တာဝေးပစ်ဒုံးကျည်များ ပိုမိုထုတ်လုပ်နိုင်ဖို့ လာမယ့်ဘဏ္ဍာနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၅ဝ ဘီလျံအထိ တိုးမြှင့်သုံးစွဲဖို့ ဂျပန်အစိုးရ စီစဉ်နေ
ဂျန်ဇက် (NSS) - သြဂုတ် ၉
ကမ္ဘာ့နိုင်ငံအချို့မှာ ကာကွယ်ရေးအသုံးစရိတ် တိုးမြင့်မှုတွေရှိနေချိန်မှာပဲ ဂျပန်နိုင်ငံကလည်း လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၅ဝ ဘီလျံအထိ တိုးမြှင့်သုံးစွဲသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဂျပန်နိုင်ငံရဲ့လုံခြုံရေးမဟာဗျူအသစ်အရ လာမယ့်ဘဏ္ဍာနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို လက်ရှိထက် ပိုမိုတိုးမြှင့်သုံးစွဲဖို့ လိုလားနေကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံဟာ မြောက်ကိုရီးယား၊ ရုရှား နဲ့ တရုတ်နိုင်ငံတို့ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရတဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ခွင့်ပေးဖို့ အဆိုပြုထားတာဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုချက်တိုင်း ခွင့်ပြုပေးခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ကာကွယ်ရေး အသုံးစရိတ် ဟာ ၂ဝ၂၃ ခုနှစ်ထက် ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ရန်သူပိုင်နက်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်တွင်းမှာပဲ တာဝေးပစ်ဒုံးကျည်တွေ တိုးချဲ့ထုတ်လုပ်ဖို့ စီစဉ်နေတဲ့အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုတောင်းခံနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံဟာ မြေပြင်ကနေ မြေပြစ်ဒုံးကျည်အမျိုးအစားဖြစ်တဲ့ Type-12 အမျိုးအစားဒုံးကျည်ကို ကီလိုမီတာ ၁ဝဝ ကနေ ကီလိုမီတာ ၁ဝဝဝ အထိ ရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိအောင် တိုးချဲ့လုပ်ဆောင်သွားမှာဖြစ်သလို ဒုံးကျည်ရဲ့ မြန်နှုန်း ပိုမိုကောင်းမွန်စေဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဂျပန်အစိုးရဟာ နိုင်ငံတောင်ပိုင်းရှိကျွန်းများကို ကာကွယ်နိုင်ဖို့စစ်လက်နက်ပစ္စည်းများ ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။ ၂ဝ၂၃ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲထားတဲ့နိုင်ငံက အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဖြစ်ပြီး ဂျပန်နိုင်ငံက ၂ဝ၂၃ ခုနှစ်အတွင်းမှာ ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၄၆ ဘီလျံ သုံးစွဲခွင့်ရရှိထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်လေတပ်ရဲ့အဏုမြူဗုံးကြဲချခံရမှုကြောင့် သေဆုံးခဲ့သူ လူသိန်းချီအတွက် အောက်မေ့ဖွယ်အခမ်းအနားများ နာဂါစကီမြို့မှာ ကျင်းပ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း