Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
BRICS ထိပ်သီးအစည်းအဝေးနဲ့ တရုတ်-အာဖရိကခေါင်းဆောင်များရဲ့တွေ့ဆုံဆွေးနွေးပွဲကို တရုတ်သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်တက်ရောက်မယ်

ဂျန်ဇက် (NSS) - သြဂုတ် ၁၈

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ၁၅ ကြိမ်မြောက် BRICS  ထိပ်သီးအစည်းအဝေးနဲ့ တရုတ်-အာဖရိကခေါင်းဆောင်များရဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Hua Chunying က ပြောပါတယ်။

တရုတ်သမ္မတဟာ အဆိုပါအစည်းအဝေးများကိုတက်ရောက်ဖို့အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် တောင်အာဖရိကနိုင်ငံကို လာမယ့် သြဂုတ် ၂၁ ရက်က စတင်ပြီး ၃ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။


BRICS  ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ ဂျိုနသန်ဘတ်မြို့မှာ ကျင်းပမှာဖြစ်ပြီး တောင်အာဖရိက သမ္မတ ရာမာဖိုဆာ၊ ဘရာဇီးသမ္မတ လူဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗား၊ အိန္ဒိယဝန်ကြီးချုပ်တို့ဟာ သြဂုတ် ၂၂ ရက်ကနေ ၂၄ ရက်အထိ တွေ့ဆုံဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ရုရှားသမ္မတပူတင်ကတော့ နိုင်ငံတကာရာဇဝတ်ရုံးရဲ့ဖမ်းဝရမ်းထုတ်ခံရခြင်းကြောင့် တောင်အာဖရိကနိုင်ငံကို သွားရောက်ချိန်မှာ ဖမ်းခံရဖွယ်ရှိနေတဲ့အတွက် BRICS  ထိပ်သီးအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်မှာ မဟုတ်ကြောင်း သိရပါတယ်။ BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့နဲ့ ဖွဲ့စည်းထားပြီး၊ အဖွဲ့အစည်းကိုတိုးချဲ့သွားဖို့ အစီအစဉ်ရှိနေရာ လာမယ့်ထိပ်သီးအစည်းအဝေးအတွင်း အဓိကထား ဆွေးနွေးဖွယ်ရှိနေပါတယ်။

ဒါ့အပြင် တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အာဖရိက-တရုတ်ခေါင်းဆောင်များဆွေးနွေးပွဲမှာ တောင်အာဖရိကသမ္မတနဲ့အတူ ပူးတွဲသဘာပတိတာဝန်ယူမှာဖြစ်ပါတယ်။ တရုတ်သမ္မတဟာ ဒီနှစ်အတွင်း ပြည်ပနိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်တာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လက ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ဖူးကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ အပါအဝင် အာရှပစိဖိတ်ဒေသအတွင်းနိုင်ငံများနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်မယ်လို့ ရုရှားစစ်ဘက်ပြော

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved