Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစကအစိုးရ သက်တမ်းတိုးအပြီး (၃)ရက်အကြာ၌ အစိုးရအဖွဲ့အတွင်း ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးများ နေရာအပြောင်းအလဲဖြစ်

မျိုးကြီး (NSS) - သြဂုတ် ၃

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးများမှာ နေရာအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

၎င်းက ယနေ့(သြဂုတ် ၃ ရက်)တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အထက်ပါကဲ့သို့ ပြန် လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နစက၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၁၂)ရပ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည် ဖော်ဆောင် ရန်အတွက် အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။


ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်တာဝန်ယူထားပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်း ရှိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ဒုတိယဝန်ကြီးချုပ်များအဖြစ် တာဝန်ယူကြမည်ဖြစ်သည်။

ထို့ပြင် ယခင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူသော ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

ယခင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ကာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ကာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ယခင် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)သို့ ပြောင်းရွေ့ကာ ဝန်ကြီးအဖြစ် ပြန်လည်ထမ်းဆောင်မည်ဖြစ်သည်။


ယမန်နေ့တွင် အနားပေးခံခဲ့ရသော သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၏ နေရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြောင်းရွေ့တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

အနားပေးခံခဲ့ရသော လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်၏ နေရာတွင် ဝန်ကြီးအဖြစ် ဦးဉာဏ်ထွန်းဆိုသူက တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး စွမ်းအင်ဝန်ကြီးဦးမျိုးမြင့်ဦး၏ နေရာတွင် ဦးကိုကိုလွင်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် အနားပေးခံခဲ့ရသူများထဲတွင် ပါဝင်သော အလုပ်သမားဝန်ကြီးဒေါက်တာပွင့်ဆန်း၏ နေရာတွင်လည်း ဦးမြင့်နောင် ဆိုသူက တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း နစကမှ ကြေညာခဲ့သည်။

ဆက်လက်ပြီး ယနေ့ ပြန်လည်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် ယခင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ကာ ဝန်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်သည်။

ထိုသို့ လစ်လပ်ခဲ့သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးနေရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၌ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာစိုးဝင်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ယနေ့ ပြင်ဆင်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသည် အ စိုးရအဖွဲ့တွင် ပြန်လည်ပါဝင်လာခြင်း မရှိဘဲ ၎င်းဝန်ကြီးဌာန၌ ဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးကိုကိုလှိုင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

နစကအစိုးရသက်တမ်း (၆)လ ထပ်မံတိုးမြှင့်အပြီး (၃)ရက်အကြာ၌ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့၏ လုပ် ကိုင်ဆောင်ရွက်မှုများသည် ကောင်းမွန်သည့်အကျိုးသက်ရောက်မှု ရှိ၊ မရှိကို ပြည်သူလူထုအနေဖြင့် စောင့်ကြည့်အကဲ ဖြတ်သွားရန် လိုအပ်သည်။

ဆက်လက်ပြီး ယမန်နေ့တွင် အနားပေးခြင်းခံခဲ့ရသော ပြည်ထောင်စုတရားသူကြီးအချုပ် ဦးထွန်းထွန်းဦး၏ နေရာတွင် တရားသူကြီးချုပ်အသစ်အဖြစ် ဦးသာဌေးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ကြေညာခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘာစီလိုနာအသင်းနဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ မြန်မာ ယူ-၁၂ အသင်း

RELATED POSTS
RECENT POSTS
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved