အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့နိုင်ဂျာနိုင်ငံအတွင်းကနေ တပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းမှာ မဟုတ်ကြောင်း ပြင်သစ် အစိုးရပြော
ဂျန်ဇက် (NSS) - သြဂုတ် ၆
ပြင်သစ်အစိုးရက ၎င်းတို့အနေနဲ့ နိုင်ဂျာနိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းမှာ မဟုတ်ကြောင်း၊ နိုင်ဂျာအရပ်သားအစိုးရနဲ့ ရရှိထားတဲ့သဘောတူညီချက် ငါးခုကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ဆက်ရှိသွား မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပြင်သစ်အစိုးရက ၎င်းတို့ဟာ နိုင်ဂျာနိုင်ငံရဲ့တရားဝင်အသိအမှတ်ပြုခံရတဲ့အစိုးရအဖွဲ့နဲ့ စစ်ရေးသဘောတူညီမှု စာချုပ်များ ချုပ်ဆိုထားခြင်းဖြစ်ကြောင်း ဆိုပါတယ်။
နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျာစစ်အစိုးရက ပြင်သစ်နိုင်ငံ နဲ့ ရရှိထားတဲ့ စစ်ရေးသဘောတူည ချက်အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက "နိုင်ဂျာနိုင်ငံရဲ့တရားဝင်အသိအမှတ်ပြုခံရတဲ့အစိုးရနဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို အခြေခံပြီး နိုင်ဂျာနိုင်ရဲ့ကာကွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ဂျာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံထားရတဲ့အစိုးရအဖွဲ့ကိုသာ ပြင်သစ်နိုင်ငံ နဲ့ အခြား နိုင်ငံတကာအဖွဲ့စည်းတွေက ထောက်ခံအသိအမှတ်ပြုတယ်" လို့ ပြောပါတယ်။
ပြင်သစ်လက်အောက်ခံ ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးတဲ့ နိုင်ဂျာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ရွေးကောက်ခံ သမ္မတ Mohammad Bazoum ကို ရာထူးက ဖြုတ်ချကာ အာဏာသိမ်းမှုများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် Abdourahamane Tchiani ဟာ အာဏာသိမ်းပြီးနောက် ရက်ပိုင်း အကြာမှာ စစ်အစိုးရအဖွဲ့အသစ်ရဲ့ခေါင်းဆောင်အဖြစ် ကြေညာခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ ပြီးနောက်ပိုင်း အမေရိကန်၊ ပြင်သစ် အပါအဝင် အာဖရိကနိုင်ငံအချို့ဟာ နိုင်ဂျာနိုင်ငံအပေါ် ခွင့်ပြုပေးနေတဲ့ အကူအညီပေးမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ဂျီးရီးယား ဦးဆောင်တဲ့အနောက်အာဖရိက နိုင်ငံများအစုအဖွဲ့က ရာထူးက ဖြုတ်ချခံရတဲ့သမ္မတကို အာဏာ ပြန်ပေးဖို့ နဲ့ အာဏာပြန်မပေးပါက စစ်ရေးနည်းလမ်းအသုံးပြုခံရမယ်လို့ မကြာသေးမီက သတိပေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုး Sunny ဟိုတယ်ရှေ့၌ ရပ်ထားသည့်ယာဥ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိပြီးရက်ပိုင်းအတွင်း ပေါက်ကွဲမှုထပ်မံဖြစ်ပွား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ