Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျူးလူမျိုး ၁၁ ဦး သေဆုံးအောင်တိုက်ခိုက်ခဲ့တဲ့သေနတ်သမားဖြစ်သူကို သေဒဏ်အပြစ်ပေးဖို့ အမေရိကန် တရားသူကြီးများဆုံးဖြတ်

ဂျန်ဇက် (NSS) - သြဂုတ် ၄

အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ ဂျူးလူမျိုး ၁၁ ဦး သေဆုံးအောင်တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားဖြစ်သူကို သေဒဏ်အပြစ်ပေးခဲ့ကြောင်း အမေရိကန်ဖက်ဒရယ်တရားရုံးချုပ်က သြဂုတ် ၃ ရက်မှာ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။


ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်က အမေရိကန် ကုန်ကားမောင်းသမား ရော်ဘတ် ဘိုဝါးစ် ဆိုသူဟာ Pittsburgh မြို့မှာ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ဂျူးဘုရားဖူး ၁၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဟာ အမေရိကန်သမိုင်းမှာဖြစ်ခဲ့တဲ့ ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှုအတွင်း လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ အမေရိကန်တရားသူကြီးတွေဟာ ဘိုဝီကို လူသတ်မှုများ ကျူးလွန်ခြင်းနဲ့ ပတ်သက်ပြီး ၂ဝ၁၈ ခုနှစ်က သေဒဏ်အပြစ်ပေးခဲ့ပေမယ့် အသက် ၅ဝ အရွယ်ရှိ ဘိုဝီဟာ ရည်ရွယ်ချက်ရှိရှိတဲ့ လူသတ်ဖို့ ကြိုးပမ်းခြင်း အပါအဝင် စွဲချက်ပေါင်း ၆၃ ခုနဲ့ စွဲချက်တင်ခံထားရသူဖြစ်ကြောင်း သိရပါတယ်။

ဘိုဝီဟာ ဂျူးများကို ပစ်ခတ်မှုကျူးလွန်ချိန်အတွင်း ဂျူးများသေဆုံးရမယ်လို့ ကြွေးကြော်မှုတွေလည်း လုပ်ဆောင်ခဲ့ ကြောင်း သိရပါတယ်။ ဘိုဝီရဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတစ်ဦးရဲ့မိသားစုဝင်က "တရားသူကြီးတွေကို ကျေးဇူးတင်ပါတယ်။ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်က တရားမျှတမှုကို ဖြစ်စေခဲ့တယ်" လို့ ပြောပါတယ်။ 

ဒါ့အပြင် သေဆုံးမှုမှာ ပါဝင်တဲ့မိသားစုဝင်တစ်ဦးကလည်း "သေဒဏ် ပြစ်ဒဏ်ပြန်ပေးခဲ့တာက လွယ်ကူတဲ့ဆုံးဖြတ် ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျူးဆန့်ကျင်ရေးကဲ့သို့သော လူမျိုးရေးမုန်တီးမှုကိုအခြေခံပြီး ပြုလုပ်တဲ့ ကျူးလွန်မှုတွေအတွက်တော့ ပြန်လည်တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ရှိရမှာပါ" လို့ ပြောပါတယ်။

ဘိုဝီဟာ ဂျူးတွေကို ဘုရားကျောင်းအတွင်း ရည်ရွယ်ချက်ရှိရှိတဲ့ ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်ချိန်အတွင်း AR-15 ရိုင်ဖယ်အပြင် အခြားသေနတ်များကိုအသုံးပြုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘိုဝီရဲ့မိသားစုက သေဒဏ် အပြစ်ပေးမှုတွေကို ဖျက်သိမ်းပြီး တစ်သက်တစ်ကျွန်းထောင်ဒဏ် အပြစ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရား သူကြီး တွေက ပယ်ချခဲ့ကြောင်း သိရပါတယ်။ 

လူအခွင့်အရေးအဖွဲ့အစည်းများက သေဒဏ်အပြစ်ပေးမှုများကို ဖျက်သိမ်းပေးဖို့တောင်းဆိုနေပေမယ့် အမေရိကန် တရားသူကြီးတွေကတော့ သေဒဏ်အပြစ်ပေးမှုများကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖြူထိုင်းပါတီ ဦးဆောင်ပြီး အစိုးရအသစ်ဖွဲ့စည်းပြီးချိန်မှသာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်တော်ပြန်လာဖွယ်ရှိနေ

RELATED POSTS
RECENT POSTS
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved