Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံရှိ စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ကြေညာပေးရန် အာဆီယံဘာသာရေးခေါင်းဆောင်များ အစည်းအဝေး၌ IBEC ဆရာတော် တောင်းဆို

မြူနစ် (NSS) - သြဂုတ် ၁၂

မြန်မာနိုင်ငံရှိ စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ကြေညာပေးရန် အာဆီယံနိုင်ငံ ဘာရေးရေးခေါင်းဆောင်များအစည်းအဝေး၌ IBEC ဆရာတော်က တောင်းဆိုလိုက်သည်။


အာဆီယံနိုင်ငံ ဘာသာရေးခေါင်းဆောင်များအစည်းအဝေးကို ပြီးခဲ့သော ၇ ရက်နှင့် ၈ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပခဲ့သည်။

၎င်းအစည်းအဝေး၌ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားရန်အတွက် ကမ္ဘာ့ငြိမ်း ချမ်းရေးသံတမန်၊ IBEC ဆရာတော် ဦးသောဘိတအား အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဖိတ်ကြားခဲ့ကြောင်း သိရသည်။

“အဲဒီတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်နေတဲ့ နေရာတောင်မှ ပညာရေး၊ ကျန်းမာရေးတွေနဲ့ပတ် သက်ရင် ဘယ်အဖွဲ့အစည်းကမှ ချုပ်ကိုင်ဖို့ မလုပ်အပ်ဘူး။ ဒါတွေကို တကယ့် Free Zone အဖြစ်နဲ့ Safe Zone အဖြစ်နဲ့ ဆောင်ရွက်ဖို့ သင့်တယ်လို့ အဲဒါကို ဘုန်းဘုန်းက အဓိကထားပြီးတော့ ဆွေးနွေးခဲ့တယ်။ အာဆီယံအနေနဲ့လည်း ဒါကို statement ထုတ်ပြန်ပြီးတော့မှ မေတ္တာရပ်ခံဖို့ အကြံပြုပေးခဲ့တယ်” ဟု ဆရာတော်ဦးသောဘိတက NSS ကို မိန့်ကြားသည်။

ပညာရေး၊ ကျန်းမာရေးကိစ္စများသည် တပ်မတော်နှင့် မဆိုင်သကဲ့သို့ NUG နှင့်လည်း မသက်ဆိုင်ကြောင်း၊ ပညာရေးသည် လူထုနှင့်သာ သက်ဆိုင်ပြီး မည်သည့်အဖွဲ့အစည်းကမျှ အနှောက်အယှက်ပေး၍ မရကြောင်း ဆရာတော်က မိန့်သည်။

“အဲဒါကို အာဆီယံတင် မဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂတို့၊ နိုင်ငံတကာတို့ကပါပေါ့။ ဥပမာ ဒီကျောင်းဟာ ပညာရေးဆိုတာ စစ်တပ်နဲ့လည်း မဆိုင်ဘူး။ NUG နဲ့လည်း မဆိုင်ဘူး။ ပညာရေးသည် လူထုရဲ့ ပညာရေး ဖြစ်တဲ့အတွက် ဒါတွေနဲ့ပတ်သက်တဲ့ဟာကို အနှောက်အယှက်ပေးစရာမလိုဘူး။ အဲဒါမျိုးကို ကျောင်းမှာ လွတ်လပ်စွာ ပညာသင်ကြားတဲ့ဟာ ဆရာ၊ ဆရာမတွေလည်း ပညာသင်ကြားခွင့်ရှိရမယ်။ လုံခြုံမှုရှိရမယ်။ ကျောင်းသူ၊ ကျောင်းသားတွေလည်း အနှောင့်အယှက်မပေးရဘူး။ အဲဒီတော့ ဘယ်ကျောင်းတော့ မတက်ရဘူးဆိုတဲ့ ခြိမ်းခြောက်တာမျိုးတွေ မရှိရေအောင် အဲဒါမျိုးတွေကို အာဆီယံရပ်ဝန်းဒေသကနေပြီး ကမ္ဘာ့ကုလသမဂ္ဂကပါ နိုင်ငံတကာခေါင်းဆောင်တွေကနေ ဘုန်းဘုန်းတို့ရဲ့ တိုင်းပြည်ရဲ့ကိုယ်စားပြောကြားပေးဖို့ အထူးမေတ္တာရပ်ခံခဲ့တယ်” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက် နိုင်ငံအတွင်း၌ ဆရာ၊ ဆရာမများ အကြမ်းဖက်သတ်ဖြတ်ခံရခြင်း၊ စာသင်ကျောင်းများ မီးရှို့ခြိမ်းခြောက်ခံရခြင်းနှင့် စာသင် ကျောင်းများ မဖွင့်ရန် တားဆီးပိတ်ပင်ခြင်းများ ရှိနေသည်။

စစ်ကိုင်းတိုင်းသည် ပဋိပက္ခများစွာ ဖြစ်ပွားနေသော ဒေသတစ်ခုဖြစ်ပြီး တိုင်းအတွင်းရှိ (၈၀)ရာခိုင်နှုန်းသော အခြေခံပညာကျောင်းများမှာ ကောင်းမွန်ပိုင်နိုင်စွာ ပညာသင်ကြားပေးနိုင်ခြင်းမရှိကြောင်း  IBEC ဆရာတော်က ထပ်မံမိန့်ကြားထားသည်။

“စစ်ကိုင်းတိုင်းမှာက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဘယ်ဖက်ကမှ သေချာပညာမသင်ကြားနိုင်ဘူး။ နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမတွေဆိုရင်လည်း သူတို့ ကျရာတာဝန်တွေမှာ မသွားနိုင်ဘူး။ သွားလို့လည်း မရဘူး။ အဲဒီတော့ ဒီပညာရေးဇုန်တွေ အားလုံးက ရပ်တန့်နေတယ်။ မြို့တွေလောက်ပဲ နည်းနည်းပါးပါးဖွင့်နိုင်တယ်။ ကျေးလက်တွေဆိုရင်လည်း မဖွင့်နိုင်တော့ဘူး။ ဖွင့်ပါတယ်ဆိုတဲ့ဟာတွေကလည်း သူတို့စနစ် တကျ ဘာမှ မသင်နိုင်ဘူး” ဟု ဆရာတော်ဦးသောဘိတက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲပဋိပက္ခများအတွင်း ဗုံးထောင်ဖောက်ခွဲ၊ မီးရှို့ခံခဲ့ရသည့် စာသင်ကျောင်းများစွာရှိထားပြီး ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမဦးရေ (၁၀၀)နီးပါးသည်လည်း အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံထားရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်း၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည့် (၇)လအတွင်း ပြည်သူများ ကုန်ကျစရိတ် ငွေကျပ်သန်း(၅၀)နီးပါး သက်သာခဲ့ဟုဆို

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved