ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို အကျဉ်းထောင်အတွင်း အထူးအခွင့်အရေးပေးဖွယ်ရှိနေ
ဂျန်ဇက် (NSS) - သြဂုတ် ၂၁
ပြည်ပြေးအဖြစ်နေထိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံကို ပြန်လာချိန်မှာ ဘန်ကောက်မြို့ရှိ အချုပ်ထောင်ကို ပို့ဆောင်မှာဖြစ်ပြီး ၎င်းအတွက် လုံခြုံရေးပိုမိုချထားပေးမှာဖြစ်သလို သင်လျော်တဲ့အခွင့်အရေး တွေ ပေးသွားမှာဖြစ်ကြောင်း ထိုင်းအကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Aryut Sinthoppan က ပြောပါတယ်။
သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကျင်းပမယ့် သြဂုတ် ၂၂ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လာမှာ ဖြစ်တယ်လို့ သမီးဖြစ်သူ ပီတွန်တန် ရှင်နာဝါထရာက ထုတ်ဖော်ပြောဆိုထားပါတယ်။
ဘန်ကောက်မြို့အချုပ်ထောင်အတွင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့လုံခြုံရေးအပြင် သက်တောင့်သက်သာ နေထိုင်နိုင်ရေးအတွက် လိုအပ်တဲ့အရာတွေ စီမံဆောင်ရွက်ထားဖို့ ထိုင်းတရားဝန်ကြီး Wissanu Krea-ngam က ညွှန်ကြားထားပြီဖြစ်တယ်လို့ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
သက်ဆင်ကို အကျဉ်းထောင်အတွင်း အခြားအကျဉ်းသားတွေနဲ့ ရောနှောထားမှာမဟုတ်သလို သက်တောင့် သက်သာနေထိုင်ခွင့်ပေးမှာဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူအခွင့်ရေးအဖွဲ့အစည်းတွေနဲ့ မီဒီယာသမား တွေနဲ့လည်း တွေ့ဆုံခွင့်ပေးဖွယ်ရှိနေကြောင်း ၎င်းက ပြောပါတယ်။ ၎င်းက အသက် ၇ဝ နှစ် အရွယ်ကျော်လွန် နေတဲ့အကျဉ်းသားတစ်ဦးကို သက်တောင့်သက်သာနေထိုင်နိုင်ဖို့အခွင့်အရေးပေးခြင်းမျိုးဖြစ်တယ်လို့ ပြောပါတယ်။
အကျဉ်းထောင်အရာရှိတွေဟာ သက်ဆင်ရဲ့အစားသောက်နဲ့ပတ်သက်ပြီး ဂရုစိုက်ပေးသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဆေးဝါးကုသဖို့ လိုအပ်လာမယ်ဆိုရင် သင့်လျော်တဲ့အခန်းမှာ လုံခြုံရေးတင်းကြပ်ပြီး ကုသခွင့်ပေးသွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။
သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံရကာ အမိန့်ချမှတ်ခံထားရသူဖြစ်ပြီး ပြည်ပကိုထွက်ပြေးတိမ်းရှောင်နေခဲ့သူလည်းဖြစ်ပါတယ်။ သက်ဆင်ဟာ သြဂုတ် ၂၂ ရက် နံနက် ၉ နာရီမှာ ၎င်းရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ ဒွန်းမောင်းလေဆိပ်ကို ပြန်လာမှာဖြစ်ပြီး မိသားစုဝင်များအပြင် အစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံဖွယ်ရှိနေကြောင်း သိရပါတယ်။
သက်ဆင်ဟာ အသက် ၇ဝ နှစ်ကျော်လွန်လာတဲ့အတွက် မိသားစုနဲ့အတူနေထိုင်ခွင့်ရဖို့ မိခင်နိုင်ငံကို ပြန်လာမှာဖြစ်ပြီး ထိုင်းဘုရင်ထံ လွတ်ငြိမ်း ချမ်းသာခွင့်လျှောက်ထားခွင့်ရှိသူဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာယာဝတီမြို့နယ်တွင် ရထားလမ်းပေါ်တက်အိပ်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ