အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ပဲ့ထိန်းဒုံးကျည်အလုံလောက်မရှိဟုဆို
ဂျန်ဇက် (NSS) - သြဂုတ် ၂၁
အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ပဲ့ထိန်းဒုံးကျည်အလုံလောက်မရှိကြောင်း၊ Financial Times သတင်းဌာနက ဖော်ပြထားပါတယ်။
ယူကရိန်းဟာ ဇွန်လအစောပိုင်းတည်းက စတင်ပြီး ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်နေပေမယ့် မျှော်လင့်သလောက်ရလဒ်မကောင်းဘဲ ကူညီထောက်ပံ့ပေးမှုတွေပိုမိုလုပ်ဆောင်ပေးဖို့ အနောက်အုပ်စုနိုင်ငံတွေကို တောင်းဆိုနေဆဲဖြစ်ပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက "အမေရိကန်အစိုးရဟာ ယူကရိန်းဘက်က တောင်းဆိုထားတဲ့အတိုင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေကို လုံလောက်အောင် ထုတ်လုပ်နိုင်စွမ်းမရှိပါဘူး။ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် တွေ ထောက်ပံ့မယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲက တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာဖွယ်ရှိနေ ပါတယ်" လို့ ပြောပါတယ်။
ယူကရိန်းကို ဆက်လက်ကူညီထောက်ပံ့ပေးနေခြင်းကြောင့် အမေရိကန်ဒီမိုကရက်တစ်ပါတီအနေနဲ့ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ထိခိုက်မှုတွေရှိလာနိုင်ကြောင်း သတိပေးမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ တာဝေးပစ်ဒုံးကျည်တွေ ကူညီပေးဖို့ ဂျာမနီနိုင်ငံကိုလည်း တောင်းဆိုခဲ့ရာ ဂျာမနီနိုင်ငံသားအများစုက လိုလားလက်ခံခြင်းမရှိကြောင်း သိရပါတယ်။ ဂျာမနီအခြေစိုက် ARD-DeutschlandTrend သတင်းဌာနဟာ ယူကရိန်းကိုတာဝေးပစ်ဒုံးကျည်များ ကူညီထောက်ပံ့ပေးသင့် မသင့်ဆိုတဲ့ အချက်ကို စစ်တမ်းကောက်ယူခဲ့ရာ ၅၂ ရာခိုင်နှုန်းက ဆန့်ကျင်ပြီး ၃၆ ရာခိုင်နှုန်းက ထောက်ခံကြောင်း သိရပါတယ်။
ဂျာမနီအဓိပတိအောလက်ရှိုးလ် အပါအဝင် ဂျာမနီအစိုးရတာဝန်ရှိသူများဟာ အကွာအဝေး မိုင်ပေါင်း ၃၁ဝ အထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ Taurus ဒုံးကျည်များကို ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ လိုလားခြင်းမရှိကြောင်း သိရပါတယ်။ ဗြိတိန်နိုင်ငံကတော့ ပြီးခဲ့တဲ့မေလမှာ ယူကရိန်းကို အကွာအဝေးမိုင်ပေါင်း ၁၅ဝ အထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ Storm Shadow ခရုဇ်ဒုံးကျည်များ ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့ရှိ ချောင်းအတွင်း၌ အုပ်စုဖွဲ့ရေကူးနေစဉ် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ