အမေရိကန်ကို သွားရောက်ခဲ့တဲ့ ထိုင်ဝမ်ဒုတိယသမ္မတရဲ့ခရီးစဉ်ကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း တရုတ်အစိုးရ ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၁၄
အမေရိကန်နိုင်ငံကို ထိုင်ဝမ်ဒုတိယသမ္မတ ဝီလီယံလိုင် သွားရောက်လည်ပတ်ခြင်းနဲ့ပတ်သက်ပြီး လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်ဒုတိယသမ္မတရဲ့ခရီးစဉ်ဟာ အခက်အခဲတွေဖြစ်လာအောင် လုပ်ဆောင်တဲ့ခရီးစဉ်မျိုးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို ကာကွယ်နိုင်ဖို့ လိုအပ်တာတွေ လုပ်ဆောင်မှာဖြစ်သလို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ဖြစ်တဲ့အတွက် တရုတ်လက်အောက်မှ ခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ် ရေးရယူဖို့ ကြိုးပမ်းနေတဲ့ ထိုင်ဝမ် နဲ့ အမေရိကန်နိုင်ငံကြား သံတမန်ရေးဆက်ဆံမှုတွေကို ဆန့်ကျင်ကြောင်း ထပ်မံ ပြောဆိုထားပါတယ်။
ဝီလီယံလိုင်ဟာ လာမယ့်ဇန်နဝါရီလမှာ ကျင်းပမယ့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အလားလာများ နေတဲ့သူဖြစ်ပြီး ပါရာဂွေးနိုင်ငံသမ္မတအသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက်ခင် အမေရိကန်နိုင်ငံမှာ ခရီးတစ်ထောက်ဝင်နားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "တရုတ်အစိုးရဟာ ထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှု တွေကိုလက်မခံသလို ထိုင်ဝမ်တာဝန်ရှိသူတွေရဲ့ အမေရိကန်နိုင်ငံကို သွားရောက်တဲ့ခရီးတွေကိုလည်း ဆန့်ကျင် ကန့်ကွက်ပါတယ်။ ထိုင်ဝမ်ဒုတိယသမ္မတရဲ့အမေရိကန်ကိုသွားရောက်မှုက ပြဿနာအခက်အခဲတွေ ဖန်တီးသလို မျိုး ဖြစ်လာစေခဲ့တယ်။ အမေရိကန်နိုင်ငံကို ထိုင်ဝမ်ဒုတိယသမ္မတ သွားရောက်တဲ့ခရီးစဉ်ဟာ One China မူဝါဒကို ချိုးဖောက်တာဖြစ်သလို တရုတ်နိုင်ငံရဲ့အချုပ်အခြာနဲ့ပိုင်နက်တွေကို ထိခိုက်နစ်နာစေခဲ့တယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းက တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်နဲ့ အမေရိကန်ကြား သံတမန်ဆက်ဆံရေးအခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်နိုင်ငံအကျိုးစီးပွားကိုကာကွယ်ဖို့ လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ထိုင်ဝမ်ဒုတိယသမ္မတဟာ အမေရိကန်ကို သွားရောက်ချိန်အတွင်း အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုးမရှိခဲ့ဘဲ ၎င်းရဲ့ခရီးစဉ်ကို အခက်အခဲပြဿနာတွေကို လျော့နည်းအောင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားကြောင်း ထိုင်ဝမ်ဒုတိယသမ္မတနဲ့ နီးစပ်သူများက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန့်ဘလူမြို့၌ မိသားစုဝင်(၅)ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး (၂)နှစ်အရွယ်ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ