အီသီယိုပီးယားရွှေ့ပြောင်းသွားလာသူပေါင်း ရာချီကို ဆော်ဒီအာရေဗျ လုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့ဟု HRW အဖွဲ့ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂၁
ဆော်ဒီအာရေဗျလုံခြုံရေးတပ်ဖွဲ့တွေဟာ ယီမင်နယ်စပ်တစ်လျှောက်မှာရှိနေတဲ့ အီသီယိုပီးယား ရွှေ့ပြောင်းသွားလာသူရာချီကို သတ်ဖြတ်ခဲ့ကြောင်းလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRWက သတင်းထုတ်ပြန်လိုက်ပါတယ်။
အီသီယိုပီးယားရွှေ့ပြောင်းသွားလာသူများ အသတ်ခံရမှုမှာ ကျယ်ပြန့်ပြီး စနစ်တကျတိုက်ခိုက်ခံရတဲ့ ပုံစံမျိုးဖြစ်ကြောင်း၊ ၂ဝ၂၂ ခုနှစ် မတ်လကနေ ၂ဝ၂၃ ခုနှစ် ဇွန်လအတွင်း အီသီယိုပီးယားရွှေ့ပြောင်းဒုက္ခသည်ရာချီကို ဆော်ဒီအာရေဗျလုံခြုံရေးတပ်ဖွဲ့များက သတ်ခဲ့ကြောင်း HRW က ပြောပါတယ်။
HRW ရဲ့အဆိုအရ ဆော်ဒီအာရေဗျလုံခြုံရေးအဖွဲ့တွေဟာ ဆော်ဒီအာရေဗျ-ယီမင်နယ်စပ်ကို ဖြတ်သန်းဖို့ ကြိုးပမ်းနေသူတွေကို ပစ်သတ်ခဲ့သလို ပေါက်ကွဲစေတဲ့ပစ္စည်းများနဲ့ သေဆုံးအောင်သတ်ဖြတ်ခဲ့ပြီး ကလေးငယ်နဲ့အမျိုးသမီး တွေ ပါဝင်ခဲ့ကြောင်း ပြောပါတယ်။
HRW နဲ့ တွေ့ဆုံခဲ့သူတစ်ဦးက "ကျွန်တော်ဟာ အီသီယိုပီးယားရွှေ့ပြောင်းသွားလာသူတွေနဲ့ အတူစားသောက်ခဲ့တယ်။ သိပ်မကြာဘူး၊ အဲဒီအီသီယိုပီးယားရွှေ့ပြောင်းသွားလာတဲ့ ဒုက္ခသည်တွေ သေဆုံးခဲ့တယ်" လို့ ပြောပါတယ်။
ရွှေ့ပြောင်းသွားလာသူများဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Mixed Migration Centre (MMC) က အီသီယိုပီးယားရွှေ့ပြောင်းအလုပ်သမားတွေဟာ ဆော်ဒီအာရေဗျလုံခြုံရေးတပ်ဖွဲ့တွေရဲ့နေ့စဉ်အသတ်ခံနေရကြောင်း၊ ပြီးခဲ့တဲ့လမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီအာရေဗျ နဲ့ ယီမင်နယ်စပ်ဟာ အာဖရိကဦးချုပ်ဒေသနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားရှိ ပြည်သူများအတွက် အဓိကကျတဲ့ လမ်းဆုံနေရာမျိုးဖြစ်နေကြောင်း သိရပါတယ်။
MMC ဒါရိုက်တာတစ်ဦးက အီသီယိုပီးယားရွှေ့ပြောင်းသွားလာသူများ အသတ်ခံရခြင်း၊ လူအခွင့်အရေးချိုးဖောက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းများရှိခဲ့ပေမယ့် ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဆောင်နိုင်သေးကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ပဲ့ထိန်းဒုံးကျည်အလုံလောက်မရှိဟုဆို
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ