Bhumjaithai ပါတီနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခြင်းကိုမကျေနပ်တဲ့အတွက် ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ ပြည်သူများ ဆန္ဒပြ
ဂျန်ဇက် (NSS) - သြဂုတ် ၈
လာမယ့် ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ လွှတ်တော်အတွင်း ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းခွင့်ရရှိထားတဲ့ ဖြူထိုင်းပါတီ နဲ့ ရွေးကောက်ပွဲမှာ မဲတတိယအများဆုံးရရှိထားတဲ့ Bhumjaithai ပါတီတို့ မဟာမိတ်ပါတီများအဖြစ် ပူးပေါင်းလိုက်ခြင်းအပေါ် မကျေနပ်တဲ့အတွက် သြဂုတ် ၈ ရက် နံနက်ပိုင်းက ဖြူထိုင်းပါတီ ရုံးချုပ်ရှေ့မှာ ဆန္ဒပြပွဲ တွေ ထပ်မံဖြစ်ပေါ်လာခဲ့ကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့တဲ့ တက္ကဆီသမားတွေဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ဖြူထိုင်းပါတီနဲ့ Bhumjaithai ပါတီတို့ ပူးပေါင်းလိုက်ခြင်းကို မကျေနပ်တဲ့အတွက် ဆန္ဒပြခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဖြူထိုင်းပါတီဟာ ရှေ့သို့ချီပါတီ နဲ့ ပူးပေါင်းမှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖြူထိုင်းပါတီက အမည်စာရင်းတင်သွင်းတဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမှာမဟုတ်ကြောင်း အထက် လွှတ်တော်ကိုယ်စားလှယ်များ နဲ့ အခြားနိုင်ငံရေးပါတီများက သတိပေးခဲ့ပြီးနောက် ဖြူထိုင်းပါတီက ရှေ့သို့ချီပါတီ ဦးဆောင်နေတဲ့ ၈ ပါတီ ညွန့်ပေါင်းအုပ်စုက နှုတ်ထွက်ခဲ
ဖြူထိုင်းပါတီဟာ ၈ ပါတီ ညွန့်ပေါင်းအုပ်စုက နှုတ်ထွက်လိုက်ပြီးနောက် Bhumjaithai ပါတီနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြောင်း၊ အဆိုပါ ပါတီဟာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၇၁ ဦး ရှိနေသလို ထိုင်းအထက်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နီးစပ်မှုရှိနေကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီရုံးချုပ်ရှေ့မှာ ဆန္ဒပြခဲ့တဲ့အုပ်စုခေါင်းဆောင်ဖြစ်သူ Worapon Kamkhuntod က ၎င်းတို့ဟာ ဖြူထိုင်းပါတီကို အားပေးထောက်ခံမှာမဟုတ်ကြောင်း၊ ဖြူထိုင်းပါတီဟာ စစ်အာဏာသိမ်းအုပ်စုနဲ့ နီးစပ်မှုရှိနေတဲ့ နိုင်ငံရေးပါတီနဲ့ မဟာမိတ်အဖြစ်ပူးပေါင်းခြင်းကို လက်မခံနိုင်ကြောင်း ပြောပါတယ်။
ဆန္ဒပြသူများက "အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ ဖြူထိုင်းပါတီရဲ့လုပ်ရပ်တွေကို လက်မခံလို့ ဆန္ဒပြတာပါ။ ဖြူထိုင်း ပါတီကို ကာလအတန်ကြာအားပေးထောက်ခံတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဖြူထိုင်းပါတီ အပြင် ရှပ်နီ အုပ်စုတွေနဲ့ အာဏာသိမ်းမှုတွေကို တိုက်ဖျက်ခဲ့သူတွေပါ။ လက်ရှိအချိန်မှာတော့ ဖြူထိုင်းပါတီဟာ Bhumjaithai ပါတီနဲ့ ပူးပေါင်းလိုက်တယ်။ ဒါကို လက်မခံနိုင်ဘူး" လို့ ပြောပါတယ်။
ဆန္ဒပြအုပ်စုတွေဟာ အနီရောင်ရှပ်အင်္ကျီများ နဲ့ ဖြူထိုင်းပါတီဝင်ကဒ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ Taluwang ဦးဆောင်တဲ့နိုင်ငံရေးအုပ်စုဟာ ဖြူထိုင်းပါတီရုံးချုပ်ကို သြဂုတ် ၇ ရက်က စီးနင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ရုံးချုပ်ရှေ့မှာ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အအေးခန်းစက်ရုံများ မလည်ပတ်နိုင်ဘဲ ပြည်ပသို့ ပုဇွန်တင်ပို့မှုကျဆင်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ