ဘာစီလိုနာအသင်းနဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ မြန်မာ ယူ-၁၂ အသင်း
NSS - ဩဂုတ် ၃
ဂျပန်နိုင်ငံ ချီဘားမြို့မှာ ကျင်းပမယ့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ မြန်မာ ယူ-၁၂ အသင်းက ဘာစီလိုနာအသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် MFF ရဲ့ ဩဂုတ်လ ၃ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကတော့ ၁၁ ကြိမ်မြောက်ပြုလုပ်တဲ့ပွဲဖြစ်ပြီး ဂျပန်နိုင်ငံ ချီဘားမြို့မှာ ဩဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
U12 Junior Soccer World Challenge 2023 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ယူ - ၁၂ အသင်း အနေနဲ့ အုပ်စု(C) မှာ ဘာစီလိုနာလူငယ်အသင်း၊ Daiwa House Dream လူငယ်အသင်း၊ JEF United Chiba U-12 လူငယ်အသင်းများနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ -၁၂ အသင်းကတော့ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲယှဥ်ပြိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်(၂၆)ရက်မှာ ပဏာမ ကစားသမား (၄ဝ)ဦးမှ ဆန်ခါတင် ကစားသမား (၂၅)ဦးကိုရွေးချယ်ကာ သုဝဏ္ဏအားကစားကွင်း လက်ရွေးစင်များ အဆောင်မှာ ထားရှိပြီး စခန်းဝင် လေ့ကျင့်မှုတွေပြုလုပ်လျက်ရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆိုပါဆန်ခါတင်ကစားသမား (၂၅)ဦးကို လေ့ကျင့်ရေးတွေ ပြုလုပ်စေခြင်း၊ ခြေစမ်းပွဲ ကစားစေခြင်းမျိုးတွေပြုလုပ်ပြီး ဩဂုတ်လ ဒုတိယအပတ်မှာ ယင်း(၂၅)ဦးထဲကမှ အကောင်းဆုံး (၁၈)ဦးကို အပြီးသတ်ရွေးချယ်မယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုတိယပိုင်းလူစာရင်းအပြောင်းအလဲနဲ့ ကစားကွက်ချိန်းပြီးတဲ့နောက် အချိန်ပိုမိနစ် ဘာဆက်ဖြစ်မလဲ နစက၊ အလင်းဝင်တဲ့ PDF ၁၇ ဦး၊ ကျောက်မဲဆရာတော်ကိစ္စ ဖွကြတဲ့သူတွေ (၃.၈.၂ဝ၂၃)
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း