Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံဥက္ကဋ္ဌရာထူးကို မြန်မာက စွန့်လွှတ်ပြီး ၂ဝ၂၇ ခုနှစ်မှ တာဝန်ယူမည်

Htay Oung (NSS) - သြဂုတ် ၁၆

ပြည်တွင်းအခြေအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ချက်အတွက် လာမယ့် ၂ဝ၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာက စွန့်လွှတ်ပြီး ၂ဝ၂၇ ခုနှစ်ရောက်မှ ရယူဖို့ရှိကြောင်း သံတမန်သတင်းရင်းမြစ်များထံမှ သိရှိရတယ်လို့ Thai PBS Worlds က ယမန်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။

အာဆီယံပဋိညာဉ် အပိုဒ် ၃၁ အရ  အဖွဲ့၀င် တစ်နိုင်ငံစီ တစ်နှစ်ကြာ အလှည့်ကျပြောင်းလဲတာဝန်ယူခဲ့ကြတဲ့ အာဆီယံဥက္ကဋ္ဌမှာ လက်ရှိ အင်ဒိုနီးရှားဖြစ်ပြါတယ်။ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ လောနိုင်ငံ၊ ၂ဝ၂၅ ခုနှစ် မလေးရှားနဲ့ ၂ဝ၂၆ ခုနှစ် မြန်မာတို့ဖြစ်ပါတယ်။ မြန်မာအစား ဖိလစ်ပိုင်က တာဝန်ယူပြီး နောက်တစ်နှစ် ၂ဝ၂၇ ခုနှစ်ရောက်မှ မြန်မာက ဆက်လက်ထမ်းဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။


လောလောဆယ် နေပြည်တော်ရဲ့ပြုမူဆောင်ရွက်မှုများဟာ နိုင်ငံအတွင်း လက်ရှိနဲ့ အနာဂတ်ကာလ မရေရာ မသေချာမှုများကို ညွှန်ပြပါတယ်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နစကအစိုးရက အာဏာရယူခဲ့ပါတယ်။ အဲဒီ အချိန်မှစပြီး နေပြည်တော်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး-လူမှုရေးပြဿနာများစွာတို့ကို ရင်ဆိုင်ခဲ့ရပါတယ်။ အရေးကြီးဆုံးကတော့ နစကဟာ PDFs (ခေါ်) ပြည်သူ့ကာကွယ်ရေးတပ်၊ EAOs တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ထောင်ချီတဲ့ ပြည်သူ့စစ်များ အပါအဝင် တိုးပွားလာနေတဲ့ တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ဖို့ လိုအပ် နေပါတယ်။

အရေးပေါ်အခြေအနေကြေညာမှုကို ပြီးခဲ့တဲ့သီတင်းပတ်မှာ နစကက နောက်ထပ် ခြောက်လ သက်တမ်းတိုးခဲ့ပါ တယ်။ ယခင်စီစဉ်ထားတဲ့ သြဂုတ်လ ရွေးကောက်ပွဲကို ပုံသေ အချိန်ဇယားမရှိဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။ တချိန် တည်းမှာပဲ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ် ၃၃ နှစ်မှ ခြောက်နှစ်ကို လျှော့ပေါ့ပေးလိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ၁၉ မှုအနက် ၅ မှုမှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဖွဲစည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေခိုက် နိုင်ငံအတွင်း ပြဿနာများကြောင့် ၂ဝဝ၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို ကျော်လွှားသွားခဲ့ဖူးပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းမှာ အဖွဲ့ဝင်နိုင်ငံများရဲ့အင်္ဂလိပ်ဘာသာအမည်များရဲ့အက္ခရာစဉ်အလိုက် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာ၀န်ထမ်းဆောင်ဖို့ နှစ်စဉ်အလှည့်ကျသတ်မှတ်ပေးရပါတယ်။ မူအရ  ၂ဝ၁၁ ခုနှစ်မှာ ဗီယက်နမ်ထံ မှ ဥက္ကဋ္ဌအဖြစ် ဆက်ခံရမယ့်သူက ဘရူနိုင်းဒါရုဆလမ် ဖြစ်ပါတယ်။ အဲဒီနောက် အင်ဒိုနီးရှားက ကမ္ဘောဒီးယားထံမှ ၂ဝ၁၃ ခုနှစ်မှာ လွှဲပြောင်းရယူဖို့ရှိနေပါတယ်။ ဒါပေမယ့် ၂ဝ၁၃ ခုနှစ်ဟာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခိုက် တင်းကျပ်တဲ့အချိန်ဇယားများကြောင့် ဘရူနိုင်းနဲ့ အလဲအလှယ်လုပ်ပြီး ၂ဝ၁၁ ခုနှစ်မှာ ဥက္ကဋ္ဌ တာဝန်ယူဖို့ ဂျကာတာက တောင်းဆိုခဲ့ဖူးပါတယ်။

ဒီအတွက် ၂ဝ၁ဝ ခုနှစ် ဧပြီလ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ၂ဝ၁၁ ခုနှစ်အတွက် ဥက္ကဋ္ဌ အဖြစ် ဘရူနိုင်းနဲ့ လဲလှယ်ခွင့်အတွက် အင်ဒိုနီးရှားရဲ့တောင်းဆိုမှုကို အာဆီယံအဖွဲ့ဝင်များက ခွင့်ပြုခဲ့ကြပါတယ်။

အလှည့်ကျသဘာပတိသည် အာဆီယံထိပ်သီးအစည်းအဝေး၊ ဆက်စပ်ထိပ်သီးအစည်းအဝေးများ၊ အာဆီယံ ညှိနှိုင်း ရေးကောင်စီ၊ အာဆီယံအသိုက်အဝန်း ကောင်စီသုံးရပ်၊ သက်ဆိုင်ရာအာဆီယံကဏ္ဍဆိုင်ရာဝန်ကြီးအဖွဲ့များ၊ အကြီးတန်းအရာရှိများ၊ အမြဲတမ်းကိုယ်စားလှယ်များကော်မတီတို့နဲ့ ပူးပေါင်းတာဝန်ယူဆောင်ရွက်ရပါတယ်။

#အာဆီယံအလှည့်ကျ_ဥက္ကဌ #မြန်မာ #လော #မလေးရှား #အင်ဒိုနီးရှား #ဘရူနိုင်း

(Thai PBS World., 15 August 2023,” Myanmar to skip Asean chair of 2026” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သမ္မတဘိုင်ဒင်အား သတ်မည်ခြိမ်းခြောက်၍ အေးဂျင့်များကို သေနတ်နှင့်ချိန်ဟု ၎င်းတို့ပစ်သတ်ခဲ့သည့် စစ်ပြန်အဖိုးအိုအပေါ် FBI စွပ်စွဲ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved