ဖခင်ဖြစ်သူကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည့် အမေရိကန်နိုင်ငံသားကို ကွပ်မျက်ခဲ့ကြောင်း ဆော်ဒီအာရေးဗျအစိုးရ ပြော
Pika (NSS) - သြဂုတ် ၁၇
ဆော်ဒီအာရေးဗျနိုင်ငံသည် ဖခင်ဖြစ်သူကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အမေရိကန်နိုင်ငံသားတစ်ဦးကို ဩဂုတ်လ(၁၆)ရက်တွင် ကွပ်မျက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါကွပ်မျက်မှုကြောင့် ဆော်ဒီအာရေးဗျနိုင်ငံတွင် ယခုအတွင်း ကွပ်မျက်ခံရသည့် နိုင်ငံခြားသားအနည်းဆုံး (၁၉)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
Bishoy Sharif Naji Naseef အမည်ရှိ အမျိုးသားကို ကွပ်မျက်မှုအား Riyadh ဒေသတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီသတင်းဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ ဆော်ဒီအာရေးဗျနိုင်ငံသည် ကွပ်မျက်မှုများကို လုပ်ဆောင်နေခြင်းကြောင့် လူအခွင့်အရေးအဖွဲ့များက မကြာခဏ ပြစ်တင်ဝေဖန်လေ့ရှိကြောင်း သိရသည်။
သို့သော်လည်း ကွပ်မျက်ခံရသော Sharif Naji Naseef ၏ အသက်ကို တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ Sharif Naji Naseef သည် ၎င်း၏ ဖခင်ဖြစ်သူအား ရိုက်နှက်ကာ လည်ပင်းညှစ်သတ်ခဲ့ပြီးနောက် ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ခဲ့ကြောင်း ဆော်ဒီအာရေးဗျတရားရုံးက ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းသည် မူးယစ်ဆေးဝါးများသုံးစွဲကာ အခြားလူတစ်ဦးကိုလည်း သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း ဆော်ဒီသတင်းဌာနက ဖော်ပြခဲ့သည်။ Sharif Naji Naseef အား မည်ကဲ့သို့ ကွပ်မျက်ခဲ့သည့်ဆိုသည့်အချက်ကို အတိအကျဖော်ပြထားခြင်းမျိုးမရှိသော်လည်း ဆော်ဒီအာရေးဗျနိုင်ငံသည် ယခင်က သေဒဏ်ပေးမှုများကို စီရင် သည့်အခါတွင် ခေါင်းဖြတ်ကွပ်မျက်လေ့ရှိကြောင်း သိရသည်။ Sharif Naji Naseef ကို ကွပ်မျက်မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံဖက်က မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MAI အနေဖြင့် အရှေ့အလယ်ပိုင်း နှင့် အရှေ့မြောက်အာရှဒေသများသို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း