အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကိုမဖြေရှင်းနိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ထဲကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာမဟုတ်ကြောင်း အရှေ့တီမောဝန်ကြီးချုပ် ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၇
အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံရေးပြဿနာကိုမဖြေရှင်းနိုင်ဘူးဆိုရင် အရှေ့တီမောနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ထဲကို ပူးပေါင်းပါဝင်တော့မှာမဟုတ်ဘူးလို့ အရှေ့တီမောဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အရှေ့တီမောဝန်ကြီးချုပ်ဇာနာနာ ဂတ်စမို က "အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေဖို့ နစကကို လက်ခံယုံကြည်အောင်မလုပ်နိုင်ဘူးဆိုရင် အရှေ့တီမောဟာ အာဆီယံအဖွဲ့ အပေါ် အပြည့်အဝယုံကြည်မှာမဟုတ်ဘူး။ ဒါဟာ နီပေါအစိုးရရဲ့ရပ်တည်ချက်ဖြစ်တယ်။ ကျွန်တော်ဟာ အရှေ့ တီမောနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ဟာ နစကကို ယုံကြည်မှုတွေဖြစ်အောင် စည်းရုံးနိုင်စွမ်း မရှိဘူးဆိုရင် အာဆီယံအဖွဲ့ထဲကို အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ အရှေ့တီမောရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုလည်း အသိပေးပေးပို့ထားတယ်" လို့ ပြောပါတယ်။
အရှေ့တီမောနိုင်ငံဟာ လက်ရှိအချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ဖို့ ကြိုးပမ်းနေပြီး အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ခွင့်ရဖို့ မူအားဖြင့်သဘောတူညီမှုရရှိထားကာ အာဆီယံအစည်းအဝေးတွေကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ရရှိထားကြောင်း သိရပါတယ်။
အဆိုပါအရှေ့တီမောဝန်ကြီးချုပ် ဇာနာနာဂတ်စမိုဟာ လက်နက်ကိုင်သူပုန်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရှေ့တီမောနိုင်ငံလွှတ်လပ်ရေးရရှိခဲ့ပြီးနောက် မကြာမီ ၂ဝဝ၂ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အထိ အရှေ့တီမောနိုင်ငံရဲ့ သမ္မတအဖြစ် တာဝန်ယူခဲ့သလို ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးကြောင်း သိရပါတယ်။
ဇာနာနာ ဂတ်စမိုဟာ ၂ဝ၂၃ ခုနှစ်မှာ အရှေ့တီမောဝန်ကြီးချုပ်အသစ်အဖြစ် တစ်ကျော့ပြန်ဖြစ်လာခဲ့သူဖြစ်ကြောင်း သိရပါတယ်။ အရှေ့တီမောနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံရဲ့လက်အောက်ခံဒေသဖြစ်ခဲ့ပြီး ကုလသမဂ္ဂရဲ့ကြားဝင် ဆောင်ရွက်မှုများကြောင့် ၂ဝဝ၂ ခုနှစ် မေလ (၂ဝ) ရက်မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာခဲ့ပြီး (၂၁) ရာစု အတွင်း ပထမဆုံးပေါ်ထွက်လာတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မိသားစုကို ရာဇဝတ်မှုများနဲ့ပြန်လည်တရားစွဲဆိုသွားမယ်လို့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ