ဆန္ဒပြပွဲများမကြာခဏဖြစ်နေတဲ့အတွက် ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ လုံခြုံရေးတင်းကြပ်စွာချထား
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
လုံခြုံရေးအဖွဲ့များအနေနဲ့ နိုင်ငံရေးပါတီရုံးများမှာဖြစ်ပွားတဲ့အကြမ်းဖက်ဆန္ဒပြပွဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးရင် ရဲတပ်ဖွဲ့က ကြားဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘန်ကောက်မြို့ရဲတပ်ဖွဲ့ အကြီးတန်းရဲအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖြူထိုင်းပါတီရုံးချုပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပါတီရုံးချုပ်မှာ လုံခြုံရေးတင်းကြပ်ထားရကြောင်း သိရပါတယ်။
ဘန်ကောက်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ဆာနော့ပွန်ဖက်က "နိုင်ငံရေးပါတီရုံးတွေ အပါအဝင် ပုဂ္ဂလိကပိုင် အဆောက်အဦးတွေ၊ လမ်းတွေမှာ တရားဥပဒေစိုးမိုးမှုတွေဖြစ်အောင် လုပ်ဆောင်သွားမယ်။ ဆန္ဒပြပွဲတွေကို ထိန်းချုပ်လို့မရနိုင်တဲ့အခြေအနေမျိုး ဖြစ်လာမယ်ဆိုရင် ရဲတပ်ဖွဲ့ဟာ လုံခြုံရးတပ်ဖွဲ့တွေနဲ့အတူ နိုင်ငံရေးပါတီ ရုံးချုပ်မှာ ငြိမ်းချမ်းမှုတွေဖြစ်အောင်လုပ်ဆောင်မယ်" လို့ ပြောပါတယ်။
နိုင်ငံရေးပါတီရုံးရှေ့တွေမှာ ဆန္ဒပြပွဲများဖြစ်လာနိုင်တဲ့အလားလာနဲ့ပတ်သက်ပြီး ထိုင်းရဲချုပ်ရဲ့ ညွန်ကြားမှုတွေကို လက်ခံရရှိခဲ့ပြီးနောက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားကြောင်း ၎င်းက ပြောပါတယ်။ ဖြူထိုင်းပါတီ ရုံးချုပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြမ်းဖက်တွေဖြစ်လာခဲ့ပြီးနောက် ထိုင်းရဲချုပ်က ဆန္ဒပြပွဲတွေကို ထိန်းသိမ်းဖို့ ညွှန်ကြားလာခဲ့တာဖြစ်ပါတယ်။
စည်းမျဉ်းခံဘုရင်စနစ်ကို ဆန့်ကျင်တဲ့ လူငယ်အုပ်စုဖြစ်တဲ့ Thalu Wang က ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့ပြီး ဖြူထိုင်းပါတီက ရှေ့သို့ချီပါတီ Move Forward ပါတီအပေါ် သစ္စာဖောက်ခဲ့ကြောင်း ဝေဖန်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းရွေးကောက်ပွဲအပြီးမှာ ဖြူထိုင်းပါတီဟာ ရှေ့သို့ချီပါတီနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ပေမယ့် အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ဖိအားပေးမှုကြောင့် ရှေ့သို့ချီပါတီနဲ့ မဟာမိတ်အဖြစ် ရပ်တည်နေမှုကို အဆုံးသတ်ကာ Bhumjaithai ပါတီနဲ့ မဟာမိတ်ဖွဲ့စည်းခဲ့ပါတယ်။
ဘန်ကောက်မြို့ရဲတပ်ဖွဲ့အကြီးအကဲက ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြမှုတွေကို ကိုင်တွယ်နိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့အတူ အနီးကပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဖြူထိုင်းပါတီဟာ လက်ရှိအချိန်မှာ ဝန်ကြီးချုပ်အသစ် ရွေးချယ်နိုင်ဖို့ လွှတ်တော်မှာ အမည်စာရင်းတင်သွင်းခွင့်ရထားသလို အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုရဖို့ အလားလာများနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်ရှိ ဖူဆယ်ဘောလုံးကွင်း၌ အသံဗုံး(၂)လုံးပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ