မန္တလေး၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြေအောက်ရေကန်စလပ်ပြားများ ဖြုတ်ယူနေစဉ် အမျိုးသား (၂)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၈
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြေအောက်ရေကန်အတွင်း အမျိုးသား(၂)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ထာဝရတွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဩဂုတ်လ ၁၈ ရက်)၊ နံနက် ၉နာရီ ၅မိနစ်အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၅၈(C)လမ်း၊ အကွက်အမှတ်(ဒဒ-၁၃)၊ (ဆ)ရပ်ကွက်ရှိ ဆောင်လက်စအဆောက်အဦး၏ မြေအောက်ရေကန်အတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"တိုက်ဆောက်နေတဲ့ လုပ်ငန်းခွင်ပေါ့နော်။ အဲဒီမှာ ကွန်ကရစ်လောင်းပြီးသား သစ်သားပြားတွေ ဆင်းဖြုတ်ရင်းကနေ အောက်စီဂျင်ပြတ်ပြီး ရေနစ်ဆုံးတာလို့ သိရတယ်"ဟု ထာဝရတွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသား(၂)ဦးသည် အသက်(၃၀)နှစ်နှင့် (၄၀)နှစ်ဝန်းကျင်အရွယ်များဖြစ်ကြပြီး အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများဖြစ်ကြောင်း သိရသည်။
၎င်းတို့အား ထာဝရတွဲလက်များလူမှုကူညီရေးအသင်းနှင့် လောကပါလ လူမှုကူညီရေးအသင်းမှ လူနာ တင်ယာဉ်(၂)စီးဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
H&M အဝတ်ထည်ကုမ္ပဏီက မြန်မာနိုင်ငံရှိအရင်းမြစ်များထံကနေ အဝတ်အထည်များ ရယူနေခြင်းကို ရပ်တန့်ဖို့ ဆုံးဖြတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း