လာမည့်ထိပ်သီးအစည်းအဝေးတွင် BRICS အဖွဲ့ကို အင်အားချဲ့ထွင်နိုင်ရန် ဆွေးနွေးသွားမည်
Pika (NSS) - သြဂုတ် ၁၇
BRICS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များသည် ကမ္ဘာ့ရေးရာများတွင် အနောက်အုပ်စုနိုင်ငံများ၏ လွှမ်းမိုးမှုမျာားကို စိန်ခေါ်နိုင်သော အင်အားစုအဖြစ် မည်သို့ပြောင်းလဲရမည်ဆိုသည့််အချက်ကို လာမည့်ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
BRICS အဖွဲ့ဝင်ဖြစ်ခွင့်ရရန် နိုင်ငံအများအပြားက တောင်းဆိုမှုများရှိနေသည့်အချိန်တွင် တောင်အာဖရိကနိုင်ငံတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့ ဘရာဇီး၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သော်လည်း ရုရှားသမ္မတပူတင်က တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်သည် ယူကရိန်းနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟုဆိုကာ နိုင်ငံတကာရာဇဝတ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် BRICS ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်ရန် ပူတင်ကို တောင်အာဖရိကသမ္မတဆိုင်ရေးရာမာဖိုဆာက တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
တောင်အာဖရိကနိုင်ငံတွင် ဩဂုတ်လ(၂၂)ရက်မှ (၂၄)ရက်အတွင်း ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင်၊ ဘရာဇီးသမ္မတ လူလာဒီဆေးလ်ဗား နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ တက်ရောက်မည်ဖြစ် ကြောင်းလည်း သိရသည်။
ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည့်အစီအစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ အနည်းငယ်ထွက်ပေါ်လာသော်လည်း နိုင်ငံပေါင်း(၄ဝ)ခန့်က တရားဝင် (သို့မဟုတ်) အလွတ်သဘောဖြင့် ပါဝင်ရန် စိတ်ဝင်စားနေကြောင်း ဆိုင်ရေးရာမာဖိုဆာ က ပြောကြားခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ရရန် တောင်းဆိုနေ သူများထဲတွင် ဆော်ဒီအာရေးဗျ၊အာဂျင်တီးနား နှင့် အီဂျစ်တို့လည်း ပါဝင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပန်းဆိုးတန်းဆိပ်ကမ်းတွင် ပုတ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ