ပင်လယ်နက်ကို ဖြတ်သန်းပြီး သီးနှံတင်ပို့ရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အနောက်အုပ်စု ကတိမတည်ခဲ့ဟု တူရကီသမ္မတပြော
Pika (NSS) - ဩဂုတ် ၁ဝ
တူရကီအစိုးရသည် ရုရှား နှင့် ယူကရိန်းကြား သဘောတူညီထားသော သီးနှံတင်ပို့မှုသဘောတူညီချက်ကို ပြန်လည် ရယူပေးရန် နှင့် ၎င်း၏ နယ်ပယ်ကိုချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း တူရကီသမ္မတ အာဒိုဂန် က ထုတ်ဖော်ပြောခဲ့ သည်။
ရုရှား နှင့် ယူကရိန်းကြား သီးနှံတင်ပို့မှုသဘောတူညီချက်ကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများက လိုလား သည့်ပုံစံများကို ပြသမည်ဆိုပါက သီးနှံတင်ပို့မှုသဘောတူညီချက်သည် ရုရှား နှင့် ယူကရိန်းကြား အပစ်အခတ်ရပ်စဲ ရေး (သို့မဟုတ်) ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အခြေခံကျသည့်အချက်တစ်ချက်ဖြစ်လာနိုင်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
ရုရှား နှင့် ယူကရိန်းကြား သီးနှံတင်ပို့မှုသဘောတူညီချက်ကို ပြန်လည်စတင်ရန် ဆွေးနွေးမှုများလည်း စတင်နေပြီ ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှားသမ္မတပူတင်နှင့် ဖုန်းခေါ်ဆိုမှုများလုပ်ဆောင်ပြီးနောက် အာဒိုဂန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုအတွင်း သီးနှံတင်ပို့မှု သဘောတူညီချက်နှင့်ပတ်သက်ပြီး ရုရှား၏ တောင်းဆိုမှုများနှင့် မျှော်လင့်ချက်များကို သိရှိခဲ့ရကြောင်း အာဒိုဂန်ကပြောဆိုခဲ့သည်။ ၎င်း က "ဒီသီးနှံသဘောတူညီချက် ပြန်လည် စတင်မှုဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ကတိဝတ်တွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ပြီးခဲ့တဲ့ ကာလ အတွင်းမှာ အနောက်အုပ်စုနိုင်ငံတွေဟာ သူတို့ရဲ့ကတိတွေကို မတည်ခဲ့ပါဘူး။ သီးနှံတင်ပို့မှုသဘောတူညီချက်ကို ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) ငြိမ်းချမ်းရေးသဘောတူညီချက်အဖြစ် အပြုသဘော ဆောင်တဲ့ရလဒ်ကိုပြောင်းလဲဖို့ သံတမန်ရေးရာအရ လုပ်ဆောင်တာမျိုးကိုလည်း မတွေ့ခဲ့ရပါဘူး" ဟု ပြောခဲ့သည်။
ရုရှား နှင့် ယူကရိန်းကြား ပင်လယ်နက်ကိုဖြတ်သန်း၍ သီးနှံတင်ပို့မှုသဘောတူညီချက်ကို ၂ဝ၂၂ ခုနှစ်တွင် ကုလသမဂ္ဂ နှင့် တူရကီတို့က ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်သည် အဆင်းရဲဆုံးနိုင်ငံများကို စားနပ်ရိက္ခာအကျပ်အတည်းများမှ ရှောင်ရှားနိုင်ရန်အတွက် အကူအညီများစွာဖြစ်စေခဲ့ ကြောင်း အစောပိုင်းတွင် ချီးကျူးပြောကြားမှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ရုရှားသည် ယူကရိန်းနှင့်် သဘောတူညီထားသော သီးနှံတင်ပို့မှုသဘောတူညီချက်ကို ရပ်ဆိုင်းခဲ့ပြီး ရုရှားကိုပေးထားသည့် ကတိများကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ တူရကီသည် ရုရှားနှင့်ယူကရိန်းကြား သီးနှံတင်ပို့မှုသဘောတူညီချက်ကို ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး သဘောတူညီချက်နှင့်ပတ်သက်ပြီး အခြားရွေးချယ်စရာများကို ထောက်ခံမည်မဟုတ်ကြောင်း အာဒိုဂန် က ထုတ်ဖော်ပြောခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုလံဘီယာနိုင်ငံသားကို အပိုင်းပိုင်းခုတ်ဖြတ်သတ်ခဲ့သော စပိန်နာမည်ကြီးသရုပ်ဆောင်၏ သားဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ