မြောက်ကိုရီးယားဟက်ကာများက အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်သည့်အချက်အလက်များကိုရယူရန် ကြိုးပမ်းနေကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့ပြော
Pika (NSS) - သြဂုတ် ၂ဝ
သံသယဖြစ်ဖွယ် မြောက်ကိုရီးယားဟက်ကာများသည် ဩဂုတ်လ(၂၁)ရက်တွင် စတင်ပြုလုပ်မည့် အမေရိကန်-တောင်ကိုရီးယားနှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို ရယူရန် ပစ်မှတ်ထားလုပ်ဆောင်နေကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်များဖြင့် ခြိမ်းခြောက်မှုများကို လက်တုံ့ပြန်နိုင်ရန်အတွက် အမေရိကန် နှင့် တောင်ကိုရီးယားတပ်ဖွဲ့တို့သည် Ulchi Freedom Guardian အမည်ရှိ (၁၁)ရက်ကြာ စစ်ရေး လေ့ကျင့်မှုကို ဩဂုတ်လ(၂၁)ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် လေ့ကျင့်နေခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားဖက်က စွပ်စွဲပြောဆိုခဲ့ သည်။ အဆိုပါဟက်ကာများသည် Kimsuky ဟုခေါ်ဆိုသော မြောက်ကိုရီးယားအဖွဲ့နှင့်ဆက်စပ်နေသည်ဟု ယူဆရပြီး တောင်ကိုရီးယား-အမေရိကန် ပေါင်းစပ်လေ့ကျင့်ရေးစင်တာတွင် အလုပ်လုပ်နေသော တောင်ကိုရီးယားကန်ထရိုက်တာများ၏ အီးမေးလ်များမှ တစ်ဆင့် ဟက်ခ်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း Gyeonggi Nambu ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ က "စစ်တပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ခိုးယူတာမဟုတ်ဖူးလို့တော့ အတည်ပြုထားပါတယ်" ဟု ပြောခဲ့သည်။
မြောက်ကိုရီးယားသည် ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခြင်းမျိုးမရှိ ကြောင်း ယခင်က ငြင်းဆိုခဲ့ဖူးသည်။ တောင်ကိုရီးယား ရဲတပ်ဖွဲ့နှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်းစုံစမ်း စစ်ဆေးမှု များပြုလုပ်ခဲ့ရာ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ချိန်အတွင်း အသုံးပြုခဲ့သည့် IP လိပ်စာသည် ၂ဝ၁၄ ခုနှစ်တွင် တောင်ကိုရီးယားနျူကလီးယားဓာတ်ပေါင်းဖိုအော်ပရေတာဟက်ခ်ခံရမှုတွင် တွေ့ရှိခဲ့သည့် လိပ်စာနှင့် တူညီကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
၂ဝ၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဆိုက်ဘာတိုက်ခိုက်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားဖက်က စွပ်စွဲပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးကောင်းမြို့၌ လုံခြုံရေးအဖွဲ့၏ ကျောင်းကြိုကားတစ်စီး ပစ်ခတ်ခံရကာ တပ်ကြပ်ကြီး အပါအဝင် (၂)ဦး သေဆုံး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ