Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သမ္မတဘိုင်ဒင်အား သတ်မည်ခြိမ်းခြောက်၍ အေးဂျင့်များကို သေနတ်နှင့်ချိန်ဟု ၎င်းတို့ပစ်သတ်ခဲ့သည့် စစ်ပြန်အဖိုးအိုအပေါ် FBI စွပ်စွဲ

Htay Oung (NSS) - သြဂုတ် ၁၆

လွန်ခဲ့တဲ့ရက်သတ္တပတ် ဆော့လ်လိတ်စီးတီးမြို့ကို ဂျိုးဘိုင်ဒင် မလာရောက်မီ ပစ်သတ်ခံခဲ့ရတဲ့ အဖိုးအိုဟာ အမေရိကန်သမ္မတအပေါ် ရုန်းရင်းကြမ်းတမ်းစွာ ခြိမ်းခြောက်ပြီး ဖမ်းဆီးရန်ကြိုးပမ်းနေတဲ့အေးဂျင့်တွေကို သေနတ် နဲ့ ချိန်ရွယ်ခဲ့ကြောင်း FBI က စွပ်စွဲလိုက်တယ်လို့ AFP က ဩဂုတ်လ ၁၅ ရက်ရေးသားပါတယ်။


အသက် ၇၅ နှစ်အရွယ် လေတပ်စစ်မှုထမ်းဟောင်း ကာရေ့ခ်ျ_ရော်ဘင်ဆန်ဟာ အမေရိကန်သမ္မတများ အပန်းဖြေ လေ့ရှိတဲ့ ယူတားပြည်နယ် ဆော့လ်လိတ်စီးတီးမှ ၄၃ မိုင်အကွာ ပရိုဗိုမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒင် မလာရောက်မီ နာရီပိုင်းအလို ဗုဒ္ဓဟူးနေ့ ရော်ဘင်ဆန်ရဲ့နေအိမ်ကို FBI က ဝင်ရောက်စီးနင်းစဉ် ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။ စနိုက်ဘာသေနတ်သမားဟောင်းတစ်ဦးဖြစ်သူ ရော်ဘင်ဆန်က အမေရိကန်သမ္မတကို သ-တ်ဖြတ်မယ့်အကြောင်း အပါအဝင် ဒီကိစ္စမှာ လပေါင်းများစွာ စုံစမ်းစစ်ဆေးနေတဲ့ ဥပဒေဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှု စတဲ့ ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှု ၃ မှုအရ သူ့ကို ဖမ်းဆီးဖို့ဖြစ်ကြောင်း၊ အဲဒီနေ့ နံနက်စောစောမှာ ရော်ဘင်ဆန်နေထိုင်ရာကို ရောက်ရှိသွားခဲ့တယ်လို့ စီးနင်းမှုအပြီး တရားရုံး ထွက်ဆိုချက် မှတ်တမ်းများအရ သိရှိရပါတယ်။ 

ရော်ဘင်ဆန်ဟာ ဖမ်းဆီးတာကို ငြင်းဆန်ပြီး လက်ထိပ်ခတ်ရန် ကြိုးစားသူ အေးဂျင့်များကို ပွိုင့် ၃၅၇ ခြောက် လုံးပြူးသေနတ်နဲ့ ချိန်ရွယ်ခဲ့တယ်လို့ FBI ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အမည်မဖော်လိုသူ ဥပဒေစိုးမိုးရေးသတင်းရင်းမြစ်နှစ်ခုက ပြောဆိုရာမှာတော့ အခင်းဖြစ်ပွားချိန် ရော်ဘင်ဆန်ဟာ သေနတ်တစ်လက်ကို ကိုင်ဆောင်ထားတယ်လို့ ဆိုပေမယ့် အသေးစိတ်ဆွေးနွေးဖို့ငြင်းဆန်ပါတယ်။ တနင်္လာနေ့ နောက်ထပ်သတင်းထုတ်ပြန်ရာမှာတော့ သေနတ်နဲ့ ချိန်တယ်လို့ဖော်ပြပေမယ့် ရော်ဘင်ဆန်က ပစ်ခတ်ခြင်း ရှိ-မရှိ၊ (သို့မဟုတ်) ရော်ဘင်ဆန်ကို ဖမ်းဆီးစဉ်အေးဂျင့်များရဲ့ ယူနီဖောင်းမှာ ဖြစ်ရပ်မှတ်တမ်းတင် ကင်မရာ ဝတ်ဆင်ထားခြင်း ရှိ-မရှိ မေးခွန်းများကိုတော့ တုံ့ပြန်ခြင်းခြင်း မရှိပါဘူး။

ဒါပေမယ့် ကာရေ့ခ်ျရော်ဘင်ဆန်ဟာ ကြင်နာတတ်ပြီး ရက်ရောသူတစ်ဦးဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက ကြေညာချက်ထုတ်ပြန်ပါတယ်။ ချစ်မြတ်နိုးရတဲ့ ဖခင်-အစ်ကိုကြီးကို အလွယ်တကူ သတ်ဖြတ်လိုက်တဲ့အတွက် တုန်လှုပ်မိကြောင်း ဘဝတစ်လျှောက် ကောင်းမွန်စွာနေထိုင်သူ လူကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပြင်းထန်စွာ ၀မ်းနည်းကြေကွဲမိပါကြောင်း ဖော်ပြထားတယ်လို့ Salt Lake Tribune (9 August 2023) က ရေးသား ပါတယ်။

ရော်ဘင်ဆန်ဟာ သေနတ်ဓါတ်ပုံနဲ့ “ဂျိုးဘိုင်ဒင်_သေဖို့ပြင်” ဆိုတဲ့စကားလုံးများကို လူမှုကွန်ရက်မှာ အကြိမ်ကြိမ် လွှင့်တင်ခဲ့ဖူးပါတယ်။ “နဖူးမှာ အပေါက်လေးနဲ့ အမေရိကန်ရှေ့နေချုပ်အလောင်းဘေးမှာ မတ်တပ်ရပ်ကြောင်း အိပ်မက်မက်ခဲ့တယ်” လို့လည်း ဖေဖော်ဝါရီလမှာ ပို့စ်ရေးသား လွှင့်တင်ခဲ့ဖူးပါတယ်။

တရားရုံးစာရွက်စာတမ်းတစ်ခုမှာတော့ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလ ဖေ့စ်ဘွတ်ခ်မှာ ရော်ဘင်ဆန် လွှင့်တင်ခဲ့တဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပြီး မောင်းပြန်ရိုင်ဖယ်တစ်လက်နဲ့အတူ “ဒီမိုကရက်တစ် ငဆော်ကြီး” လို့ ရေးသားထား ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက် ပရိုဗိုမြို့ သူ့ရဲ့နေအိမ်မှာ ကာ့ရေ့ခ်ျရော်ဘင်ဆန်ကို FBI အေးဂျင့်များက ပစ်သတ်ခဲ့ ပါတယ်။ ရော်ဘင်ဆန်လို သက်ကြီးရွယ်အိုတစ်ယောက်၊ သွားလာလှုပ်ရှားရာမှာ အခြားရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများ တွေနဲ့တင် သူ့မှာ နာကျင်ဝေဒနာဖြစ်နေရပြီးသားပါလို့ သူ့ရဲ့မိသားစု၀င်များက ပြောဆိုပါတယ်။ သူဟာ တစ်ခါတစ်လေ ဒေါသဖြစ်တတ်သူတစ်ယောက်မှန်ပေမယ့် နိုင်ငံရေး (သို့မဟုတ်) အတွေးအခေါ် သဘောထား ကွဲလွဲမှုများကြောင့် အခြားလူတစ်ဦးအပေါ် ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမျှ ကျူးလွန်မယ့်သူ မဟုတ်ဖူးလို့ ဆိုပါ တယ်။ 

ရော်ဘင်ဆန်ဟာ သူနေရာ ရပ်ကွက်အနီး ဘုရားကျောင်းကို မှန်မှန်သွားလေ့ရှိတာတွေ့ရပြီး အသေအချာ တွေးကြည့်ရင် သူဟာ ပါးစပ်က ပြောနေပေမယ့် လက်က အန္တရာယ်မပေးနိုင်တဲ့ လူအိုကြီးတစ်ယောက်ပဲလို့ အိမ်နီးချင်းတစ်ယောက်က မှတ်ချက်ပေးပါတယ်။

သူ့ကြည့်ရတာ ဘယ်လိုကြီးမှန်းမသိတဲ့ လူအိုကြီးတစ်ယောက်လို့ မြင်ရပါတယ်၊ သူ့ကို FBI က အသေပစ်သတ်တဲ့အထိဖြစ်ရတာ အလွန်အံ့သြမိတယ်လို့ အခြားအိမ်နီးချင်းတစ်ယောက်က ပြောပါတယ်။

ရော်ဘင်ဆန်ရဲ့မိတ်ဆွေများကတော့ သူဟာ လက်ရှိဖြစ်ပေါ်နေတဲ့ မှားယွင်းမှုများကြောင့် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတဲ့လွတ်လပ်မှုနဲ့ လွတ်လပ်တဲ့နိုင်ငံသားများရဲ့ အခွင့်အရေး များအပေါ် စိတ်ပျက်ငြီးငွေ့နေကြောင်း၊ ဒီနိုင်ငံနေ အခြားသူအတော်များများကလည်း လက်ရှိအစိုးရဟာ ယခင် အစိုးရတွေလို မဟုတ်တော့ဘဲ ကတိမတည်မှန်း ရောဘင်ဆန်လိုပဲ ကောင်းကောင်းသိကြပါတယ်” လို့ ရေးသားထားပါတယ်။

#ကာရော့ခ်ျ_ရော်ဘင်ဆန် #ယူတားပြည်နယ်ဆော့လ်လိတ်မြို့ #ပရိုဗို့မြို့ #FBI #သမ္မတဂျိုးဘိုင်ဒင်

(AP News., 15 August 2023,” Utah man accused of threatening president pointed gun at agents, FBI says” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုမ္ပဏီခွဲတစ်ခုကိုသာ ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး စက်သုံးဆီလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်ဟု ရွှေဗျိုင်းဖြူကုမ္ပဏီ ပြန်လည်ကြေညာ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved