ရန်ကင်းပညာရေးကောလိပ်ရှိ အလုံပိတ်စတိုခန်းအတွင်း၌ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၄
ရန်ကင်း ပညာရေးကောလိပ်ရှိ အလုံပိတ်စတိုခန်းအတွင်း၌ အမိုးနီးယားဓာတ်ငွေ့ (Ammonium Hydroxide) ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း ရွှေရုပ်လွှာပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဓာတ်ငွေ့ယို့စိမ့်မှုသည် ယမန်နေ့ (ဩဂုတ်လ ၁၃ရက်)၊ ညနေ ၄နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရက်ကွက်၊ သစ္စာလမ်းရှိ ပညာရေးကောလိပ် စတိုခန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အဲဒီဓာတ်ငွေ့က ကျောင်းထဲက စတိုခန်းထဲမှာ သိမ်းထားတာပါ။ ဓာတ်ငွေ့ထည့်ထားတဲ့ တိုင်ကီပေါက်တာပေါ့နော်။ ပေါက်ပြီးတော့ ဓာတ်ငွေ့ယိုစိမ့်မှုစဖြစ်တာပါဗျ။ အခန်းက အလုံပိတ်ခန်းဖြစ်တဲ့အတွက် တဖြည်းဖြည်း များလာတဲ့အခါကြမှ အပြင်ကသိတာပါခင်ဗျ"ဟု ရွှေရုပ်လွှာပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
Ammonium Hydroxide ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်အား မီးသတ်အဖွဲ့နှင့် လူမှုကူညီးရေးအဖွဲ့မှ ၁နာရီခွဲဝန်းကျင် ဓာတ်ငွေ့ယိုစိမ့်မှုအား ပိတ်ဆို့၍ ဓာတ်ငွေ့ရှင်းလင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အရှေ့ပိုင်းခရိုင်မီးသတ်၊ တောင်ဥက္ကလာမီးသတ်၊ ရန်ကင်းမြို့နယ် မီးသတ်စခန်းနှင့် ရွှေရုပ်လွှာပရဟိတလူမှုကူညီရေးအသင်းမှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရှင်းလင်းမှုများပြုလုပ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်၏ အမည်၊ အမှတ်တံဆိပ်နှင့် အမှတ်အသားများကို အယောင်ဆောင်သုံးစွဲခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီတရားစွဲဆိုမည်ဟု KBZ ဘဏ်အသိပေး
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း