Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရာတွင် အခြေခံဥပဒေချိုးဖောက်သည့် ပါတီများ မဖြစ်ရန်လိုအပ်ဟု နစကအကြီးအကဲပြော

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၄

နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ပါတီများ မဖြစ်ရန်လိုအပ်ကြောင်း နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ဇန်နဝါရီလ ၂၃ ရက်တွင် နေပြည်တော်၌ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများ ရှိနေရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်းနိုင်ရေးမှာလည်း အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများအရ ပါတီများပြားသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကို တွေ့ရကြောင်းနှင့် နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များအစုအဖွဲ့တစ်ခုအနေဖြင့်သာ လုပ်ဆောင်နိုင်သည်ကို တွေ့ရှိရကြောင်း နစကအကြီးအကဲက မှတ်ချက်ပြုထားသည်။

ထို့ကြောင့် ပါတီများအားလုံးအနေဖြင့် ယခုထက် ပိုမိုကျစ်လစ်ခိုင်မာစွာနှင့် စည်းစနစ်ကျစွာဖွဲ့စည်းနိုင်ရန်လိုအပ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ဆောင်ရွက်ခဲ့ရာ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်နေကြောင်း ၎င်းက ဖွင့်ဟပြောဆိုထားသည်။ အဆိုပါဥပဒေအား ထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြုထုတ်ပြန်သွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပါတီများကို မှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများ မဖြစ်ရန်လည်း လိုအပ်ကြောင်း နစကအကြီးအကဲက ထည့်သွင်းပြောဆိုထားသည်။

ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း (၉ဝ)ကျော်ရှိသော်လည်း (၈၈)ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့အထဲမှ (၁၉)ပါတီသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရ သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများပြားနေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုသည် အားနည်းနေသည်ကို တွေ့ရှိရပြီး နိုင်ငံရေးပါတီများအနေဖြင့် မိမိအပေါ်ထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်းအင်အားရှိစွာဖြင့် ကိုယ်စားပြုနိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြံပြုထားသည်။


zawgyi version

ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ရာတြင္ အေျခခံဥပေဒခ်ိဳးေဖာက္သည့္ ပါတီမ်ား မျဖစ္ရန္လိုအပ္ဟု နစကအႀကီးအကဲေျပာ

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၄

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မွတ္ပုံတင္ရာတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္သည့္ ပါတီမ်ား မျဖစ္ရန္လိုအပ္ေၾကာင္း နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

၎က ဇန္နဝါရီလ ၂၃ ရက္တြင္ ေနျပည္ေတာ္၌ျပဳလုပ္ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေ႐ြးေကာက္ပြဲ ျပဳလုပ္ရန္အတြက္ ႏိုင္ငံေရးပါတီမ်ား ရွိေနရမည္ျဖစ္ၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒျပ႒ာန္းႏိုင္ေရးမွာလည္း အေရးႀကီးေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ယခင္က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲအေတြ႕အႀကဳံမ်ားအရ ပါတီမ်ားျပားေသာ္လည္း လႊတ္ေတာ္၌ ပါဝင္ခြင့္ရသည့္ပါတီမွာ နည္းပါးသည္ကို ေတြ႕ရေၾကာင္းႏွင့္ ႏိုင္ငံေရးပါတီမ်ားျပားၿပီး ပါတီဝင္မ်ားအစုအဖြဲ႕တစ္ခုအေနျဖင့္သာ လုပ္ေဆာင္ႏိုင္သည္ကို ေတြ႕ရွိရေၾကာင္း နစကအႀကီးအကဲက မွတ္ခ်က္ျပဳထားသည္။ ထို႔ေၾကာင့္ ပါတီမ်ားအားလုံးအေနျဖင့္ ယခုထက္ ပိုမိုက်စ္လစ္ခိုင္မာစြာႏွင့္ စည္းစနစ္က်စြာဖြဲ႕စည္းႏိုင္ရန္လိုအပ္ၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒကို ျပန္လည္သုံးသပ္ေဆာင္႐ြက္ခဲ့ရာ ျပင္ဆင္သင့္သည့္အခ်က္မ်ားကို ျပင္ဆင္ျပ႒ာန္း ႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း ၎က ဖြင့္ဟေျပာဆိုထားသည္။ အဆိုပါဥပေဒအား ထပ္မံသုံးသပ္ျပင္ဆင္ၿပီးပါက အတည္ျပဳထုတ္ျပန္သြားမည္ဟုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုထားသည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္လည္း ပါတီမ်ားကို မွတ္ပုံတင္ေဆာင္႐ြက္ရာတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္သည့္ ႏိုင္ငံေရးပါတီမ်ား မျဖစ္ရန္လည္း လိုအပ္ေၾကာင္း နစကအႀကီးအကဲက ထည့္သြင္းေျပာဆိုထားသည္။ ၿပီးခဲ့ေသာ ၂ဝ၂ဝ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ ပါတီေပါင္း (၉ဝ)ေက်ာ္ရွိေသာ္လည္း (၈၈)ပါတီသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၎တို႔အထဲမွ (၁၉)ပါတီသာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းခံခဲ့ရေၾကာင္း သိရ သည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးပါတီမ်ားျပားေနၿပီး ပါတီအလိုက္ ျပည္သူကို ကိုယ္စားျပဳႏိုင္မႈသည္ အားနည္းေနသည္ကို ေတြ႕ရွိရၿပီး ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မိမိအေပၚေထာက္ခံသည့္ ျပည္သူမ်ားကို စုစုစည္းစည္းအင္အားရွိစြာျဖင့္ ကိုယ္စားျပဳႏိုင္ရန္ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အႀကံျပဳထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သစ်တော‌မြေဧက(၅ဝ)နီးပါးကို ကျူးကျော်ဝင်ရောက် အသုံးပြုထားသူများအနက်မှ ဖယ်ရှားခြင်းမရှိသေးသူများကို အရေးယူရန် ပြင်ဆင်နေ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved