသည့် ဂျာမနီနိုင်ငံသား အများအပြား ရှိလာခဲ့ကြောင်း သိရသည်။
ဖြေဆိုသူများ၏(၁၅)ရာခိုင်နှုန်းခန့်ကသာ အိုလက်ဖ်ရှိုးလ်၏ ညွန့်ပေါင်းအဖွဲ့၏ လုပ်ဆောင်မှုမျာားသည် ကောင်းမွန် ကြောင်းဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏ ထက်ဝက်နီးပါးက CDU/CSU နှင့် SPD တို့ပါဝင်သော ယခင်ညွန့်ပေါင်းအဖွဲ့ ၏ လုပ်ဆောင်မှုများက ပိုမိုကောင်းမွန်သည်ဟု ယုံကြည်နေကြကြောင်းသိရသည်။ ဖြေဆိုသူများ၏ သုံးပုံနှစ်ပုံ (၆၄)ရာခိုင်နှုန်းနီးပါးက ဂျာမနီနိုင်ငံသည် အစိုးရအပြောင်းအလဲများရှိမှသာ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ် ကြောင်း ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူများ၏ လေးပုံတစ်ပုံ(၂၂)ရာခိုင်နှုန်းခန့်ကသာ လက်ရှိညွန့်ပေါင်းအဖွဲ့ကို ဆက်လက်တာဝန်ယူစေလိုကြကြောင်း ဖြေဆိုခဲ့ကြသည်။
ပြီးခဲ့သော သီတင်းပတ်တွင် နိုင်ငံ့အကြီးဆုံး ပြည်သူ့ကဏ္ဍ ဝန်ထမ်းသမဂ္ဂမှ ပေးအပ်သော Forsa Institute စစ်တမ်း တစ်ခုတွင် ဂျာမနီနိုင်ငံသားများ၏ အစိုးရအပေါ် ယုံကြည်မှုများစံချိန်တင်ကျဆင်းခဲ့ပြီး ဂျာမနီလူမျိုးအများစုက နိုင်ငံ့ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်များကို အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်းမရှိဟု ထင်မြင်နေကြကြောင်း သိရသည်။
ဩဂုတ်လအစောပိုင်းက ပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရ ဂျာမနီအစိုးရ၏ လူထုထောက်ခံမှုများသည် ၂ဝ၂ဝ ပြည့်နှစ်တွင် (၆ဝ)ရာခိုင်နှုန်းမှ (၂၁)ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ”အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို ရုရှားနိုင်ငံတွင် ဖွင့်လှစ်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ