ရာထူးက ဖြုတ်ချထားတဲ့ နိုင်ဂျာအရပ်သားအစိုးရအဖွဲ့သမ္မတ နဲ့ မိသားစုဝင်များ ဘေးကင်းလုံခြုံမှုဖြစ်အောင် စစ်အစိုးရ တာဝန်ယူဖို့ အမေရိကန်အစိုးရ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၁၃
နိုင်ဂျာစစ်အစိုးရအနေနဲ့ ရာထူးက ဖြုတ်ချကာ ဖမ်းဆီးထားတဲ့ သမ္မတ ဘာဇွန်အပြင် ၎င်းရဲ့မိသားစုများ၊ ရာထူးက ဖြုတ်ချခံရတဲ့ နိုင်ဂျာအစိုးရအဖွဲ့ဝင်များရဲ့ဘေးကင်းလုံခြုံမှုရှိရေးကို တာဝန်ယူရမှာဖြစ်ကြောင်း အမေရိကန်အစိုးရ က သတိပေးပြောဆိုလိုက်ပါတယ်။
နိုင်ဂျာသမ္မတ ဘာဇွန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်ကျော်က ရာထူးက ဖြုတ်ချခံရပြီးနောက်ပိုင်းကတည်းက နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေရကြောင်း သိရပါတယ်။
နိုင်ဂျာစစ်အစိုးရက စစ်ရေးနည်းလမ်းအသုံးပြုတာမျိုးတွေ ရှိလာမယ်ဆိုရင် ဖမ်းဆီးထားတဲ့နိုင်ဂျာသမ္မတကို သတ်ပစ်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးပြောဆိုပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုးသတိပေးခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ဘာဆွန်ကို ဖမ်းဆီးထားခြင်းအပေါ် လက်မခံနိုင်ကြောင်း၊ ချက်ချင်းပြန်လွှတ်ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက " နိုင်ဂျာစစ်အစိုးရဟာ ဖမ်းဆီးထားတဲ့ သမ္မတ ဘာဇွန် နဲ့ မိသားစုဝင်တွေအပြင် ဖမ်းဆီးခံထားရတဲ့ နိုင်ဂျာအရပ်သား အစိုးရအဖွဲ့တာဝန်ရှိသူများ ဘေးကင်းလုံခြုံမှုများဖြစ်အောင် တာဝန်ယူပေးရမှာပါ" လို့ ပြောပါတယ်။
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ ECOWAS က နိုင်ဂျာစစ်အစိုးရအနေနဲ့ နိုင်ဂျာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းစေဖို့ သံတမန်ရေးနည်းလမ်းနဲ့ ကြိုးပမ်းမှုမှန်သမျှကို လက်မခံဘူးဆိုရင် စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်မှာဖြစ်ကြောင်း သတိပေးထားပါတယ်။
နိုင်ဂျာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများက ခေါင်းဆောင်တွေဟာ ၎င်းတို့ရဲ့စစ်တပ်ကို နိုင်ဂျာနိုင်ငံအပေါ် စစ်ရေး နည်းလမ်းအသုံးပြုနိုင်အောင် အဆင်သင့်ပြင်ထားဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ ECOWAS အဖွဲ့က နိုင်ဂျာနိုင်ငံနဲ့ပတ်သက်ပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးကို အဓိကဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ရေးနည်းလမ်းအသုံးပြုခြင်းကို နောက်ဆုံးအဆင့်အသုံးပြုသွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားတစ်ဦးအားဆိုင်ကယ်လုယက်စဉ် ကြည်ဖြူစွာပေးခဲ့သော်လည်း အုပ်စုဖွဲ့ကာ ဓားဖြင့်ထိုးခုတ်သွားမှု မန္တလေး၌ ဖြစ်ပွား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း