ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ(၆)ဦး သေဆုံးခဲ့ဟု နစကဆို
NSS - သြဂုတ် ၁၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ယမနေကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ(၆)ဦး သေဆုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ သြဂုတ်လ(၁၂)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖြစ်စဥ်မှာ ကန့်ဘလူမြို့နယ်ရှိ ယမနေကျေးရွာအတွင်း သြဂုတ်လ(၁၂)ရက်နေ့ နံနက်(၆)နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမနေကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ကျေးရွာ၏ အရှေ့မြောက် ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့သည့် Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်း နစကမှ ဆိုထားသည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးခဲ့ရာ အကြမ်းဖက်သမားများထံမှ အလောင်းနှင့် ခဲယမ်းဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ သိရသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျေးရွာ အတွင်းရှိ အသက်(၅) နှင့် (၁ဝ)နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံ(၆)ဦး သေဆုံးခဲ့ပြီး သုံးဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာအတွင်းရှိ စာသင်ဆောင်အဆောက်အအုံနှစ်လုံးမှာ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆေးကုသနိုင်ရန် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျုးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာထူးက ဖြုတ်ချထားတဲ့ နိုင်ဂျာအရပ်သားအစိုးရအဖွဲ့သမ္မတ နဲ့ မိသားစုဝင်များ ဘေးကင်းလုံခြုံမှုဖြစ်အောင် စစ်အစိုးရ တာဝန်ယူဖို့ အမေရိကန်အစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း