မြန်မာနိုင်ငံ အပါအဝင် အာရှပစိဖိတ်ဒေသအတွင်းနိုင်ငံများနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်မယ်လို့ ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၁၈
ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် အာရှပစိဖိတ်ဒေသအတွင်းနိုင်ငံများနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတောင့်တင်းလာအောင် လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးဟာ ၁၁ ကြိမ်မြောက်ကျင်းပတဲ့ Moscow Conference on International Security ပွဲမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးက "အာရှ-ပစိဖိတ်ဒေသအတွင်းနိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု နောက်ထပ် အားကောင်းလာအောင်လုပ်ဆောင်မယ်။ အိန္ဒိယနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသမှာ ကျွန်တော်တို့ရဲ့အဓိက မဟာမိတ်နိုင်ငံဖြစ်တယ်။ ဒါ့အပြင် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေရှ့်၊ လာအိုနိုင်ငံတို့ နဲ့အတူ ကိုလိုနီစနစ် ဆန့်ကျင်တိုက်ဖျက်ရေးအတွေ့အကြုံတွေကို မျှဝေသွားမှာပါ" လို့ ပြောပါတယ်။
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ Moscow Conference on International Security အစည်းအဝေးကို နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာစစ်ရေးကျွမ်းကျင်သူများ၊ သံတမန်များတက်ရောက်ခဲ့ပြီး အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပတိုက်နဲ့ လက်တင်အမေရိက လုံခြုံရေးကိစ္စများအပြင် ဒေသအတွင်း လုံခြုံရေးနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါအစည်းအဝေးပွဲကို နိုင်ငံပေါင်း ၇၆ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၈ဝဝ ကျော် တက်ရောက်ခဲ့ပြီး အနောက် အုပ်စုနိုင်ငံများရဲ့ကိုယ်စားလှယ်များ ဧည့်သည်တော်စာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ ရုရှားနဲ့ မြန်မာ နိုင်ငံကြားအပြန်အလှန်ဆက်ဆံရေးဟာ ၂ဝ၂၁ ခုနှစ်နောက်ပိုင်းမှာ ပိုမိုကောင်းမွန်လာခဲ့ပြီး နှစ်နိုင်ငံစလုံးရဲ့ အစိုးရ အဖွဲ့အကြီးအကဲတွေဟာ အပြန်အလှန်သွားရောက်လည်ပတ်မှုများရှိခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် မဏိပူရပြည်နယ်၏ လူမျိုးရေးပြဿနာ များ ပိုမိုကြီးထွားလာ (ဆောင်းပါး)
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း