Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအတွက် import လိုင်စင်လျှောက်ထားမှုဖြေလျော့ပေးပါက ပြည်တွင်းလျှပ်စစ်ကဏ္ဍတွင် တိုးတက်မှုများပိုရှိလာနိုင်ဟုဆို

ပုံစာ - ပြည်တွင်း၌ ရောင်းချနေသည့် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအား တွေ့ရစဉ်


ယွန်း (NSS) - သြဂုတ် ၁၉

ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို import လိုင်စင်လျှောက်ထားခွင့်ဖြေလျော့ပေးရေးအတွက် ပြည်တွင်းရှိ ဆိုလာပစ္စည်းများ တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်အချို့က ဆန္ဒရှိနေကြသည်။


ဆိုလာစနစ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လျှပ်စစ်မီးပြဿနာကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနေသည့် ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခုဖြစ်ပြီး အခြားစီမံကိန်းများထက် ကုန်ကျစရိတ်ပိုမိုသက် သာသည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

“ဆိုလာ energy က ခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အရမ်းကိုလိုအပ်တဲ့ solution လို့ထင်ပါတယ်။ တခြား solution တွေကြတော့ ရေအားလျှပ်စစ်ထပ်ဆောက်မယ်ဆိုရင်လည်း ကုန်ကျ စရိတ်တွေအရမ်းများတယ်။ ဆိုလာကျတော့ တစ်အိမ်လုံးစာပဲတပ်မလား၊ စက်ရုံတစ်ရုံစာလေးပဲတပ်မလား တစ်ပိုင်တစ်နိုင်ပဲဖြစ်တဲ့အတွက် ဆိုလာကတော့ လိုအပ်တယ်လို့ ထင်ပါတယ်”ဟု ဆိုလာတင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက NSS ကိုပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းလျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှတင်သွင်းမှုအပေါ် ပြီးခဲ့သည့် ဧပြီလ(၁)ရက်မှစ၍ အကောက် ခွန်ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်အထိ import လိုင်စင်လျှောက်ထားခွင့်အား ဖြေလျော့ပေးခြင်းမရှိကြောင်း ပြည်တွင်းရှိ ဆိုလာပစ္စည်းများ တင်သွင်းရောင်းချနေသူများထံမှ သိရသည်။

“တခြားပစ္စည်းတွေ import လိုင်စင်တွေဆို အရမ်းစောင့်ရတာတွေရှိတယ်။  ဆိုလာပစ္စည်းတွေဆိုရင်တော့ လိုင်စင်ရတာ နည်းနည်းတော့မြန်တယ်။ ဒါပေမယ့် လိုင်စင်ကင်းလွတ်ခွင့်မရှိတာတော့ ရှိနေပါသေးတယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ဆိုလာနဲ့ပတ်သက်တဲ့ပစ္စည်းတွေ အကုန်လုံးပေါ့ ဆိုလာပါမယ်၊ အင်ဗာတာပါမယ် တခြားဆက်စပ်ပစ္စည်းတွေအကုန်လုံးကို import လိုင်စင်လုံးဝလျှောက်စရာမလိုတဲ့ အနေအထားတစ်ခုကို သတ်မှတ်လိုက်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေလာမယ်လို့ ထင်မိပါတယ်။ အခုကတော့ အဲဒီအပိုင်းကတော့ မရှိသေးဘူးပေါ့” ဟု အခြားသော ဆိုလာတင်သွင်းရောင်းချသူ လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောသည်။

လက်ရှိတွင် ဆိုလာစနစ်ကို စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များနှင့် လူလတ်တန်းစားများက အသုံးများလာကြောင်းသိရပြီး အိမ်သုံးတစ်နိုင်တစ်ပိုင်အတွက် ငွေကျပ်(၃)သိန်း၊ (၄)သိန်းမှ စတင်ကာ ဆိုလာတပ်ဆင်နိုင်ကြောင်း ၎င်းက ပြောသည်။

“စက်ရုံတွေနဲ့ လူလတ်တန်းစားတွေကတော့ အများဆုံးသုံးကြတာပေါ့။ အခြေခံလူတန်းစားတွေကြတော့ ဆိုလာတော့သုံးကြတယ် အသေးလေးတွေလောက်ပဲ သုံးကြတာပေါ့။ သုံးတဲ့သူရဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့ အိမ်သုံး system ကိုမှ (၃)၊(၄)သိန်းလောက်ကနေ သိန်းရာချီတဲ့အထိ ဖြစ်သွားမှာပေါ့။ quality ကိုဦးစားပေးတာလား။ ခုလက်ရှိ မီးမြန်မြန်ရဖို့ကိုပဲ ဦးစားပေးမှာလားဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ အခြေအနေကတော့ ကွာသွားတာပေါ့”ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းလျက်ရှိကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်သူများ၊ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာများပေါ်တွင် တပ်ဆင်ထားသည့် အသေးစားဆိုလာစနစ်မှ ဓာတ်အားများကို ပြန်လည်ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလက ထုတ်ပြန်ထားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ  လျှပ်စစ်ဓာတ်အား (၁ဝဝ) ကီလိုဝပ်မှ (၁)မဂ္ဂါဝပ်အထိကို (၈၅)ကျပ်နှုန်းဖြင့် လည်းကောင်း ၊ (၁)မဂ္ဂါဝပ်အထက်မှ (၁၀)မဂ္ဂါဝပ်အထိကို (၈ဝ) ကျပ်ဖြင့်လည်းကောင်း ဝယ်ယူသွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိပြီး အဆိုပါ ပမာဏသည် နည်းနေကြောင်း ဆိုလာပစ္စည်းများ တင်သွင်းရောင်ချသည့် လုပ်ငန်းရှင်များက သုံးသပ်ပြောကြားထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမေရိကန်ကင်းထောက်လေယာဉ်ကို ဟန့်တားခဲ့ရဟု မြောက်ကိုရီးယားစစ်ဘက်ပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved