အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မိသားစုကို ရာဇဝတ်မှုများနဲ့ပြန်လည်တရားစွဲဆိုသွားမယ်လို့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၇
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရမယ်ဆိုရင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်တို့ မိသားစုကို တရားစွဲဆိုမှုများပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရအဖွဲ့မှာ ဂျိုးဘိုင်ဒန် ဒုတိယသမ္မတ၊ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများပြုလုပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ၎င်းရဲ့မိသားစုဝင်များကို တရားစွဲဆိုသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်များက ဂျိုးဘိုင်ဒန်ဟာ အမေရိကန်အစိုးရအဖွဲ့မှာ တာဝန်ယူချိန်အတွင်း ၎င်းရဲ့သားဖြစ်သူနဲ့အတူ နိုင်ငံခြားကုမ္ပဏီများထံကနေ ငွေကြေးများရယူခဲ့ကြောင်း စွပ်စွဲဝေဖန်မှုတွေရှိနေပါတယ်။
ဒေါ်နယ်ထရမ့်က "၂ဝ၂၄ ခုနှစ်အတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပြည်သူတွေဟာ လူလိမ် ဂျိုးဘိုင်ဒန်ကို အိမ်ဖြူတော်ကနေ နှင်ထုတ်နိုင်အောင်လုပ်ဆောင်ရမယ်။ ကျွန်တော်တို့ဟာ ဂျိုးဘိုင်ဒန်ကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုမှုတွေလုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်က သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ရုံးစတက်တဲ့ ပထမဆုံးနေ့မှာ ဂျိုးဘိုင်ဒန် နဲ့ သူရဲ့မိသားစုတွေရဲ့အကျင့်ပျက်လာဘ်စားမှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အထူးရှေ့နေအဖွဲ့ကို ဖွဲ့စည်းခန့်အပ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဂျိုးဘိုင်ဒန် နဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒန်တို့ဟာ တရုတ်ကုမ္ပဏီများ အပါအဝင် အခြားပြည်ပကုမ္ပဏီများထံကနေ ငွေကြေးများရယူခဲ့ရာ ရာဇဝတ်မှုများ ကျူးလွန်တဲ့မိသားစုဖြစ်နေကြောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ စွဲချက်အမျိုးမျိုးနဲ့ရင်ဆိုင်နေရပြီး လာမယ့်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်မရအောင် ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရက လုပ်ဆောင်နေကြောင်း ဝေဖန်မှုတွေလည်းရှိနေပါတယ်။
ဒေါ်နယ်ထရမ့်ကသူ့အပေါ် စွဲဆိုထားတဲ့ပြစ်မှုများနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် ရေပန်းအစားဆုံးဖြစ်နေပြီး ဂျိုးဘိုင်ဒန် နဲ့ အကြိတ်အနှယ် ထပ်မံယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီ- ကော့ကရိတ်အာရှကားလမ်းတွင် လမ်းပြိုကျမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိနေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ