အမေရိကန်၊ တောင်ကိုရီးယားနဲ့တင်းမာမှုများရှိနေချိန်မှာပဲ နိုင်ငံအတွင်းရှိ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေး စက်ရုံများကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်စစ်ဆေး
ဂျန်ဇက် (NSS) - သြဂုတ် ၆
အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ သြဂုတ် ၅ ရက်က နိုင်ငံရဲ့အဓိကစစ်လက်နက်ပစ္စည်းများထုတ်လုပ်နေတဲ့စက်ရုံများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
ကင်ဂျုံအမ်ဟာ နျူကလီးယားဒုံးကျည်များ တင်ဆောင်တဲ့ ကားများထုတ်လုပ်ရေးစက်ရုံ၊ အမြှောက်လက်နက်များ ထုတ်လုပ်တဲ့စက်ရုံတွေ အပါအဝင် နိုင်ငံရဲ့အဓိကလက်နက်များ ထုတ်လုပ်ရေးစက်ရုံကိုသွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ဟာ သြဂုတ်လနောက်ပိုင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ဖို့ စီစဉ်နေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်က နိုင်ငံအတွင်းရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများကို သုံးရက်ကြာ သွားရောက်စစ်ဆေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှု အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။
စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံကို ကင်ဂျုံအမ်သွားရောက်စစ်ဆေးခြင်းဟာ ရုရှားနိုင်ငံ နဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးနဲ့ ဆက်နွယ်ဖွယ်ရှိနေကြောင်း စစ်ရေးကျွမ်းကျင်သူများ က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ယူကရိန်းနဲ့စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီပေးမှုတွေမှာ ပါဝင်ဆက်နွယ်ဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ စက်ရုံတွေကိုရောက်ရှိချိန်အတွင်း ထုတ်လုပ်မှုတွေကိုအရှိန်မြင့်ဖို့အပြင် ကျည်ဆံအခွံများရဲ့ အရည်အသွေးကို ပိုမို ကောင်းမွန်အောင် နည်းပညာပိုင်း တိုးမြင့်လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဒုံးကျည်များ တင်ဆောင်တဲ့ ကားများ တိုးမြင့်ထုတ်လုပ်ရေးဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိကဦးစားပေးဖြစ် ကြောင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေဖို့အတွက် စက်ရုံအလုပ်သမားတွေကြား စုစည်းညီညွှတ်မှု ရှိပြီး ခိုင်မာတဲ့ဖောင်ဒေးရှင်းဖြစ်အောင် ကြိုးပမ်းရမှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာဘ်စားမှုဖြင့် ဝန်ကြီးချုပ်ဟောင်းအင်မရန်ခန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ