ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်နေတဲ့ ပါတီတွေနဲ့ မဟာမိတ်ညွန့်ပေါင်းဖွဲ့စည်းဖို့ ဖြူထိုင်းပါတီ သဘောတူညီထားဟုဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၁၄
ထိုင်းရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ ဖြူထိုင်းပါတီဟာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတွေဦးဆောင်ပါဝင်နေတဲ့ ပလန်ပရာချာရက်ပါတီ ၊ ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီတို့နဲ့ ညွန့်ပေါင်းဖွဲ့စည်းဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း ဖြူထိုင်းပါတီနဲ့နီးစပ်သူများကပြောပါတယ်။
ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာဝစ်ဝေါင်ဆူဝမ်ဦးဆောင်နေတဲ့ ပလန်ပရာချာရက်ပါတီ၊ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်နေတဲ့ ညီညွတ်တဲ့ ထိုင်းအမျိုးသားပါတီတို့ဟာ ဖြူထိုင်းပါတီက ဝန်ကြီးချုပ်လောင်းအဖြစ်အမည်စာရင်းတင်သွင်းမယ့် ဆာရက်သာ တာဗီဆင်ကိုအားပေးထောက်ခံသွားဖို့ ကတိပြုထားကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီဟာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတွေဦးဆောင်နေတဲ့ ပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့စည်းဖို့သဘောတူညီထားပေမယ့် တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။ ဖြူထိုင်းပါတီဟာ လာမယ့်ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၃၁၅)မဲရရှိထားပြီး ပါတီပေါင်း(၁၁)ပါတီ နဲ့ ညွန့်ပေါင်းအဖွဲ့ထပ်မံဖွဲ့စည်းဖွယ်ရှိနေကြောင်းသိရပါတယ်။
ဖြူထိုင်းပါတီဦးဆောင်မယ့် ညွန့်ပေါင်းအဖွဲ့ထဲမှာ ဖြူထိုင်းပါတီက လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၄၁ ဦး၊ Bhumjaithai ပါတီက လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၇၁ ဦး၊ ညီညွတ်သောထိုင်းအမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ပလန်ပရာချာရက်ပါတီက လွှတ်တော်ကိုယ်စားလှယ် ၄၀ဦး၊Chartthaipattana ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးရရှိထားသလို လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရရှိထားတဲ့ပါတီ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာရရှိထားတဲ့ပါတီတွေနဲ့ ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းထားပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲအနည်းဆုံး ၃၇၅ မဲရရှိဖို့လိုအပ်နေကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီနဲ့ ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းခဲ့ပေမယ့် အထက်လွှတ်တော်ကိုယ်စားလှယ်များအပြင် အခြားနိုင်ငံရေးပါတီများရဲ့ကန့်ကွက်မှုကြောင့် ရှေ့သို့ချီပါတီနဲ့ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းမှုကို ရပ်တန့်ခဲ့ကြောင်းသိရပါတယ်။ ရှေ့သို့ချီပါတီ အားပေးထောက်ခံသူတွေဟာ ထိုင်းစစ်ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်နေတဲ့ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့စည်းတဲ့ ဖြူထိုင်းပါတီရဲ့လုပ်ရပ်ကို မကျေနပ်တဲ့အတွက် ဖြူထိုင်းပါတီရုံးချုပ်မှာ ဆန္ဒပြတာတွေလည်းရှိနေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့ရှိ သမိုင်းဝင်ရှေးဟောင်းမြို့ရိုးအား TNLA အဖွဲ့က ဖြိုဖျက်ခဲ့မှုပေါ် အပြင်းအထန်ဆန့်ကျင်ရှုတ်ချကြောင်း SSPP ကြေညာ
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း