အမေရိကန်လေတပ်ရဲ့အဏုမြူဗုံးကြဲချခံရမှုကြောင့် သေဆုံးခဲ့သူ လူသိန်းချီအတွက် အောက်မေ့ဖွယ်အခမ်းအနားများ နာဂါစကီမြို့မှာ ကျင်းပ
ဂျန်ဇက် (NSS) - သြဂုတ် ၉
ဂျပန်နိုင်ငံ နာဂါစကီမြို့ကို အဏုမြူဗုံးကြဲချခံရမှု ၇၈ နှစ်ပြည့် အောက်မေ့ဖွယ်အမှတ်တရအခမ်းအနားကို သြဂုတ် ၉ ရက်က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နိုင်ငံဟာ ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ နဲ့ နာဂါစကီမြို့တို့ကို အဏုမြူဗုံးကြဲချ ခဲ့ပြီး နာဂါစကီမြို့ကို ၁၉၄၅ ခုနှစ် သြဂုတ် ၉ ရက် နံနက် ၁၁ နာရီကျော်မှာ အဏုမြူဗုံးကြဲချခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်တို့ရဲ့ အဏုမြူဗုံးကြဲချခံရမှုကြောင့် နာဂါစကီမြို့မှာ လူပေါင်း ၇ဝဝဝဝ ကျော် သေဆုံးခဲ့ပြီး အများစုဟာ ဗုံးပေါက်ကွဲမှု နဲ့အပူလိုင်းများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်တို့ ဗုံးကြဲချိန်က အသက်ရှင်လွတ်မြောက်ခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၈၂ နှစ်အရွယ်ရှိနေတဲ့ ဆာတိုကာဇူယိုက "နှစ်စဉ် နှစ်တိုင်း ဒီလိုမျိုးဆိုးရွားတဲ့အခမ်းအနားက ကျွန်မကို ဝမ်းနည်းစေခဲ့တယ်။ နာဂါစကီမြို့ အပေါ် အဏုမြူဗုံးကြဲချခံရမှုနဲ့ပတ်သက်ပြီး သေဆုံးခဲ့မှုတွေကို ကျွန်မသေဆုံးချိန်အထိ ဘယ်တော့မှ မေ့ပျောက်ပစ် မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
နာဂါစကီမြို့ကို အဏုမြူဗုံးကြဲချခံရမှုနဲ့ဆက်နွယ်ပြီး သေဆုံးမှုများ လက်ရှိအချိန်ထိ ထပ်မံဖြစ်ပေါ်နေဆဲဖြစ်ပြီး လူပေါင်း ၁၉၅၆၇ဝ ဦးဟာ အဏုမြူဗုံး သေဆုံးမှုနဲ့ ဆက်နွယ်ခဲ့ကြောင်း သိရပါတယ်။
နာဂါစကီမြို့ကို အမေရိကန်တို့ အဏုမြူဗုံးကြဲချချိန်မှာ အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့ ကူဒုတာကီကိုက ၎င်းတို့အိမ်က ၃ ကီလိုမီတာအကွာမှာ အဏုမြူဗုံးပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ အဏုမြူဗုံးပေါက်ကွဲမှုများနဲ့ ဆက်နွယ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေဟာ ၁၉၄၅ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းကိုယ်တိုင် လည်း ကင်ဆာရောဂါကို ရရှိခံစားခဲ့ရပြီး ပြီးခဲ့တဲ့သုံးနှစ်က ကင်ဆာရောဂါကို ခွဲစိတ်ကုသခဲ့ရကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံကို အမေရိကန်လေတပ်က အဏုမြူဗုံးကြဲချိန်အတွင်း အသက်ရှင်လွှတ်မြောက်ခဲ့သူတွေဟာ လက်ရှိအချိန်မှာ အနည်းဆုံးအသက် ၈၅ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစက၏ ရှေ့လုပ်ငန်းစဉ်များ နှင့် ဦးတည်ချက်များကို အသစ်ထပ်မံချမှတ်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ