Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝါရှင်တန်ကွန်ဂရက်အမတ်များ ဒါကာသို့ရောက်ရှိခဲ့ပြီး အစိုးရအရာရှိကြီးများ အတိုက်အခံနိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

Htay Oung (NSS) - ဩဂုတ် ၁၇

မကြာသေးခင်က လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ် နှစ်ဦးရဲ့ ခရီးစဉ်ဟာ အမေရိကန်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန် ဝါရှင်တန်ရဲ့ ကတိကဝတ်ကို ဆက်လက်အလေး ပေးကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်တယ်လို့ Dhaka Tribune က ဩဂုတ်လ ၁၅ ရက်မှာရေးသားပါတယ်။


အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်နှစ်ဦးတို့ဖြစ်ကြတဲ့ ရစ်မက်ကော်မစ်နဲ့ အက်ဒ်ကေ့စ်တို့ဟာ အင်္ဂါနေ့ (ဩဂုတ်လ ၁၅ ရက်)မှာ ဒါကာမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။ လေးရက်ကြာ ခရီးစဉ်အတွင်း သူတို့နှစ်ဦးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူလ်မိုမန်၊ အာဏာရ အဝါမီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များ၊၊ အတိုက်အခံ BNP ပါတီနဲ့ ဂျတ်တီယာပါတီ၊ အရပ်ဘက် လူ့အဖွဲ့အစည်းဝင်များ၊ အခြားလူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူတို့ဟာ ကော့ခ်ဘဇားရှိ ဒုက္ခသည် ဘင်္ဂါလီစခန်းများသို့လည်း သွားရောက်ခဲ့ပြီး ဒုက္ခသည်များ ကယ် ဆယ်ရေးနဲ့ နေရပ်ပြန်ရေးဆိုင်ရာ ကော်မရှင်နာရုံးမှ ကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့ပါတယ်။ “ဒါမွန်ဒီ-၃၂ အထိန်းအမှတ်ကို” သွားရောက်ကြပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသားခေါင်းဆောင်ကြီး “ဘန်ဂါဘန်ဒူရှိတ်မူဂျီဘူရ်ရာမန်“ ရဲ့ ရုပ်ထုရှေ့မှာ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

ကွန်ဂရက် အမတ်နှစ်ဦးရဲ့ ခရီးစဉ်ဟာ အမေရိကန်က စိတ်ဝင်တစားရှိနေတဲ့ ဇန်နဝါရီလ ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲ မတိုင်မီဖြစ်ပါတယ်။ ဘိုင်ဒန်အစိုးရကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ပေါ်စေဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ရေး မူဝါဒကို ကြေညာထားပြီးဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ဘယ်လိုကျင်းပသင့်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အဓိက ပါတီကြီး နှစ်ခု ဖြစ်တဲ့ အဝါမီလိခ်နဲ့ BNP တို့ဟာ ရှားစောင်းစေးနဲ့ မျက်ချေးလို ရှိနေကြပါတယ်။ စောစောပိုင်းကတည်းက ဘင်္ဂလားဒေ့ရ်ှရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ဝင်ရောက်စွက်ဖက်ဖို့အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်မှ အဖွဲ့ဝင် ခြောက်ဦးတို့က သမ္မတ ဂျိုးဘိုင်ဒန်တို့ တောင်းဆိုခဲ့ကြပါတယ်။

အခြား ကွန်ဂရက်လွှတ်တော်အမတ် ၁၄ ဦးတို့ကလည်း တောင်အာရှနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရ်ှအစိုးရအပေါ် (ဖိအားပေး) အရေးယူဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး “လင်ဒါသောမတ်စ်ဂရင်းဖီးလ်"ထံ စာရေးသားတောင်းဆိုခဲ့ပါတယ်။

ကွန်ဂရက်အမတ်နှစ်ဦးတို့ဟာ အဲဒီတောင်းဆိုချက် ဘယ်စာကိုမျှ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသူများဖြစ်နေပါတယ်။ 

ဒါပေမယ့် သူတို့နှစ်ဦးဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် ပါတီများကြား အပေးအယူ လုပ်မယ့် အတိုင်းအတာနဲ့ပတ်သက်ပြီး တီးခေါက် ပြောဆိုတယ်လို့ Dhhaka Tribune က ဆိုပါတယ်။ 

BNP ပါတီက ဆန္ဒရှိနေခြင်းဟာ အစိုးရအဖွဲ့ ဆင်းပေးဖို့ ဖြစ်နေတဲ့အတွက် အပေးအယူလုပ်စရာ ဘာနည်းလမ်းမှ မရှိကြောင်းအဖြေပေးခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် အစိုးရကိုယ်တိုင်လည်း ရွေးကောက်ပွဲ မတိုင်မီ ရာထူးမှ ဆင်းပေးဖို့ တောင်းဆိုခံရတိုင်း ဆင်းပေးနိုင်မှာလားလို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးကမေးခွင်တန် လွှတ်တော်အမတ်များကိုအမတ်မင်းတို့ဆိုရင် မေးခွန်းထုတ်ခဲ့ကြောင်း။ “ဟုတ်ပါ့မလား” “ အဆွေတော်  အဲဒီလိုကိစ္စမှာ ထိုင်ဆွေးနွေးမှာလား” လို့ မေးမြန်းခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရ်ှမှာ သဘောတူညီမှုရရှိဖို့ တောင်းဆိုထားတာ မရှိပါဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို (ရှိတ်ဟာစီနာ အစိုးရကလည်း) လိုလားပါတယ်။ ဒါပေမယ့် ကျွန်တော်များ အတိုက်အခံတွေက ရွေးကောက်ပွဲကို ဂရုမစိုက်ဘူး။ အစိုးရကို ဖြုတ်ချဖို့ပဲ သူတို့က လိုလားတယ်။ ဆွေးနွေးနိုင်တဲ့ ခေါင်းစဉ်တော့မဟုတ်ဘူး” လို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူလ်မိုမန်က အမေရိကန် ကွန်ဂရက်အမတ်နှစ်ဦးက ပြောလိုက်တယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

(ဒါကာကို လာရောက်တဲ့ အမေရိကန် ကွန်ဂရက်အမတ်နှစ်ဦးမှာ ဘင်္ဂလားဒေ့ရ်ှအပေါ် ဖိအားပေး အရေးယူဖို့ တောင်းဆိုသူ အမတ် ၂၀ တွင် ပါ၀င်ခြင်း မရှိသူများဖြစ်နေပါတယ်။ အကယ်၍ အဲ့ဒီ အမတ် ၂၀ အနက် တစ်ဦး သို့မဟုတ် တစ်ဖွဲ့လုံးသာ ဒါကာကို လာရောက်ခဲ့လျှင် ၄င်းတို့အားလုံး ဝါရှင်တန်ကို ပြန်မရောက်တော့ပဲ ဘင်္ဂ လားဒေ့ရ်ှမှာပင် “ဟာလာ” လုပ်ခံရကိန်း ရှိမှန်း ဂျိုးဘိုင်ဒန် ရိပ်မိပုံရပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

( Dhaka Triune., 15 August 2023,” Embassy: US congressmen's visit part of strengthening Washington-Dhaka relations” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူဆယ်နယ်စပ်တွင် မြန်မာ-တရုတ် ငွေလဲနှုန်း မတည်ငြိမ်ခြင်းကြောင့် တရုတ်ငွေ အရောင်းပိတ်

RELATED POSTS
RECENT POSTS
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved