Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာဘ်စားမှုဖြင့် ဝန်ကြီးချုပ်ဟောင်းအင်မရန်ခန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်

လာဘ်စားမှုဖြင့် ဝန်ကြီးချုပ်ဟောင်းအင်မရန်ခန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်

Htay Oung (NSS) - သြဂုတ် ၆ 

အင်မရန်ခန်းဟာ တံစိုးလက်ဆောင်ရယူတဲ့အတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်တယ်လို့ ပါကစ္စတန်တရားရုံးက စီရင်ချက် ချမှတ်ပြီးနောက် ဝန်ကြီးချုပ်ဟောင်းကို စနေနေ့ လာဟိုးမြို့ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူများက ပြောပါတယ်။ 

ထင်ရှားတဲ့ နိုင်ငံတကာ ခရစ်ကတ်အားကစားသမားဟောင်းဖြစ်သူဟာ ပြီးခဲ့တဲ့နှစ် အယုံအကြည်မရှိ အဆို မဲခွဲ ဆုံးဖြတ်မှုနဲ့ ဖြုတ်ချခံခဲ့ရပြီးကတည်းက နိုင်ငံရေးပယောဂလို့ အများပြောဆိုကြတဲ့ တရားစွဲဆိုမှုများစွာနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။ သြဂုတ်လ ၅ ရက်၊ စနေနေ့ အဖြစ်အပျက်ဟာလည်း သူမျက်ကွယ်မှာ စီရင်ချက်ချမှတ်ခံရခြင်း ဖြစ်တယ်လို့ AFP က ယမန်နေ့ ရေးသားပါတယ်။

အင်မရန်ခန်းဟာ အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်ကြောင်း ပြစ်မှုထင်ရှားတယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ကြောင်း၊ စီရင်ချက်ချမှတ်ပြီးနောက် သိပ်ကြာခင်မှာပဲ လာဟိုးမြို့ သူ့ရဲ့နေအိမ်အတွင်း ရဲများက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ Pakistan TV မှာ ဖော်ပြပါတယ်။ 

“အင်မရန်ခန်း အဖမ်းခံရတဲ့သတင်းကို ခုလေးတင် သူတို့ သိလိုက်ရတယ်” လို့ လက်ရှိ ဝန်ကြီးချုပ် ရှာဘက်ဇ်_ ရှရစ်ဖ်ရဲ့ အထူးလက်ထောက်တစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ခန်းကို အကျင့်ပျက်ခြစားမှုနဲ့ အစ္စလာမ်မာဘတ်မှာ ခေတ္တထိန်းသိမ်းခံခဲ့ရဖူးပါတယ်။ ဒီအတွက် လမ်းများပေါ် ထွက်လာတဲ့ ခန်းရဲ့ ပါကစ္စတန် PTI ပါတီအပေါ် ထောက်ခံသူများနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက် တွေ့ကြပြီး လူသေပျောက်တဲ့အထိ မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ရပါတယ်။

သုံးရက်ကြာထိန်းသိမ်းခံမှုမှ လွတ်မြောက်လာပြီးနောက်ပိုင်း စာနယ်ဇင်းခြိမ်းခြောက်မှု သတင်းမွှေနှောက်မှုနဲ့ လူထောင်ချီဖမ်းဆီး ဖြိုခွင်းရာမှာ  PTI ပါတီဟာ ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။


စနေနေ့ အင်မခန်း အဖမ်းခံရတဲ့ကိစ္စကတော့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် သူရရှိခဲ့တဲ့ လက်ဆောင် ပစ္စည်းများနဲ့ပတ်သက်လို့ မှန်ကန်စွာ မကြေညာခဲ့မှုဖြစ်ပါတယ်။ ခန်းရဲ့ဥပဒေရေးရာအဖွဲ့ကတော့ ချက်ချင်း အယူခံ ဝင်မယ်လို့ ပြောပါတယ်။ 

သက်သေတွေ တင်ပြဖို့ အခွင့်အရေးမရှိကြောင်း ဆုံးဖြတ်တဲ့အပြင် စွဲချက်တွေအပေါ် ခုခံချေပဖို့လည်း အချိန်မပေး ခဲ့ဖူးလို့ ဥပဒေရေးရာ အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ယခုနှစ်မကုန်မီကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ သူ မပါဝင်နိုင်အောင် ဖမ်းပြလိမ့်မယ်လို့ ခန်းက သတိပေးနေခဲ့ တာကြာမြင့်ခဲ့ပါပြီ။ 

အမျိုးသားရွေးကောက်ပွဲများကို နိုဝင်ဘာလလယ် (သို့မဟုတ်) အဲဒီထက် စောပြီး ကျင်းပမှာဖြစ်တဲ့အတွက် သက်တမ်းကုန်ဆုံးတော့မယ့် လွှတ်တော်ဟာ လာမယ့်ရက်သတ္တ နှစ်ပတ်အတွင်း ဖျက်သိမ်းရဖွယ် ရှိနေပါတယ်။ 

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးရွေးကောက်ပွဲကတိ အင်အားကြီး စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတို့ ကျောထောက်နောက်ခံနဲ့ တရှိန်ထိုး လူကြိုက်များလာတဲ့ အင်မရန်ခန်းဟာ ၂ဝ၁၈ ခုနှစ်မှာ အာဏာရှိလာခဲ့ပါတယ်။


၂ဝ၂၂ ခုနှစ် ဧပြီလ ရာထူးမှ ဖြုတ်ချခံရချိန်မှာ ထိပ်တန်းဗိုလ်ချုပ်များရဲ့ကျောထောက်နောက်ခံ ဆုံးရှုံးသွားတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ လေ့လာသူများက ပြောကြပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ ပြန်လည် အရွေးခံရဖို့ ကြိုးစားနေပါတယ်။ အဲဒီ ခရီးလမ်းနောက်ကွယ်မှာ ပါကစ္စတန်ရဲ့ ထမင်းရည်ပူစည်းလို့  သမိုင်းဝင်ယူဆထားကြတဲ့ အထူးသဖြင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနဲ့ နိုင်ငံရေး စီးပွားရေး ပထမတန်းပုဂ္ဂိုလ်တို့ရဲ့အရှိန်အဝါကြီးမားပုံကို ခန်းရဲ့ အဖြစ်အပျက်တွေက မီးမောင်းထိုးပြနေပါတယ်။

ပါကစ္စတန်မှာ ဝန်ကြီးချုပ်ဟောင်းတွေကို အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခြင်းဟာ ထုံးတမ်းစဉ်လာဖြစ်နေပါတယ်။ ၁၉၄၇ ခုနှစ် ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်မြောက်စ အိန္ဒိယတိုက်ငယ်မှ ပါကစ္စတန်ဟာ မွတ်စလင်အများစု သီးခြားနိုင်ငံဖြစ်လာပါတယ်။

အဲဒီနောက် ၅ ဦးမြောက် ဝန်ကြီးချုပ် ဟူစိန်_ရှာဟစ်_ဆပ်ရာဝါဒီ (၁၉၆၂-ခုနှစ်)

- အလီဘူတို (၁၉၇၇-ခုနှစ်)

- အလီဘူတိုရဲ့သမီး ဘင်နာဇီယာဘူတို (၁၉၈၅-ခုနှစ်)

- နဝပ်ရှရစ်ဖ် (၁၉၇၀-ခုနှစ်၊ အကျင့်ခြစားကြောင်း ပနားမား စာရွက်စာတမ်းပါအမှု )

- ရှဟိဒ်_ခါကန်_အဘာဆီ (၂ဝ၁၉-ခုနှစ်)

- ရှာဘက်ဇ်_ရှရစ်ဖ် ( ယခင်နှင့် လက်ရှိဝန်ကြီးချုပ်၊ ၂ဝ၂ဝ ပြည့်နှစ် ဝန်ကြီးချုပ်ဖြစ်စဉ် ငွေကြေးခဝါချမှု)

- အင်မရန်ခန်း (၂ဝ၂၃-ခုနှစ်) တို့အထိ ဝန်ကြီးချုပ်ဟောင်း ၇-ဦးတို့ ဖမ်းဆီးခံခဲ့ရပြီးဖြစ်ကြောင်း Times of Indiaက ယမန်နေ့ ဖော်ပြပါတယ်။   

#ဝန်ကြီးချုပ်ဟောင်းအင်မရန်ခန်း #ပါကစ္စတန် #တာဝန်ထမ်းဆောင်စဉ်အကျင့်ပျက်_ခြစားမှု


(AFP., 5 August 2023,” Pakistan ex-PM Khan arrested after court convicts him for graft” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့နိုင်ဂျာနိုင်ငံအတွင်းကနေ တပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းမှာ မဟုတ်ကြောင်း ပြင်သစ် အစိုးရပြော

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved