နိုင်ဂျာအရေးကိစ္စကို ကြားဝင်ဆောင်ရွက်မယ့် ECOWAS အဖွဲ့ရဲ့လုပ်ရပ်များကို အားပေးထောက်ခံကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
အမေရိကန်အစိုးရအနေနဲ့ နိုင်ဂျာအရေးနဲ့ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ အနောက်အာဖရိကနိုင်ငံ များ စီးပွားရေးအဖွဲ့ ECOWAS ကို အားပေးထောက်ခံသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ထုတ်ဖော်ပြောလိုက်ပါတယ်။
ECOWAS အဖွဲ့က နိုင်ဂျာစစ်အစိုးရကိုရာထူးက ဆင်းပေးဖို့ နဲ့ သမ္မတဘာဇွန် ကို ပြန်လွှတ်ပေးကာ ရာထူးပြန်ခန့် အပ်ပေးဖို့ တောင်းဆိုထားပြီး တောင်းဆိုချက်ကို မလိုက်နာပါက နိုင်ဂျာနိုင်ငံကို စစ်ရေးနည်းလမ်းအသုံးပြုမယ်လို့ မကြာသေးမီက သတိပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ဂျာစစ်အစိုးရကို ရာထူးကဆင်းပေးဖို့တောင်းဆိုခဲ့တဲ့ ECOWAS အဖွဲ့ကို အားပေးထောက်ခံကြောင်း၊ ရွေးကောက်ခံသမ္မတဖြစ်တဲ့ မိုဟာမက်ဘာဇွန်ကို ရာထူးကဖြုတ်ချပြီးသမ္မတ နဲ့ အတူမိသားစုဝင်များကို ဖမ်းဆီထိန်းသိမ်းထားခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက "ECOWASအဖွဲ့ဟာ နိုင်ဂျာနိုင်ငံရဲ့အခက်အခဲပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင် အောင် လုပ်ဆောင်စေလိုတယ်" လို့ ပြောပါတယ်။
ECOWAS အဖွဲ့ဟာ သြဂုတ် ၁ဝ ရက်က အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးနောက် နိုင်ဂျာနိုင်ငံမှာ သမ္မတဘာဇွန်ကို ရာထူးပြန်လည်ခန့်နိုင်ဖို့ နိုင်ဂျာစစ်အစိုးရအပေါ် စစ်ရေးနည်းလမ်းအသုံးပြုမှုတွေ စတင်တော့မှာဖြစ်ကြောင်း ပြောပါတယ်။ နိုင်ဂျာစစ်တပ်ဟာ ပြီးခဲ့တဲ့လမှ သမ္မတဘာဇွန်ကိုရာထူးက ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ကာ စစ်အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနုဘူက "နိုင်ဂျာအရေးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ စားပွဲဝိုင်းပေါ်မှာ ရွေးချယ် စရာတွေ မရှိတော့ဘူးဆိုရင် စစ်ရေးနည်းလမ်းအသုံးပြုမှာပါ။ နိုင်ဂျာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေဖို့ နဲ့ တည်ငြိမ်မှုများပြန်လည်ဖြစ်စေဖို့ ငြိမ်းချမ်းစွာအဖြေရှာဖို့ ကြိုးပမ်းမှာပါ" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို စက်တင်ဘာလ ၅ ရက်တွင် စတင်ပြေးဆွဲမည်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ