ဝေဖန်ပြစ်တင်မှုများရှိခဲ့ပေမယ့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ စစ်ရေးလေ့ကျင့်ခန်းကို တရုတ်၊ အိန္ဒိယ၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပူးပေါင်းပါဝင်
ဂျန်ဇက် (NSS) - သြဂုတ် ၇
မြန်မာ့တပ်မတော်က အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးစားပွဲတင် လေ့ကျင့်ခန်း tabletop exercise က အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပူးပေါင်းပါဝင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးလေ့ကျင့်ခန်းကို အစောပိုင်းက ဝေဖန်ပြစ်တင်မှုများရှိနေခဲ့ပေမယ့် အောင်မြင်စွာကျင်းပနိုင်ခဲ့ ကြောင်း သိရပါတယ်။ အဆိုပါအကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး ပူးတွဲလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကိုတက်ရောက်ဖို့ ရုရှားလေတပ်ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Mikhail Nosulev ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံဟာ လာမယ့်လမှာ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံမှာ ကျင်းပမယ့် လေ့ကျင့်ခန်းအတွင်း မြေပြင်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို အဓိကထား လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုတက်ရောက်ခဲ့ပေမယ့် စင်ကာပူနိုင်ငံပါဝင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။
ဒါ့အပြင် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့ အပါအဝင် အာဆီယံအဖွဲ့ရဲ့ဆွေးနွေးမှု မိတ်ဖက် နိုင်ငံအချို့ ပူးပေါင်းတက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ အဆိုပါစားပွဲတင် လေ့ကျင့်ခန်း tabletop exercise ကို မြန်မာနိုင်ငံ နေပြည်တော်မှာ သြဂုတ် ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကိုမဖြေရှင်းနိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ထဲကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာမဟုတ်ကြောင်း အရှေ့တီမောဝန်ကြီးချုပ် ပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ