တောင်ကြီးမြို့၌ ကျောင်းကား အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ကျောင်းသား(၂၀)ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိ
စော (NSS) - ဩဂုတ် ၁၄
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျောင်းကားတစ်စီး အရှိန်လွန်ပြီး ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုကြောင့် ကျောင်းသား(၂၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၄ ရက်)၊ နံနက် (၈)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ဘုရားဖြူရပ်ကွက်၊ ရပ်တော်မူဘုရားအနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ကျောင်းကားသည် အမှတ် (၁၀)အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းပို့ရန် ထွက်ခွာလာစဉ် အရှိန်လွန်ပြီး ဘရိတ်ပေါက်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းကားပေါ်တွင် ကျောင်းသား (၁၆)ဦးနှင့် ကျောင်းသူ(၁၃)ဦး စုစုပေါင်း (၂၉)ဦးတို့ လိုက်ပါစီးနင်းလာကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ (၂၉)ဦးအနက် ကျောင်သား(၂၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်ဒီအာရေးဗျကလပ် Al-Hilal နှင့် လုပ်ခလစာယူရိုသန်း(၁၆ဝ)ရရှိမည့် (၂)နှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုရန် သဘောတူညီခဲ့တဲ့ နေမာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ