နေအိမ်ရှိ အိမ်သာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု မရမ်းကုန်းမြို့နယ်၌ဖြစ်ပွား
စော (NSS) - ဩဂုတ် ၇
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် နေအိမ်ရှိ အိမ်သာအတွင်း အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား၏အလောင်းအား ယနေ့(ဩဂုတ်လ ၇ ရက်)၊ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း (၁)ရပ်ကွက်၊ သမိုင်းမြို့သစ် (၁)လမ်းနေအိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြတ်ကုသိုလ်နာရေးကူညီမှုအသင်းထံမှ သိရသည်။
“သူက အိမ်သာထဲမှာ ကြိုးဆွဲချသေနေတာပါ။ နိုင်လွန်ကြိုးအသေးလေးနဲ့ ထိုင်လျက် ကျွန်တော်တို့တွေ့တာပါ။ ဘာကြောင့် ကြိုးဆွဲချတာလဲ ကျွန်တော်တို့မသိပါဘူး။ ကြိုးဆွဲချသေနေလို့ လာသယ်ပေးပါဆိုလို့ ကျွန်တော်တို့သွားသယ်ပေးတာပါ”ဟု မြတ်ကုသိုလ်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိ ဦးကျော်လွင်ဖြစ်ပြီး လက်ရှိတွင် မြောက်ဥက္ကလာဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ရာထူးနေရာ(၇၀)နီးပါးအတွက် ဝန်ထမ်းများခေါ်ယူ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ