Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိန်းချုပ်ထားသော ဘဏ္ဍာငွေ ဒေါ်လာ ဘီလျံပေါင်းများစွာကို ဖြေလျော့ပေးပြီးနောက် အကျဉ်းသားချင်း လဲလှယ်ရန် အမေရိကန်-အီရန် သဘောတူညီ

Htay Oung (NSS) - ဩဂုတ် ၁၂

ထိန်းချုပ်ခံထားရတဲ့ အီရန်နိုင်ငံပိုင် ဒေါ်လာဘီလျံပေါင်းများစွာကို ဝါရှင်တန်က ဖြေလျော့ပေးပြီး တောင်ကိုရီးယားဘဏ်များမှတဆင့် ကာတာနိုင်ငံထံ လွှဲပြောင်းပေးလိုက်ပါတယ်။ တဖန် တီဟီရန်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်ငါးဦးနဲ့ အမေရိကန်မှာအကျဉ်းချခံထားရတဲ့ အရေအတွက်မသိ အီရန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့အတွက် နှစ်နိုင်ငံ သဘောတူညီလိုက်တယ်လို့ AP က ယနေ့ (ဩဂုတ်လ ၁၂ ရက်) မှာ ရေးသားပါတယ်။ 


လပေါင်းအတန်ကြာ သွယ်ဝိုက်တဲ့နည်းဖြင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် အမေရိကန်နဲ့ အီရန်အရာရှိများအကြား ပဟေဠိဖြစ်ဖွယ်ရှုပ်ထွေးတဲ့ သဘောတူညီချက်ကို တီဟီရန်က ကြာသပတေးနေ့မှာ  ထုတ်ပြန်ကြေညာခဲ့ပါတယ်။  အမေရိကန်နိုင်ငံသား ငါးဦးအနက် လေးဦးတို့ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့စေခဲ့ပြီး ပဉ္စမမြောက် အမေရိကန်နိုင်ငံသားကတော့ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲသူဖြစ်ကြောင်း သိရှိရပါတယ်။

ငွေကြေးလွှဲပြောင်းမှု အကြောင်းအရာ အသေးစိတ်၊ ပြီးစီးမယ့်အချိန်၊ အမေရိကန်နဲ့ အီရန် နှစ်ဖက်အသီး သီးရှိ အကျဉ်းသားအားလုံး အပြီးတိုင်လွှတ်ပေးမယ့်ကိစ္စနဲ့ပတ်သက်လို့  ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီသဘောတူညီချက်ကို စက်တင်ဘာလလယ်မှ လကုန်ပိုင်းမှာ အပြီးသတ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နဲ့ အီရန်အရာရှိများက ပြောပြပါတယ်။

(ယခုသတင်းကြောင့် ကျွန်တော်တစ်ဦးတည်းအတွက် အလွန်အံ့သြမိကြောင်း ဝန်ခံပါတယ်။ အမေရိကန် ပြည်တွင်းမှာ ဒေါ်လာ နှစ်ဘီလျံခန့်အပါအ၀င် အခြားနိုင်ငံများရှိ ဝါရှင်တန်က ထိန်းချုပ်ထားတဲ့ အီရန် နိုင်ငံပိုင်ဆိုင်မှုများ စုစုပေါင်းပမာဏမှာ ဒေါ်လာ ၁၂၀ ဘီလျံခန့်ရှိကြောင်း သိရှိရပါတယ်။

နိုင်ငံတစ်နိုင်ငံက ယုံမှတ်အပ်နှံထားသည့် ငွေကြေး သို့မဟုတ် ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ခြင်း မပြုနိုင်စေရန် နိုင်ငံရေးအကြောင်းပြချက်ဖြင့် အခြားတစ်နိုင်ငံက ထိန်းချုပ်ခြင်းမှာ နိုင်ငံတကာတရားဥပဒေနှင့် မညီညွတ်ကြောင်း၊ ထို့အတွက် မိမိတို့ ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ယူခွင့်ပြုနိုင်ရန် အမေရိကန်အ ပေါ် အီရန်က နိုင်ငံတကာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအမှုမှာ အမေရိကန်ရှုံးနိမ့်တဲ့အတွက် ဝါရှင်တန်ကထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁.၇၅ ဘီလျံကို အတိုးများနဲ့တကွ တီဟီရန်ဗဟိုဘဏ်ထံ ပြန်ပေးစေရန် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်မှာ ICJ က အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီငွေကြေးများမှာ ၁၉၈၃ ခုနှစ် လက်ဘနွန်နဲ့ အခြားနိုင်ငံများအတွင်း ဗုံးပေါက်ကွဲမှုများမှာ နစ်နာသူများအား လျော် ကြေးပေးရန် တာ၀န်ရှိသူ အီရန်အပေါ် အရေးယူခြင်းဖြစ်တယ်လို့ အမေရိကန်က ဆင်ခြေပေးခဲ့ပါတယ်။

ဒါပေမယ့် အီရန်လျှောက်ထားတဲ့ အမှု (၁၀)မှုအနက် (၅)မှုဟာ ICJ ရဲ့ စီရင်ပိုင်ခွင့်နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ နိုင်ငံတကာတရားရုံးက ပယ်ချခဲ့ပါတယ်။ ဒီအတွက် အမှုပေါင်း ထက်၀က်မှာ အနိုင်ရခဲ့တယ်လို့ အမေရိကန်က ရှေ့နေကမှတ်ချက်ပေးခဲ့ပြီး ဝါရှင်တန်ဘက်က အမှု ၅၀ ရာနှုန်းရှုံးနိမ့်သွားတယ်လို့ အီရန် ရှေ့နေတွေက လက်ခမောင်းခတ်ကြပါတယ်။ ယခင် စီရင်ချက်များတိုင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံရလေ့ရှိတဲ့ ICJ မတရားသူကြီး (အဲလေ) တရားသူကြီးတွေကတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

ဒါပေမယ့် အီရန်က အမေရိကန်အပေါ် တရားစွဲဆိုမှုအချို့ဟာ ယခင် အိမ်ဖြူတော်နဲ့ ရှားဘုရင်တို့ ပလူးခဲ့စဉ် ၁၉၅၅ ခုနှစ် ချစ်ကြည်ရေးစာချုပ်အပေါ် အခြေခံကြောင်းတွေရှိရပါတယ်။ ICJ ရဲ့ စီရင်ပိုင်ခွင့်ဟာ လျှောက်ထားသူ အီရန်ရဲ့ ဗဟိုဘဏ်အထိ သက်ဆင်းခြင်း မရှိဘူးလို့ အမှု (၅)မှုကို ပယ်ချခြင်းဖြစ် ကြောင်း တွေ့ရှိရပါတယ်။ ဆိုလိုတာ အီရန်ဗဟိုဘဏ်ရဲ့ငွေကြေးတွေကို အမေရိကန်က ထုတ်ယူခွင့် မပြုတဲ့ကိစ္စ ကျုပ်တို့နဲ့ မဆိုင်ဘူးလို့ ပြောခြင်းဖြစ်ပါတယ်။      

ဒီနေရာမှာ အမေရိကန်ဆိုတာ ICJ လို တရားမဆန်ဆန် အပြည်ပြည်ဆိုင်ရာတရားရုံးမျိူး မဆိုထားနဲ့ သူတို့ အာဖဂန်နဲ့ အီရတ်မှာ စစ်ရာဇ၀တ်မှုကျူးလွန်ခဲ့တယ်ပြောပြီး စုံစမ်းစစ်ဆေးမယ်လုပ်လာတဲ့ နိုင်ငံ တကာရာ ဇ၀တ်ခုံရုံး ICC ဆွဲချရှေ့နေကိုပင် ပြည်၀င်ခွင့် ဗီဇာပိတ်ပြီး ဖမ်း၀ရမ်းထုတ်မယ် ပြောဆိုခဲ့ဖူးသူ နိုင်ငံဖြစ်နေပါတယ်။ 

ဒီလိုနိုင်ငံမျိုးက ICJ အမိန့်ချမှတ်သည့်အတိုင်း ရိုကျိုးစွာ လိုက်နာကာ အီရန်ပိုင် ငွေများကို ပြန်ထုတ်ယူခွင့် ပြု မယ်ဆိုခြင်းမှာ အိုစမာဘင်လာဒင်သားနှင့် ဂျော့ဒယ်ဘလူဘွတ့်သမီးတို့ ခိုးရာလိုက်ပြေးသတင်းကမှ လူငယ်တို့ သဘာ၀ဘာညာကွိကွ ဖြစ်နိုင်ပါသေးတယ်။

တဖန် ထုတ်လူခွင့်ပြုလိုက်တဲ့ ငွေပမာဏကလည်း ဒေါ်လာဘီလျံအတော်များပြီး အမေရိကန်က သေဆိုသေ ရှင်ဆိုရှင် တောင်ကိုရီးယားဖြစ်နေခြင်း၊ နောက်ဆက်တွဲ အကျဉ်းသားချင်း လဲလှယ်မယ်ဆိုခြင်းဟာ အလွန်အံ့ သြစရာဖြစ်နေပါတယ်။

ဒီအတွက် ကမ္ဘာ့ရန်ဘက် နှစ်နိုင်ငံအကြား ဘယ်လို အပေးအယူအကြောင်းရင်းကြောင့် သဘောတူညီနိုင်သွားတယ်ဆိုတာ နိုင်ငံတကာ မီဒီယာကြီးများက အပူတပြင်း သတင်းအနံခံလျှက်ရှိကြောင်း တွေ့ရှိရပါတယ်။  

(AP.,12 August 2023, Whats behind the tentative US-Iran agreement involving prisoners and frozen funds ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရှိ စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ကြေညာပေးရန် အာဆီယံဘာသာရေးခေါင်းဆောင်များ အစည်းအဝေး၌ IBEC ဆရာတော် တောင်းဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved