Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်လာစျေး အတက်ကြမ်းခြင်းမှာ မိမိတို့၏ စီးပွားရေးအပေါ် မတည်မငြိမ်ဖြစ်စေဟု ဖွံ့ဖြိုးဆဲနိုင်ငံများ ညည်းညူ

Htay Oung (NSS) - သြဂုတ် ၂ဝ 

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်မှ လုပ်ငန်းရှင်တစ်ယောက်ဟာ သူရဲ့အထည်ဆိုင်စီးပွားရေးကိစ္စတွေ ပျက်ပြားသွားပြီး နောက် အလုပ်သမား ၃ ယောက်ကိုလည်း အလုပ်ထုတ်လိုက်ရပါတယ်။ အဲဒီဖြစ်ရပ်ဟာ နိုင်ငံသုံး “နိုင်ရာ ငွေကြေး” နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာက ပိုမိုအားကောင်းနေတဲ့ အာဖရိကအနောက်ပိုင်းနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ 

ဒေါ်လာစျေးကြီးမြင့်လာတဲ့အတွက် အ၀တ်အထည်နဲ့ အခြားနိုင်ငံခြားကုန်ပစ္စည်းများရဲ့စျေးနှုန်းတွေက ပြည်တွင်း စားသုံးသူ အများစု လက်လှမ်းမမီနိုင်တဲ့အခြေအနေကို ရောက်ရှိလာခဲ့တယ်လို့ AP က ဩဂုတ် ၁၉ ရက်မှာ ရေးသား ပါတယ်။ 

တင်သွင်းလာတဲ့အထည်အိတ်တစ်အိတ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကထက် ၃ ဆ ပိုပေးနေရပါတယ်။ ဒီရက်ပိုင်း ပေါက်စျေးကတော့ ဒေါ်လာနဲ့ဆို ၄၅ဝ ဖြစ်ပေမယ့် နိုင်ရာငွေကြေးနဲ့ဆို ၃၅ဝဝဝဝ တန်းမှာ ပြေးနေပါတယ်။ “လူတွေက အ၀တ်အထည်မတိုင်ခင် စားစရာ၀ယ်ဖို့ကိစ္စကို အရင်ဆုံးစဉ်းစားကြတာဗျ၊ အဲဒီတော့ အထည်ဆိုတာ ရောင်းရတယ်လို့ကို မရှိတော့ဘူး” လို့ လုပ်ငန်းပိတ်သိမ်းလိုက်ရသူက ပြောပါတယ်။

အာဖရိကတိုင်းပြည်အချို့မှာ ငွေကြေးဖောင်းပွလွန်းတဲ့အတွက် ပြည်တွင်းသုံး ငွေကြေးနေရာမှာ အမေရိကန် ဒေါ်လာကို အစားထိုး သုံးစွဲမှ အဆင်ပြေရသလို ရှိနေပါတယ်။ အကွက်မြင်တဲ့နိုင်ငံရေးသမားအချို့ဆိုလျှင် ပြည်တွင်းသုံးငွေကြေးနေရာမှာ ဒေါ်လာနဲ့ အစားထိုးဖို့ ကတိက၀တ်နဲ့ ရွေးကောက်ပွဲ မဲဆွယ်နေကြပါတယ်။ ၂ဝ၁၉ ခုနှစ်မှာ ဇင်ဘာဘွေအစိုးရက ပြည်တွင်းသုံးငွေကြေးသစ်ကို စတင်ထုတ်ဝေခဲ့ပြီး ပြည်တွင်းငွေကြေး လွှဲပြောင်းမှု များမှာ နိုင်ငံခြားငွေအသုံးပြုမှုကို တားဆီးခဲ့ပါတယ်။ ဒါပေမယ့် ( #မရှိမဖြစ်_လိုအပ်လာလျှင် #အသက်ဝင်မြဲဖြစ်တဲ့ ) #မှောင်ခိုစျေးကွက်မှာ ဒေါ်လာအရောင်းအဝယ်က ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် တားမြစ်မိန့်ကို ပယ်ဖျက် လိုက်ရပါတယ်။ အဲဒီနောက် ယခုအချိန် ဒီဇင်ဘာဘွေရဲ့ ပြည်တွင်းအရောင်းအ၀ယ် ၈ဝ ရာခိုင်နှုန်းကို အမေရိကန် ငွေကြေးနဲ့ပေးချေနေကြပါတယ်။ ဒေါ်လာငွေစက္ကူ အနွမ်းအပြဲများကိုပင် ဖာထေးပြုပြင်ပြီး သုံးစွဲကြတဲ့ အထိပါပဲ။

ဖွံ့ဖြိုးဆဲကမ္ဘာတစ်ဝန်းမှ နိုင်ငံအများအပြားတို့ဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု—အထူးသဖြင့် ဒေါ်လာရဲ့တန်ခိုးသြဇာကို ငြီးငွေ့နေကြပါတယ်။ အဲဒီမကျေနပ်ချက်များကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ပါ၀င်တဲ့ BRICS အစုအဖွဲ့နဲ့ အခြားထွန်းသစ်စဈေးကွက်နိုင်ငံများ လာမယ့်သီတင်းပတ် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြိုမှာ တွေ့ဆုံစဉ် ပွန့်အန်ချဖို့ ရှိနေပါတယ်။


ဒါပေမယ့် အမေရိကန်ဒေါ်လာကို လက်ကိုင်ထားခြင်းဟာ ကမ္ဘာသုံးငွေကြေးအဖြစ်မှ ဖြုတ်ချခြင်းထက် ပိုမိုလွယ်ကူ ပါတယ်။ ဒေါ်လာဟာ နိုင်ငံတကာ အရောင်းအ၀ယ်လုပ်ငန်းများမှာ ယခုအချိန်အထိ အသုံးအများဆုံး ငွေကြေးဖြစ် ပြီး သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုဟာ အတိတ်ကာလ စိန်ခေါ်မှုများကို ပုခုံးတွန့်သွားနိုင်ခဲ့ပါတယ်။

BRICS နိုင်ငံများအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကို သတ်မှတ်သုံးစွဲဖို့ကိစ္စနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် ပြောဆို နေကြပေမယ့် အင်္ဂါနေ့ ထိပ်သီးအစည်းအဝေးကျင်းပမှာ ဖြစ်ကြောင်း အစီအစဉ်ဇယားထွက်ပေါ်ချိန်အထိ ခိုင်မာတဲ့ အဆိုပြုချက်များ ထွက်ပေါ်လာခြင်း မရှိပါဘူး။ ဒါပေမဲ့ ထွန်းသစ်စနိုင်ငံများအနေနဲ့ “Buck” လို့ ခေါ်တဲ့ အစိမ်း သုံးစွဲမှုအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့အတွက် မိမိတို့ရဲ့ကိုယ်ပိုင်ငွေကြေးကို အသုံးပြုပြီး ကုန်သွယ်မှုတိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြမှာဖြစ်ပါတယ်။

BRICS မှာ “ဖွံ့ဖြိုးရေးဘဏ်” ထူထောင်ထားတာ ရှိပါတယ်။ အဲဒီဘဏ်က လက်ရှိ နိုင်ငံတကာရောင်းဝယ်ဖို့ ငွေကြေးအသစ်ကို ရှာဖွေမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ BRICS နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး ကျင်းပစဉ် တောင်အာဖရိကနိုင်ငံခြားရေး၀န်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့နိုင်ငံတကာဘဏ္ဍာရေး သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေရန် အထူးစိတ်အားထက်သန်နေတဲ့ တရုတ်-ရုရှားနည်းတူ တောင်အာဖရိကလည်း တစ်အိုးစား တည်းဖြစ်ပါတယ်။

BRICS အဖွဲကို ၂ဝဝ၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပါတယ်။ မူလက အဲဒီဝေါဟာရဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ရဲ့ စီးပွားရေးထွန်းပေါ်လာမှုကို ရည်ညွှန်းဖို့အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ် “ဂိုးလ်မန်း _ဆာ့ခ်ျ” က စီးပွားရေးပညာရှင် “ဂျင်အိုနီးလ်” က ရည်ညွှန်းတဲ့ BRIC အတိုင်းသာဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် တောင် အာဖရိကနိုင်ငံက ပူးပေါင်းလာတဲ့အခါ “S” တစ်လုံး တိုးလာခဲ့ပါတယ်။ (ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များကို ပိုင်ဆိုင်တဲ့) ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ဗင်နီဇွဲလား အပါအဝင် နိုင်ငံပေါင်း ၂ဝ ကျော်တို့ဟာ BRICS မှာ ပါဝင် ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။

၂ဝ၁၅ ခုနှစ်မှာ BRICS နိုင်ငံများက အမေရိကန်နဲ့ ဥရောပကြီးစိုးတဲ့ “နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ် WB တို့ကို အစားထိုးဖို့အတွက် “ဖွံ့ဖြိုးရေးဘဏ်အသစ်” စတင်ခဲ့ပါတယ်။ အဲဒီဘဏ်ဟာ ဖွံံဖြိုးဆဲ နိုင်ငံတွေ အထူးသဖြင့် အာဖရိကနိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးနဲ့ စီးပွားကျဆင်းနေမှုကို ကယ်ဆယ်နိုင်လိမ့်မယ်လို့ အကြီးအကျယ် မျှော်လင့်ထားကြပါတယ်။

အာဖရိကဒေသတွင်းငွေကြေးများကို အသုံးပြုပြီး ကုန်သွယ်တဲ့စနစ်ဖြစ် ထွန်းလာဖို့ တိုက်တွန်းနေပါတယ်။ “အာဖရိက အရှေ့ပိုင်းနိုင်ငံချင်းအတူတူ တစ်ခေါ်လောက်သာဝေးတဲ့ ဒီဂျာဘူတီနဲ့ ကင်ညာတို့အကြား ကုန်သွယ် ရေးတစ်စိတ်တစ်ပိုင်းကို အမေရိကန်ဒေါ်လာနဲ့ ပေးချေနေကြတာ ဘာ့ကြောင့်လဲ” လို့ ကင်ညာသမ္မတရဲ့ယခုနှစ် မှတ်ချက်ဟာ နိုင်ငံအတော်များများကို လှုပ်နှိုးလိုက်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အနောက်အုပ်စုရဲ့လွှမ်းမိုးချုပ်ကိုင်မှုကို ဖြေလျော့ပြီး ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံအချင်းချင်း ကြား သာတူညီမျှ လွှမ်းမိုးမှုရှိတဲ့ ကမ္ဘာ့စနစ်သစ် တံခါးကိုဖွင့်ဖို့ မရိုးမရွဖြစ်နေကြပါတယ်လို့ ယူဂန်ဒါနိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ သူ့့နိုင်ငံဟာ လိင်တူဆက်ဆံမှုမှာ သေဒဏ်ပြဌာန်းတဲ့အတွက် ကမ္ဘာ့ဘဏ်က ချေးငွေအစီအစဉ်ကို ရပ်ဆိုင်းခံထားရပါတယ်။ (တကယ်တော့ အာဖရိကနိုင်ငံအတော်များများမှာ ယောက်ျားချင်း ဟိုဒင်းပြုတဲ့ကိစ္စဟာ ထမင်းစား ရေသောက်လို ဖြစ်နေပါတယ်။ HIV ရောဂါပြန့်ပွားဖို့ စနက်တံဖြစ်နေပြီး ကုသရန် ခက်ခဲတဲ့ အဲဒီရောဂါကြောင့် မူလတည်းက အနည်းစုသာကျန်ရှိနေတဲ့ လူမျိုးနွယ်အချို့ဟာ မကြာခင် မျိုးသုဉ်း ပျောက်ကွယ်သွားကိန်း ကြုံနေပါတယ်။ သာသာပြန်သူ)

“တရုတ် ဒါမှမဟုတ် အာဂျင်တီးနားနဲ့ ကုန်သွယ်မှုလုပ်ဖို့ ဘရာဇီးက အမေရိကန်ဒေါ်လာကို ဘာကြောင့် လိုအပ် နေမှာလဲ။ ကိုယ့်နိုင်ငံသုံး ငွေကြေးနဲ့တင် ရောင်းဝယ်လို့ရရမယ်” လို့ တောင်အမေရိက အကြီးဆုံးစီးပွားရေးနိုင်ငံ ဖြစ်တဲ့ ဘရာဇီးသမ္မတ”လူလာ_ဒါ_ဆီလ်ဗာ“ က ယခုလအတွင်း သတင်းထောက်တွေကို ပြောပြပါတယ်။ ဘရာဇီးဟာ တောင်အမေရိကနိုင်ငံများ အစုအဖွဲ့နဲ့ BRICS တို့အကြား ဘုံငွေကြေးတစ်ရပ် ထွန်းပေါ်လာဖို့ ပံ့ပိုးနေ ပါတယ်။

ဖွံ့ဖြိုးဆဲကမ္ဘာရှိ ဝေဖန်ရေးသမားတွေကတော့ လွန်ခဲ့တဲ့နှစ် ယူကရိန်း ကျူးကျော်မှုနောက်ပိုင်း ရုရှားအပေါ် ဘဏ္ဍာ ရေးပိတ်ဆို့မှုများ ချမှတ်ရာမှာ ကတ်တီးကတ်ဖဲ့လုပ်သူများအပေါ် အမေရိကန်က သူ့ရဲ့နိုင်ငံတကာသြဇာလွှမ်းမိုးမှု ကို အသုံးချဖို့ ဆန္ဒရှိနေခြင်းနဲ့ပတ်သက်ပြီး အထူးတလည် မကျေမနပ်ဖြစ်နေကြပါတယ်။

ဒေါ်လာဈေးအတက်အကျများဟာ သူတို့ရဲ့စီးပွားရေးကို မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ ညည်းတွားနေကြပါ တယ်။ ဥပမာအားဖြင့် ဒေါ်လာဈေးတက်လာခြင်းဟာ အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲထုတ်ယူသွားခြင်း ဖြင့် နိုင်ငံရပ်ခြားမှာ မငြိမ်မသက်ဖြစ်စေနိုင်ပါတယ်။ ဒေါ်လာနဲ့သတ်မှတ်ထားတဲ့ချေးငွေကို ပြန်ဆပ်ခြင်းနဲ့ ဒေါ်လာ နဲ့စျေးနှုန်းသတ်မှတ်ထားတဲ့ တင်သွင်းကုန်ပစ္စည်းများကို ဝယ်ယူရာမှာလည်း ကုန်ကျစရိတ် တိုးမြင့်လာစေပါတယ်။


အမေရိကန်ဗဟိုဘဏ်မှ သုတေသီများ၏ တွက်ချက်မှုများအရ ဒေါ်လာငွေ အသုံးပြုမှုဟာ ၁၉၉၉ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ အမေရိကတွင် ကုန်သွယ်မှု ၉၆ ရာခိုင်နှုန်း၊ အာရှတွင် ကုန်သွယ်မှု ၇၄ ရာခိုင်နှုန်းနဲ့ ဥရောပပြင်ပရှိ အခြားနေရာအသီးသီးတို့ရဲ့ ကုန်သွယ်မှုမှာ ၇၉ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါတယ်။

သို့သော်လည်း ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ယူရိုနဲ့ တရုတ်ယွမ်ငွေဘက်ကို ခြေဦး လှည့်လာတဲ့အတွက် မကြာသေးမီနှစ်များအတွင်း နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးမှာ ဒေါ်လာငွေ ပါဝင်မှု ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

စတင်မိတ်ဆက်ပြီး ၂၄ နှစ်အကြာမှာ ကမ္ဘာ့နံပါတ် ၂ ငွေကြေးဖြစ်လာတဲ့ ယူရိုငွေဟာ ဒေါ်လာနဲ့ပြိုင်ပြီး နိုင်ငံတကာ စုတ်ယူခံနိုင်တဲ့အထိ အဆင်သင့် မဖြစ်သေးကြောင်း၊ ကမ္ဘာ့ဈေးကွက်များမှာ ယွမ်ငွေကို အသုံးပြုပြီး လွတ်လပ်စွာ ကူးသန်းရောင်း၀ယ်ခွင့်ပြုဖို့ ပေကျင်းက ငြင်းဆန်နေခြင်းဟာလည်း အကန့်အသတ်ဖြစ်နေကြောင်း၊ ဒေါ်လာနေရာ မှာ အခြားအစားထိုးလိုက်တဲ့ ငွေကြေးဟာ နိုင်ငံတကာကို လွှမ်းမိုးတဲ့အဆင့်ထိ ရောက်ရှိအောင် မတတ်နိုင်သေးပဲ ရှိနေကြောင်း၊ ဒါကြောင့် အခုချက်ချင်းကြီး BRICS ရဲ့ ငွေကြေးအသစ်တစ်ခုရလိမ့်မယ်ဆိုတဲ့အယူအဆက အချိန်ယူဖို့နဲ့ ယုံကြည်မှုရှိဖို့လည်း လိုအပ်ကြောင်း၊ လမ်းကြောင်းက အရမ်းရှည်လျှားပါတယ်လို့ အမေရိကန် တုဖ်တက္ကသိုလ် ဖဲလ်ချာစကူး နိုင်ငံတကာရေးရာဌာနမှ အကြီးတန်းဖဲလိုးရှစ်တစ်ဦးက မှတ်ချက်ပေးခဲ့

ပါတယ်။

#ဒေါ်လာငွေအစားထိုးသုံးစွဲရေး #BRICS #ယူရိုငွေကြေး #တရုတ်_ယွမ်ငွေ 

(AP.,19 August 2023,” Emerging economies are pushing to end the dollar’s dominance. But what’s the alternative?” ကို #HtayOung , #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပို့ကုန်ရငွေ ဒေါ်လာဝင်ရောက်မှုမရှိသည့် ကုမ္ပဏီ(၇ဝ)ခန့်ကို တရားစွဲဆိုထား၊ နောက်ထပ်ကုမ္ပဏီ(၈ဝ)ခန့်ကိုလည်း တရားစွဲရန် ပြင်ဆင်နေဟုဆို

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved