တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုများဖြစ်လာခဲ့ပြီးနောက် ယူကရိန်းကာကွယ်ရေးဝန်ကြီး နေရာအစားထိုး အပြောင်းအလဲလုပ်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
ယူကရိန်းသမ္မတဇီလန်စကီးဟာ တန်ပြန်ထိုးစစ်ဆင်မှုအတွင်းကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုများနဲ့တွေ့ကြုံနေရတဲ့ အတွက် လက်ရှိကာကွယ်ရေးဝန်ကြီးနေရာမှာ အစားထိုးဖို့ လူရှာနေပြီး လက်ရှိကာကွယ်ရေးဝန်ကြီး အလက်ဆေး ရက်နီကောဗ့်ကို ဗြိတိန်နိုင်ငံဆိုင်ရာယူကရိန်းသံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ဖွယ်ရှိနေကြောင်း ယူကရိန်း သတင်းဌာနများ က ပြောပါတယ်။
ယူကရိန်းသတင်းဌာနက "ကာကွယ်ရေးဝန်ကြီးရဲ့နှုတ်ထွက်မှုတွေ ဖြစ်လာနိုင်တယ်။ ကာကွယ်ရေးဝန်ကြီးနေရာ မှာ အစားထိုးဖို့လျာထားသူ အနည်းဆုံး နှစ်ဦးရှိနေတယ်" လို့ ပြောပါတယ်။
ယူကရိန်းအခြေခံအဆောက်အဦးရေးရာဝန်ကြီး နဲ့ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းဝန်ကြီး နှစ်ဦးတို့ဟာ
ယူကရိန်းကာကွယ်ရေးဝန်ကြီး အသစ်အဖြစ်တာဝန်ယူဖို့ လျာထားသူများစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးနေရာ အပြောင်းအလဲလုပ်ရတဲ့အကြောင်းအရင်းကို အတိအကျမသိသေးကြောင်း၊ ကာကွယ် ရေးဝန်ကြီးရက်နီကောဗ့်ဟာ ဗြိတိန်နိုင်ငံဆိုင်ရာယူကရိန်းသံအမတ်ကြီးအဖြစ် တာဝန်ယူရမယ့်အစီအစဉ်ကို ကန့်ကွက်ငြင်းဆန်ခြင်းမျိုးမရှိကြောင်း ယူကရိန်းသတင်းဌာနက ဖော်ပြထားပါတယ်။
ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးဟောင်း Vadim Pristayko ဟာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတကို ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် သမ္မတဇီလန်စကီးဟာ သံအမတ်ကြီး ကိုဇူလိုင် ၂၁ ရက်နေ့မှာ ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်နီကောဗ့်ဟာ ယူကရိန်းကို အနောက်အုပ်စုနိုင်ငံများ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပေးဖို့ အဓိကအခန်းကဏ္ဍ က ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ရုရှားတပ်ဖွဲ့တွေကို ဇွန်လအစောပိုင်းက စတင်ပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက် ရလဒ်မကောင်းခဲ့ဘဲ ယူကရိန်းတပ်ဖွဲ့ဝင် သောင်းချီ ကျဆုံးခဲ့သလို အနောက်အုပ်စုနိုင်ငံတွေက ပံ့ပိုးထားတဲ့စစ်လက်နက်ပစ္စည်းထောင်ချီ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာအရေးကိစ္စကို ကြားဝင်ဆောင်ရွက်မယ့် ECOWAS အဖွဲ့ရဲ့လုပ်ရပ်များကို အားပေးထောက်ခံကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ