ထိုင်းစစ်တပ်အနေနဲ့ နိုင်ငံ နဲ့ ပြည်သူကို ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဦးဆောင်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၆
ထိုင်းစစ်တပ်အနေနဲ့ နိုင်ငံ နဲ့ ပြည်သူတွေကို ကာကွယ်သွားမှာဖြစ်ကြောင်း၊ ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်က ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် အစိုးရအသစ်ဖွဲ့စည်းနိုင်ရေး၊ ဝန်ကြီးချုပ် ရွေးချယ်နိုင်ရေးတို့နဲ့ပတ်သက်ပြီး အငြင်းပွားမှုများ၊ တင်းမာမှုများ ရှိနေချိန်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ထိုင်းစစ်တပ်ဟာ နိုင်ငံကာကွယ်ခြင်းလုပ်ငန်းတွေကို ဦးဆောင်မှုတွေ ဆက်လက်လုပ်ကိုင်ပေးသွားမှာဖြစ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ချန်အိုချာ က ပြောပါတယ်။ ပရာယွတ်ချန်အိုချာဟာ လက်ရှိအချိန်မှာ အစိုးရအသစ်နဲ့ ဝန်ကြီးချုပ်အသစ်တို့ကို အာဏာလွှဲပြောင်းပေးဖို့ စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက "ထိုင်းစစ်တပ်ရဲ့ရာထူးအဆင့်အတန်း အမျိုးမျိုးမှာ လူငယ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ထိုင်းစစ်တပ်အတွက် အဓိကအရေးကြီးတဲ့ဥပဒေတွေလည်း ရှိနေဆဲဖြစ်တယ်။ အဲဒီအတွက်ကြောင့် ထိုင်းစစ်တပ် အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။ ထိုင်းတပ်မတော်က တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ Chulachomklao Royal Military Academy ရဲ့ ၁၃၆ နှစ် မြောက်အခမ်းနားကို တက်ရောက်လာပြီးနောက် အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ၎င်းအနေနဲ့ လာမယ့်အစိုးရ အဖွဲ့အသစ်နဲ့ ဝန်ကြီးချုပ်အသစ်ထံ အာဏာမလွှဲပြောင်းပေးခင် အချိန်အထိ ထိုင်းဝန်ကြီးချုပ် နဲ့ ကာကွယ်ရေး ဝန်ကြီးတာဝန်များကို အကောင်းဆုံးထမ်းဆောင်သွားမှာဖြစ်ကြောင်း ပရာယွတ်ချန်အိုချာက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Narongpan Jittkaewtae နဲ့ မိနစ် ၃ဝ ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို အသေးစိတ်ဖော်ပြတာမျိုးမရှိခဲ့ကြောင်း သိရပါ တယ်။
ထိုင်းစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်အပြင် ကြည်းတပ်၊ ရေတပ်၊ လေတပ်အကြီးအကဲသုံးဦးတို့ဟာလည်း စက်တင်ဘာလအကုန်မှာ စစ်မှုထမ်းခွင့် သက်တမ်းကုန်ဆုံးပြီး အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၊ တောင်ကိုရီးယားနဲ့တင်းမာမှုများရှိနေချိန်မှာပဲ နိုင်ငံအတွင်းရှိ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေး စက်ရုံများကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်စစ်ဆေး
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ